Gekkou:Volume 1 လူသတ်နည်း

From Baka-Tsuki
Jump to navigation Jump to search

[လူသတ်နည်း][edit]

ဒီနာမည် ကို မကြားရတဲ့ ‌နေ့ ဆိုလို့ မရှိ


“Tsukimori က အရမ်း ချစ်ဖို့….” တတွတ်တွတ် ဖြင့် ‌ရွေရွတ်‌ နေ‌သော အတန်း‌ဖော် Kamogawa၊ သက်ပြင်းချလိုက်‌သော အခါ ကျန်‌သော ယောကျာ်‌လေး အတန်း‌ဖော် များကလည်း အဓိပ္ပါယ် ‌ပေါက်ပုံ ဖြင့် ‌ခေါင်းတညိတ်ညိတ် ။


“‌ဟေ့‌ကောင်‌တွေ ဒီလို သွယ်လျတဲ့ ခန္ဒာကိုယ် ရဲ့ လှည့်စားတာ မခံနဲ့ ကြားလား ?? အ‌ပေါ်ပိုင်းလည်း မိုက်တယ်ကွ!”


ဒီလို တဏှာ အ‌ငွေ့အသက် မကင်းတဲ့ အကြည့်‌တွေနဲ့ အာရုံစိုက်ခြင်း ခံရသူက‌တော့ Tsukimori ၊ မိန်းက‌လေး တသိုက်နဲ့ စကား‌ပြော‌ နေပြီး တခုခု ငြင်းခုန်‌နေပုံ။ ကျွန်‌တော်သာ Tsukimori Youko ကို စကားလုံး တစ်လုံး ဖြင့်သာ ‌ဖော်ပြရမည် ဆိုရင်‌တော့


“ကြည့်လို့‌တော့ ‌ကောင်းသား”

“မင်း‌ကော သ‌ဘောမတူဘူးလား Nonomiya ?”

“အင်း မင်း‌ပြောသလိုပဲ ”

“ဝိုး ကြည့်ရတာ စိတ်မပါသလို ၊ ‌ ‌ရော ဟုတ်‌သေးရဲ့လား အ‌မောင် ? ဒီမှာ ‌ယောက်ျား ဆိုတာ ‌တောင်ဆိုတာ ‌​တွေ့ ရင် တက်ပစ် ရသလို ၊ ‌ကောင်မ‌လေး ချော‌ချော ‌လေး ‌တွေ့ ရင်လည်း ကြိုက်ပစ်လိုက် ! ဒါကိုက ‌ယောက်ျားလေး ‌တွေ မဟုတ်လား”


Kamogawa ဦး‌ဆောင်တဲ့ တသိုက်က‌တော့ ကျွန်‌တော့်ရဲ့ ထူးမခြားနား အ‌ဖြေကို ကြားပြီး ‌နောက်မှ‌တော့ အ‌တော်‌လေးကို မချိတင်ကဲ ဖြစ်သွားပုံ ရသည်။


“အင်း ငါက‌တော့ သူ့ကို ပြီးပြည့်စုံတဲ့ မိန်းက‌လေး လို့ ထင်တာပဲ”


သူမဟာ ‌ချော‌မော လှပတဲ့ မျက်နာ ကို သွယ်လျတဲ့ ခန္ဒာကိုယ် က ပံပိုး‌ပေးထားပြီး ၊ စာ‌တော်တဲ့ အချက်ကလည်း သူမကို ‌ထောက်ပံ့‌ ပေးထားသည်။ သူမရဲ့ ပြုံပြုံးရွင်ရွင် နေတက်တဲ့ ပုံစံ ‌ကြောင့် ‌ကျောင်းသားများ အသည်း‌ကျော် တစ်‌ယောက်လည်း ဖြစ်သည်။ ဒါအပြင် အားကစားလည်း ‌တော်ပုံရသည်။ Tsukimori Youko ဟာ ကျွန်‌တော် အပြစ်‌ပြော၍ မရ‌သော မိန်းက‌လေး တစ်‌ယောက်။


“‌အေး‌လေ ဘယ်‌နေရာများ မ‌ကောင်းလို့လဲ”

“မ‌ကောင်းဘူးလို့ ငါမ‌ပြောပါဘူး ၊ ငါသာ သူအနားမှာ ဆိုရင် စိတ်သက်သက်သာသာ ‌နေလို့ မရတာပဲ ရှိတာ ”

“အင်း ဟုတ်တယ် Tsukimori က ငါတို့လက်လှမ်း မမှီတဲ့ ပန်းတပွင့်ပဲ”


ကံ‌ကောင်း‌ထောက်မစွာ ဖြင့် ကျွန်‌တော် စကားကို သူ့အဓိပ္ပါယ် နဲ့ သူ ‌ပေါက်သွားပုံ ‌ပေါ်သည်။


ကျွန်‌တော အမြင်က‌တော့ သူမ ဟာ အရမ်းကို ပြည်စုံလွန်းပါတယ်။ ပြည့်စုံလွန်းတဲ့ အတွက် သူမ ‌ဘေးမှာ ရှိ‌နေရတာဟာ ပျင်းဖို့ ကောင်း ပြီး သူမ ‌ဘေးမှာ ရှိရင် သူ့ အရှိန်အဝါ နဲ့ ကို မွန်းကျပ်‌နေမှာပဲ။ ကြည့်ရတာ ကျွန်‌တော့် ပုံစံကိုက နည်းနည်း ‌ကြောင်‌တောင်‌တောင် နိုင်ပြီး တမင်တကာကို Tsukimori နဲ့ ခပ်ခွာခွာ ‌နေပါတယ်။ ဘာဖြစ်လို့လဲ ဆို‌တော့ သူနဲ့ ကျွန်‌တော်နဲ့ ဆင်တူ တဲ့ အချက်ကို ရှာမ‌​တွေ့လို့ပါ။ သို့‌သော်လည်း ဒီလူ‌တွေက‌တော့ နာမည်ကြီး မိန်းက‌လေး ဆိုတာနဲ့ အကြီးအကျယ် စိတ်ဝင်စား သွားပြီး နာမည်ကြီး မင်းသမီး‌တွေလိုမျိုး သူနဲ့ ပတ်သတ်တဲ့ ‌ကောလဟာလ ‌တွေ‌တောင် ဆက်လက်‌ဆွေး‌နွေး ‌လေကြရဲ့။


” ဒါ‌ပေမယ့် သူရည်းစားက ‌ကောလိပ်က ဆို ”

” ‌ကျောင်းသား K ဆို သူ့ထက် သုံးနှစ်‌တောင် ကြီးတယ် ဆိုပဲ”

” အမ် ငါကြားတာက ကုမ္ပဏီသူ‌ဌေး နဲ့လို့ကြားတာ”

” အား ဒါ‌ကြောင့် တလကို မုန့်ဖိုး ¥200,000 ‌လောက်ရတာ”

” တကယ် ! ငါကြားတာဆို သူနဲ့ သင်္ချာ ဆရာ Kumada နဲ့ တည်းခိုခန်း သွားတာ‌တောင် တွေ့‌သေးတယ်ဆိုပဲ!”


သူ‌မ ကျော်ကြားသည် ဆိုသည်မှလွဲ၍ သေချာသိကြသည်မဟုတ် ။ သူမ ထိုမျှပင် ‌ကျော်ကြားသည် ဆိုသည့် အခြေအနေကို ယခုမှ သတိထား မိသည်။ သို့ သော် ယခု အ‌ခြေအ‌နေမျိုး ကို သူလည်း ‌ပျော်မည် မဟုတ်။ ကျွန်‌တော်‌တောင် ဒီလိုမျိုး အ‌ခြေအ‌နေ ကို သည်းခံနိုင်သည် မဟုတ် ။


“‌သေချာတာလည်း မဟုတ်ဘူး ၊ ‌ကောလဟာလ‌တွေပါကွာ”


သူတို့က ဒီကိစ္စနဲ့ပတ်သတ်ပြီး အ‌လေးအနက် ‌ပြော‌နေတာ ဆို‌တော့ ၊ ကျွန်‌တော် ခပ်‌သော့‌သော့ ရယ်ပြီး ‌ပြောလိုက်မိသည်။

ဒါ‌ကြောင့် “ဘာလို့ သူ့ကို တိုက်ရိုက် မ‌မေးတာလဲ? ” ဟု ‌မေးခွန်းဖြင့် ရင်ဆိုင်‌စေလိုက်သည်။ အ‌ပျော်‌ပေါ့။ သို့‌သော် ထင်သည့် အတိုင်း ဝိုင်းပြီး ‌ထောပနာ ပြုကြသည့် အသံ များဖြင့်သာ အဆုံးသတ်သွားသည်။


“ဒါမျိုးက ‌မေးလို့‌ကောင်းပါ့မလားကွ!”


သူတို့၏ တုံ့ပြန်မှုကို အ‌တော်‌လေး ‌ကျေနပ်မိသည်။ ထပ်ပြီး‌တော့ ‌သေချာ‌အောင်


” မင်းတို့ သိချင်ရင် ငါ မင်းတို့ ကိုယ်စား ‌မေး‌ပေးမယ်‌လေ? ”

” ‌နေဦး Nonomiya ! မ‌လောနဲ့ တကယ်လို့ ဟုတ်‌နေရင် ဘယ်လိုလုပ်မလဲ” ဟု Kamogawa က လှမ်းတားသည်။

” တကယ်လို့ ‌ကောလဟလ ဆိုရင်‌ကော ”

” တကယ်လို့ တကယ်လည်း ဖြစ်နိုင်တာပဲ ”


Kamogawa စကားကို ‌ခေါင်းတညိတ်ညိတ် ဖြင့် ကျန်တဲ့သူ‌တွေက ” ဖြစ်နိုင်တယ် ၊ Tsukimori သာဆို ဖြစ်နိုင်တယ်” ‌သေချာတာက‌တော့ Tsukimori Youko က အတန်းထဲမှာ တသီးတခြား ဖြစ်‌နေသည်။ သူဟာ အားလုံးနဲ့ ကွဲပြားသည် ဟုပင် ‌ပြောနိုင်သည်။ တခြားသူ‌တွေ အ‌နေဖြင့် သူမရဲ့ ‌ကျောင်းသူ အရွယ်နဲ့ မလိုက်ဖက်‌အောင် ရင့်ကျက်တဲ့ အသွင်အပြင်‌ကြောင့် ‌ကျောင်းသား‌တွေ မသိတဲ့ အဖြစ်အပျက်‌တွေ ကြုံခဲ့တယ် ဟု ယူဆကြသည်။


“အမှန်တရားက အ‌မှောင်ထဲမှာ ‌လေ မဟုတ်ဖူးလား ??? ”


ဘယ်လိုပဲ မှန်မှန် မမှန်မှန် ကျွန်‌တော်က‌တော့ Komogawa နဲ့ တခြား‌ကောင်‌တွေလို စိတ်ထိခိုက်မှာ မဟုတ် ၊ ‌အေး‌အေး‌ဆေး‌ဆေးပါပဲ။


“အဖြစ်မှန်ကို သိတိုင်း ‌ကောင်းတာ မဟုတ်ဘူး‌လေ မဟုတ်ဘူးလား”


ကြည့်ရတာ သူတို့ ခမျာ အမှန်ကို သိလည်း သိချင် ၊ သူတို့ ထင်သလို ဖြစ်‌နေမှာလည်း မဝံ့မရဲ ။


” ဒီအတိုင်း ဆို ဘာမှ မထူးဘူး‌လေ ၊ မင်း အဖြစ်မှန် ‌ရှောင်လွဲလိုက်ရင် ဘယ်‌တော့မှ သိရမှာ မဟုတ်ဘူး”

” မသိလည်း ‌နေပါ‌လေ့‌စေ ၊ ဟိုတရက်က‌တောင် င‌ကြောင်‌တွေ သူကို ရည်းစားစကား လာ‌ပြောလို့ ငြင်းလွတ်လိုက်‌သေးတယ် ၊ မင်း မဆင်မခြင် အဖြစ်မှန်ကို ရှာ‌နေရင်‌ တော့ ‌နောက်ဆုံး မင်း ထိခိုက်တာပဲ အဖက်တင်လမယ်။ ငါက အိမ်မက် ကို အမှန်တရား ထက် မြတ်နိုးတယ် Tsukiyomi ဟာ တို့အားလုံး ရဲ့ အမြဲတမ်း အိပ်မက်ပဲ”


ကျွန်‌တော်က‌တော့ သူတို့ ‌ပြော‌နေတာကို ကြည့်ရင်း အံအားသင့် ပြီး ရယ်မိရုံပါပဲ။


“လူငယ်ဘဝ က ‌ပျော်ဖို့ ‌ကောင်းတယ်‌နော်”

“‌ဟေ့ ငါတို့ က ၁၇ နှစ်ပဲရှိ‌သေးတာ ၊ အိပ်မက် ဆိုတာ ရှိသင့်တယ်”


ကြည့်ရတာ မရယ်မိသင့် ဘူး ထင်ပါရဲ့။


“မင်းသာ ကူညီရင် ငါ ဝင်မပါဘူး”

“ငါပါတယ် ၊ ငါပါတယ် ! ငါတို့ ‌ကောင်‌လေး‌တွေ အိပ်မက်ကို မဖျက်ဆီးပါနဲ့”

“ဘာလဲ ခပ်ဆိုးဆိုး ‌ကောင်‌လေး‌တွေလား”

“ဒါဆို Nonomiya ကြိုက်တဲ့သူက ဘယ်သူတုံး? နာမည်ကြီး‌တွေ မပါ‌ကြေး ”


မ‌မျှော်လင့်ပဲ Kamogawa တန်ပြန်တိုက်စစ် ဆင်လိုက်ပါတယ်။ ကျန်တဲ့သူ‌တွေကလည်း ဒီအခွင့်အ‌ရေးကို ‌စောင့်ပြီး အနားကို ကပ်လာကာ


“‌ပြော‌လေ ‌ပြော”

“အင်း ငါက‌တော့..”


တကယ်ဆိုရင်‌တော့ ‌ဖော်ပြ‌လောက်‌အောင် ကိုယ် သ‌ဘောကျတဲ့သူက မရှိ။ ဒါ‌ပေမယ့် ဒီအ‌ခြေအ‌နေမှာ ဒီလူ‌တွေကို ဒီလို ‌ပြောလို့ ရနိုင်မယ် မထင်။


“—Usami ဆို ချစ်ဖို့ ‌ကောင်းတယ် ထင်တာပဲ။”


စိတ်ထဲမှာ ‌ပေါ်လာတဲ့ နာမည်တစ်ခု ‌ကောက်‌ပြောလိုက်တယ်။ ဒါ‌ပေမယ့် သူတို့ ကြည့်ရတာ အံအားသင့်ပြိး စိတ်ပျက်သွားတဲ့ပုံ။


“ဘာလဲကွ ၊ ဒီ‌လောက် ရိုးတာကြီးကို ၊ မင်းက ပျင်းဖို့ ‌ကောင်းလိုက်တာကွာ”

“ဒီ‌တော့ မင်းက Tsukimori ကို ဘယ်လိုမှ မ‌နေဖူး‌ပေါ့ ?”

“သူကတော့ ပုံမှန်ပစ်မှတ် တစ်ခုလို့ ‌ပြောလို့ ရတယ် ၊ ဒါ‌ပေမယ့် Usami နဲ့ ကွာလွန်းတယ် Usami က လိ‌မ္မော်‌ရည်ဆို သူက စပျစ်ဝိုင်”

“ဒါဆို မင်း‌ပြောချင်တာက ငါတို့ အရွယ် အတွက် လိ‌မ္မော် ‌ဖျော်ရည်က ပိုသင့်‌တော်တယ်‌ပေါ့”

“ဟင့်အင်း ‌သောက်ရူး ၊ နားမလည်ဘူးလား ၊ ပြောချင်တာက အင်း အရက်ရဲ့ ဆွဲ‌ဆောင်မှု‌ကြောင့် တကယ် မသောက်သင့်ဘူး ဟုတ်လား ? ဥပမာ မင်းက သူရဲ့ လျှိုဝှက်တဲ့ သ‌ဘော ကို သိချင်တာနဲ့ အဲဒီ‌နောက်လိုက်‌နေတာကို …. ငါ‌ပြောတာ နားလည်လား

“‌အေး လည်တယ် ၊ ဒါ‌ပေမယ့် ငါအခုထိ လိ‌မ္မော်‌ရည် ကြိုက်‌သေးတယ် မင်း‌ရော ?”

“အား အင်း ဟုတ်တယ် ၊ ငါလည်း လိ‌မ္မော်‌ရည်ကို ကြိုက်ပါတယ် ၊ ဒါ‌ပေမယ့်”


Kamogawa နဲ့ ကျောင်းသား တစ်သိုက်က ရှုံ့မဲ့ ကုန်သည်။ Tsukimori က ပုံမှန် မိန်းက‌လေး တစ်‌ယောက် မဟုတ်‌လောက်‌အောင် ဆွဲ‌ဆောင်မှု အပြည့် ၊ Usami ကလည်း ပုံမှန် မိန်းက‌လေး တစ်‌ယောက် ပီပီ သူ့နည်းသူ့ဟန်‌တော့ ဆွဲ‌ဆောင်မှု ရှိရှာပါသည်။ သူတို့ က‌တော့ မှန်ကလည်း မှန်‌နေ‌တော့ ငြင်းလို့လည်း မရ ၊ ဒါ‌ကြောင့် စိတ်ထဲမှာ ကသိက‌အောက် ဖြစ်‌နေပုံ ‌ပေါ်သည်။

အနိုင်ရတဲ့သူ တစ်‌ယောက်လို “လိ‌မ္မော်‌ဖျော်ရည် နဲ့ ဝိုင်တို့ ဂုဏ်ပြုကြတာ‌ပေါ့ကွာ” ဟု ခပ်ကြွားကြွား‌လေး ‌ပြောလိုက်သည်။


“မင်းက စကားကို သွယ်ဝိုက်ပြီး ‌ပြောတဲ့ ‌ကောင်ပဲ သိလား? ”

“‌ကျေးဇူး”

“ချီးကျူး‌နေတာ မဟုတ်ဘူးကွ”


Kamogawa က နည်းနည်း‌တော့ ချဉ်‌နေပုံရသည်။ သို့‌သော် သူ့ကို အပြတ်‌ပြောနိုင်ခဲ့သား။


“– ဟဲ့ အ‌ကောင်‌တွေ ကိုယ့်‌နေရာ ကိုယ်ထိုင် အတန်းစ‌တော့မယ် !”


ရုတ်တရက် ‌မောင်းလိုက်တဲ့ အသံ‌ကြောင့် ‌ယောကျာ်း‌လေးများ နာရီကို ကြည့်မိကြသည်။ ချက်ချင်းပင် သူတို့ကို ‌ပြောသည့် ‌ကောင်မ‌လေးကို ကြည့်မိပြီး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြ‌လေ၏။


“ဟုတ်တယ်‌ဟေ့ ၊ လိ‌မ္မော်‌ဖျော်ရည် ရဲ့ စကား နား‌ထောင်ပြီး ကိုယ် ‌နေရာ ပြန်ကြ”


Kamogawa ၏ စကား နှင့် အတူ ကိုယ့်‌နေရာ ကိုယ် ထိုင်ကြ‌လေကုန်သည်။


“လိ‌မ္မော် ‌ဖျော်ရည်…?” ဟု လိ‌မ္မော် ‌ဖျော်ရည် တဖြစ်လဲ Chizuru Usami က ‌ခေါင်းတဆတ်ဆတ် ဖြင့်

“နင်တို့ ငါအ‌ကြောင်း ဘာမဟုတ်တာ‌တွေ ‌ပြော‌နေတာလဲ ‌ပြောစမ်း ??”


ကျွန်‌တော် ‌ဘေးမှာ ထိုင်‌နေရင်း နှုတ်ခမ်းကို ကိုက်ထား‌လေသည်။


“ငါတို့ ‌ဖျော်ရည်‌တွေ အ‌ကြောင်း ‌ပြောတာပါ”

“လာလိမ်မ‌နေနဲ့ ‌ယောကျာ်း ‌လေး‌တွေ စု‌နေရင် မဟုတ်က ဟုတ်က အ‌ကြောင်း‌တွေပဲ ‌ပြောမှာ”


တကယ်‌တော့ မမျှတတဲ့ မှန်းဆချက်ကြီးပါ။ ဒါ‌ပေမယ့် ငြင်းလို့လည်း မရ။


“ဘယ်‌လောက်‌တောင် သနားစရာ ‌ကောင်းတဲ့ Usami ရယ် ငါနင့်ကို စိတ်ပူလိုက်တာ”

Gekkou-017.jpg

“ဘာမှ လာသနား မ‌နေနဲ့ Nonomiya! အရူး ငါက ပုံမှန်ပဲ ၊ သာမန်‌ကျောင်းသူ တစ်‌ယောက်”


Usami ဟာ သူ့ကိုစတိုင်း အမြဲတမ်း စိတ်က သည်းခံနိုင်သည် မဟုတ် ၊ သည်းမခံနိုင်တိုင်း သူမကြည့်ရတာ ချစ်စရာ အ‌ကောင်‌လေး တစ်‌ကောင် လို ကြည့်လို့‌တော့‌ကောင်းသား ၊ တကယ်။


” နား‌ထောင် သိပ်‌နောက်မကျခင် ‌ဆေးရုံသွားပြပါလား ၊ တစ်‌ယောက်တည်းသွားပြရမှာ ရှက်ရင် ငါပါလိုက်ခဲ့မယ်‌လေ ဒါ‌ပေမယ့် –”

” ဘာလို့ သွားရမှာလဲ ၊ ငါကို သနားတဲ့ အကြည့်နဲ့ မကြည့်နဲ့! ”

“သွား” ဟုဆိုကာ သူဖက်လှည့်‌နေသည့် ကျွန်‌တော်‌ခေါင်းကို လက်ဖြင့် ခပ်ဖွဖွ တွန်းလိုက်‌လေသည်။

“ဝမ်းသာစရာပဲ Usami ကြည့်ရတာ Nonomiya က လိ‌မ္မော်သီး‌ဖျော်ရည် ကြိုက်တဲ့ ပုံပဲ!”


Kamogawa တစ်‌ယောက် ကျွန်‌တော်တို့ နှစ်‌ယောက်ကို ကြည့်ရင်း ရုပ်ရှင် ဇာတ်ကားများတွင် ပါ‌လေ့ရှိ‌သော လူယုတ်မာ ရယ်သံနဲ့ ‌ပြောလိုက်‌လေသည်။


“လိ‌မ္မော်‌ဖျော်ရည် ဆိုတာ ဘာလဲ ‌ပြော‌လေ–”


စကားတဝက် မှာတင် ရုတ်တရက် ရပ်သွားသည်။ သင်္ချာ ဆရာ Kuamad အခန်းထဲကို ဝင်လာ‌လေသည်။ တခန်းလုံးမှာ ကြားရသည့် အသံဟူ၍ Kumada ၏ ခပ်တိုးတိုး အသံနှင့် ‌မြေဖြူ နဲ့ ‌ကျောက်သင်ပုန်း ခြစ်‌နေသည့် အသံမျှသာ။ ကြည့်ရတာ ကျွန်‌တော်တို့ ‌ပြောခဲ့ တာ‌တွေကို Usami တစ်‌ယောက် အ‌တော်‌လေး သိချင်ပုံ။ မကြာခဏ ခိုးခိုး ကြည့်‌နေ‌လေ၏။ မိနစ် အနည်းငယ် ကြာ‌တော့ သူမစိတ်ထိန်း နိုင်‌တော့ ပုံ မရ‌ချေ။ သူ ကိုယ်ကို ကျွန်‌တော်ဖက် တိုးပြီး အသံ ခပ်အုပ်အုပ်ဖြင့် ” ဘာလဲဟင်” ဟု ‌မေး‌လေသည်။

ကျွန်‌တော်ကလည်း ‌ကျောက်သင်ပုန်းကို မျက်လုံးက မခွာပဲ ” ငါ စာကို အာရုံစိုက်‌နေတယ် Usami-san” ဟု ‌ဖြေလိုက်‌လေသည်။


” နင် အကျင့်မယုတ်နဲ့ဟာ ”


ကျွန်‌တော် မသိချင်‌ယောင်‌ဆောင် ‌နေတာနဲ့ သူ ခဲသား‌ဘောပင် နဲ့ အကြင်နာမဲ့စွာ ကျွန်‌တော်ကို ထိုး‌လေသည်။ ယူနီ‌ဖောင်း ကို ‌ကျော်ဝင်ပြီး အသားထဲကိုပါ ‌ဖောက်ဝင်လာသည်။


“‌အား နာတယ်ဟ”


စိတ်‌ကောက်‌နေ‌သော Usami က “ဒါဆို ငါ့ကို မသိချင်‌ယောင် မ‌ဆောင်နဲ့‌လေ” ‌ပြောသည်။


“နင်တို့ မုန့်စားဆင်း တုံးက Youko-san အ‌ကြောင်း ‌ပြောတယ်ဟုတ် ၊ ဟုတ်လား ? ”

“‌အော်‌အေး ဟုတ်မှာ‌ပေါ့”

” နင်ဟာ ‌လေ အမြဲတမ်း ‌လျှောချသွားတာပဲ ငါသိတယ် ၊ နင် သူ့အ‌ကြောင်း ‌ပြော‌နေတာ မဟုတ်လား ! ”

” ငါအံဩလိုက်တာ နင် ငါတို့‌ပြောတာ‌ချောင်း နား‌ထောင်တယ်‌ပေါ့”

“ဟင့်အင်း မဟုတ်ပါဘူး ငါ Youko-san ဆိုတဲ့ စကားပဲ ကြားလိုက်တာ နင်တို့‌ကောင်‌တွေ အကျယ်ကြီး ‌ပြော‌နေတာကိုး ”

ရှေ့မှ ဆရာ Kumada က ကြည့်‌နေ‌တော့ “Usami” ဟု ကျွန်‌တော် သူ့ကို အသံ ခပ်အုပ်အုပ် လှမ်း‌ခေါ်လိုက်သည် ။ သူ ခပ်မြန်မြန်ပင် ထိုင်လိုက်ပြီး ‌ကျောက်သင်ပုန်း မှရေးသမျှ ကို ကူးချင်‌ယောင် ‌ဆောင်လိုက်သည်။ အ‌တော်‌လေး ကြာ တိတ်သွားပြီး‌နောက် “ဟဲ့ Nonomiya နင် Youko-san လို မိန်းက‌လေး မျိုးကို သ‌ဘောကျတယ် မဟုတ်လား ? ” အသံခပ်တိုးတိုးဖြင့် သူ့စာအုပ်ကို ငုံကြည့်‌နေရင်း ‌မေး‌လေ၏

ကျွန်‌တော် Tsukimori Youko ‌ရှေ့ ညာဖက် အစွန်ကို ကြည့်မိသည် ။ သူမဟာ ဆွဲ‌ဆောင်မှု အပြည့်နဲ့ ‌ကျောက်သင်ပုန်းကို စိုက်ကြည့် ‌နေသည်။ သူမ မျက်နာဟာ အသိဉာဏ် ပြည့်ဝတဲ့ ၊သတင်း ‌တွေမှာ ပါ‌နေတက်တဲ့ ထက်မြက်တဲ့ မိန်းမ‌တွေနဲ့ တူ‌နေသလိုလို။ စာသင်ခန်း ရဲ့ အလယ်မှာ ထိုင်‌နေသလိုပဲ ၊ သူမရဲ့ ထက်မြက်တဲ့ စွမ်းရည်‌ကြောင့် သူမဟာ အခန်းရဲ့ အသည်းနှလုံးမှာ တည်ရှိ‌နေသည်ဟု ထင်မြင်ရ‌ စေသည်။တကယ်ကို သူမဟာ ထူးခြားတဲ့သူ တစ်‌ယောက်ပါပဲ။ ကျွန်‌တော် ဟာ သူမလိုလူ နဲ့ အဆက်အသွယ် မလုပ်‌ပေမယ့် ၊ သူကို ချစ်ခင်‌ လေးစားတဲ့ သူ‌တွေရဲ့ အမြင်ကို‌တော့ ကောင်း‌ကောင်း နားလည်ပါတယ်။


“ဟင့်အင်း မဟုတ်ပါဘူး”


ကျွန်‌တော် အလုပ်ရှုပ်တာ‌တွေကို မကြိုက်ပါဘူး။ ဒါ‌ပေမယ့် Usami ဘယ်လို တုံ့ပြန်မလဲ ဆိုတာ‌တော့ သိချင်မိတယ်။


“တကယ်လား”


သူမ ကြည့်ရတာ စိတ်သက်သာရာသွားသည့် ပုံဖြင့် ပြုံးရှာ ‌လေ၏။


“ငါတို့ ဥပမာ‌ပေးပြီး ‌ပြောကြတာကွာ တကယ်လို့သူမ သာ ‌ဖျော်ရည်တခုခု သာဆို Tsukimori က စပျစ်ဝိုင်နဲ့တူလိမ့်မယ်”


— သူ ဘယ်လို များ တုံပြန်မလဲ မသိ ။


” နင်က‌တော့ လိ‌မ္မော် ‌ဖျော်ရည်‌ပေါ့ ”

‌ ဘေးတွင် ရုတ်တရက် ခဲတံ ကျိုးသွားသည် ကို ကြားလိုက်ပါသည်။


“အား ဒီလိုလား”


Usami တစ်‌ယောက် ဘာမှမဖြစ်လို ဟန်‌ဆောင်ရင်း ခဲတံနဲ့ သူလက်ကြားထဲ ထည့်ကာ ‌ဆော့‌နေရှာသည်။ သို့‌သော် သူ့ ပါးနှစ်ဖက်မှ ရှက်‌သွေးဖြန်းသွားသည်ကိုတော့ သတိထားမိလိုက်သည်။ ထို‌နောက်တွင် Usami တစ်‌ယောက် ဘာကိုမှ မ‌မေး‌တော့။

သူ့ အရိုးခံ တုံပြန်မှုဟာ ကျွန်‌တော် စိတ်ကို ငြိမ်းချမ်း‌စေပါတယ်။ တကယ်‌တော့ ဟို‌ကောင်‌တွေကို ‌ပြောချင်ခဲ့၍သာ သူမ နာမည်ကို ‌ကောက်ပြောလိုက်ခြင်း လား ဒါမှမဟုတ် ကျွန်‌တော် ရဲ့ မသိစိတ်မှာ သူမ စိုးမိုး ‌နေ၍ ‌ပြောမိရဲ့လား ဆိုသည်ကို‌တောင် မ‌ဝေခွဲနိုင်‌တော့ ။ အနည်းဆုံး‌တော့ အခုချိန်က စပြီး ကျွန်‌တော် သူမကို သ‌ဘောကျမိ သလို ခံစားရတာပဲ။


“ဒါနဲ့”


ကျွန်‌တော်ထင်ခဲ့တာက ကျွန်‌တော်တို့ စကား‌ပြောပြီးပြီ‌ပေါ့ ၊ သို့‌သော် သူမက ထပ်ပြီး တခုခု ‌ပြောချင်ဟန် ရှိသည်။ Usami မျက်နာ တည်တည် ၊ အသံတိုးတိုးဖြင့်


“ငါကပုံမှန်ပဲ‌နော် ။ နင်ထင်ထားသလို တခြား ထူးထူးဆန်းဆန်း ‌ကောင်မ‌လေး‌တွေလို မဟုတ် ဘူး ၊ ငါ့ကို အထင်မလွဲနဲ့ သိလား? ”


ဒီလို့ ချစ်ဖို့‌ကောင်းတဲ့ တုံ့ပြန်မှု ‌ကြောင့် ကျွန်‌တော် ရုတ်တရက် ပြုံးမိသည်။ သူမ ရဲ့ရိုးသားမှုက ကျွန်‌တော်ကို ငြိမ်းချမ်း‌စေပါတယ်။ တကယ်ကို ‌နွေရာသီမှာ ဖန်ခွက်ထဲက လိ‌မ္မော်‌ဖျော်ရည် ‌အေး‌အေး‌လေး ‌သောက်လိုက်ရသလိုပါပဲ။ ကျွန်‌တော် သူ့ကို ချစ်မိပါ‌စေလို့ ဆု‌တောင်းပါတယ်။

အတန်း‌ခေါင်း‌ဆောင်‌တွေရဲ့ လစဉ် အစည်းအ‌ဝေး ပြီး‌နောက်မှာ‌တော့ ကျွန်‌တော်တို့ အတန်းရဲ့ မိန်က‌လေး‌ခေါင်း‌ဆောင် ပြန်လာတာကို ကျွန်‌တော် ‌တွေ့ပါတယ်။ အခန်းထဲမှာ လူ‌တွေလည်း မရှိ‌တော့တာ မို့လို့ ကျွန်‌တော်လည်း ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်‌တော် ကိုယ်တိုင်ကလည်း ဘယ် အသင်းအဖွဲ့ ထဲမှ ဝင်ထားတာ မဟုတ်‌တော့ ‌ကျောင်းမှာ လုပ်စရာ မရှိ။ ကျန်တာက‌တော့ အိမ်ပြန် ၊ ပြီးရင် အချိန်ပိုင်း အလုပ်အတွက် ပြင်ဆင်တာ‌ပေါ့။

ခုံက ထလိုက်‌တော့ ၊ တက္ကသိုလ် စာအုပ်တစ်အုပ်ကို ကြမ်းပြင်မှာ ကျ‌နေသည်ကို သတိထားမိလိုက်သည်။ စာအုပ်မျက်နာဖုံးမှာ Tsukimori Youko လို့ ‌ရေးထားသည်ကိုး။ အခန်းထဲမှာ သူမကို မ‌တွေ့။ ဒါ‌ကြောင့် သူမ စားပွဲခုံထဲကို ထည့်လိုက်‌တော့မည်။ သို့‌သော် ထိုသို့ ပြုမည့် ဆဲဆဲတွင် သတိထားမိလိုက်သည်ကား စာအုပ်ထဲမှာ ညှပ်ထားသည့် စာရွက် အပိုင်းအစ တစ်ခု။ ဘာရယ်မဟုတ် ၊ စာအုပ်ထဲမှ စာရွက်ကို ထုတ်ပြီး ကြည့်မိသည်။


“အမ် တကယ် မထင်ထားဘူး” ဟု တကိုယ်တည်း ‌ရေရွတ်မိသည်။


A4 Report စာရွက်ကို ‌ခေါက်ထားပုံ ‌ပေါ်သည်။ ‌ခေါင်းစဉ် က‌တော့ လူတိုင်းစိတ်ကူးယဉ် ကြ‌သော ၊ ကျွန်‌တော် ထင်ထား‌သော သူမ ၏ ပုံစံ ဖြင့် မကိုက် ။ ဘယ်သူမှ သတိမထားမိ‌အောင် ဂရုစိုက်ပြီး ၊ လွယ်အိတ်ထဲ ထည့်လိုက်သည်။ အဘယ်‌ကြောင့်ဆို‌သော ဒီလက်‌ရေး ခပ်‌သေး‌သေးကို ဖတ်ရန် အချိန် အ‌တော်‌ပေးရမည် ဖြစ်သည်။ ကျွန်‌တော်‌တော့ မဟုတ်တာ လုပ်‌တော့မည် ဟု ထင်ကြ‌ပေလိမ့်မည်။ တကယ်‌တော့ မဟုတ် ၊ ဒါ‌ကြောင့် ဘာမှ မဝံမရဲ လည်း မဖြစ် ၊ သိချင်စိတ် သက်သက် ဖြင့်သာဖြစ်သည်။

အစ ကတည်းက ကျွန်‌တော် စပျစ်ဝိုင် ကို ဆန့်ကျင်ခဲ့သည်မဟုတ် ၊ ကျွန်‌တော် ‌သောက်သင့် မ‌သောက် ‌တောင် မဆုံးဖြတ်ရ‌သေး။ သို့‌သော် မိမိ‌သောက်ဖူး‌နေကြ ‌ဖျော်ရည်ကို‌တော့ မ‌သောက်ဖူး‌သော အရာထက် ပိုမိုစွဲလမ်း သည်က‌တော့ အမှန်ပင်။ အတိုချုံ့‌ပြောရမယ် ဆိုရင်‌တော့ လူတိုင်း ချီးကျူး‌ပြောဆို ကြသည့် စပျစ်ဝိုင်ကိုလည်း ကျွန်‌တော် စိတ်ဝင်စားသည့် အချက်က‌တော့ မငြင်းနိုင်‌ပေ။


“ဟုတ်ပြီ ငါတို့မင်းသမီး‌လေး က‌တော့ ဘယ်လို လျှိဝှက်ချက် ရှိ‌နေမှာလဲ မသိ ?”


ပုံမှန် အတိုင်းပဲ အခန်းထဲက ပြန်ထွက်လာခဲ့သည်။

ကော်ဖီဆိုင် အလုပ်မှ အိမ်ပြန်‌ရောက်ချိန် ၊ အချိန်က‌တော့ ဆယ်နာရီခွဲ အိမ်ပြန်‌ရောက်‌ရောက်ချင်း ၊ ထိုစာရွက် အ‌ကြောင်း လုံးဝမေ့‌ နေ‌လေသည်။ အထဲမှာ ဘာ‌တွေများ ပါမည်နည်း ဆိုသည် ကို ဖတ်ချင်‌သော်လည်း ‌ကော်ဖီဆိုင် အလုပ်မှ ထူးခြားဆန်းသစ် ‌သော အ‌တွေ့အကြုံတို့က စိတ်ထဲ ‌ရောက်‌နေ‌လေသည်။ ကျွန်‌တော်ဟာ လူ‌တွေကို စူးစမ်းရသည်ကို သ‌ဘောကျသည်။ ဝါသနာ ဟုပင် ‌ပြော၍ ရနိုင်သည်။ ‌ကော်ဖီဆိုင်ကို ‌ရွေးချယ်ရသည့် အ‌ကြောင်းရင်း ထဲမှာ ‌ကော်ဖီကို ကြိုက်သည် ကလည်း ပါသလို ၊ ထိုထက်ပိုသည်ကား အမျိုးအစား စုံလင်လှ‌သော လူသား‌ တွေကို တွေ့နိုင်‌သော ‌နေရာ ဖြစ်သဖြင့် စိတ်ဝင်စားဖွယ်‌ကောင်းသည့် ‌နေရာ ဖြစ်‌သော ‌ကြောင့် လည်း ဖြစ်သည်။

မိန်းမငယ် တစ်‌ယောက် အမြဲတမ်း ဒီခုံမှာ ထိုင်ပြီး အပြင်ဖက်ကို ‌ငေးကြည့်‌နေတက်သည်။ အသက်အ‌တော်ကြီး‌သော လူတစ်ဦးသည် လည်း ဆိုင်ကို တစ်‌ခေါက်လာတိုင်း ကောင်မ‌လေး တစ်‌ယောက် ‌ပြောင်း၍ ‌ရောက်လာတက်သည်။ တ‌ယောက်ကို တ‌ယောက် မျက်စိ ‌အောက်က အ‌ပျောက်မခံ‌အောင် ချစ်ကြ‌သော အတွဲတစ်တွဲသည်လည်း ခြောက်လခန့် ကြာ‌သော အခါ ဆက်ဆံ‌ရေး‌တွေ ကျဲလာသည်ကို သတိထားမိသည်။ ဒါတင်မက‌သေး။

ဒါက ကျွန်‌တော် စိတ်ကူး‌တွေကို လှုပ်ရှား‌စေပါတယ်။ အကြိုက်ဆုံး အချိန်ကို ဖြတ်သန်းခြင်း တစ်ခုပါပဲ။ တကယ်‌တော့ ကျွန်‌တော် ဟာလည်း Kamogawa နဲ့ တခြားလူ‌တွေလို ဘာမှ မကွာလှသည့် ၁၇ နှစ်သား ဆယ်‌ကျော်သက် တစ်‌ယောက်ပါပဲ။ အမှန်တရားကို မသိချင်ပါဘူး။ ကျွန်‌တော် စိတ်ကူးထဲမှာပဲ ‌ပျော်‌မွေ့ ချင်တာပါ။ ‌ရေမိုးချိုး နား‌နေရင်းနဲ့မှ ‌ကျောင်းမှာ ‌ကောက်လာခဲ့ တဲ့ စာရွက်အ‌ကြောင်း သတိရမိသည်။ ခန္ဒာကိုယ် ‌နွေး‌နေတုံး အိပ်ရာထဲဝင်ပြီး စာရွက်ကို ဖြန့် မိသည်။ ‌ကျောမှီရင်း တဖြည်းဖြည်း ကြည့်မိသည့်က ၎င်းစာရွက် ၏ ‌ခေါင်းစဉ်။


“လူသတ်နည်း”


နာမည်ကြီး စာ‌ရေးဆရာ တစ်‌ယောက်ရဲ့ လျှိဝှက် ဆန်းကြယ် ဝတ္ထု တစ်အုပ် ဖတ်‌နေရသလို ခံစားရသည်။ ကြည့်ရတာ ‌ခေါင်းစဉ်ကိုက ဝတ္ထုဆန်ဆန် ။ စာရွက် အပိုင်းအစတစ်ခုဟာ Tsukimori Youko ဆိုပြီး လူတိုင်း ပါးစပ်ဖျားမှာ ‌ရေပန်းစားရတဲ့ ‌ကောင်မ‌လေး ၏ ပိုင်ဆိုင်မှု။ ကြည့်ရတာ‌တော့ သူ့ အချစ်‌ရေးနဲ့ ပတ်သတ်ပြီး ‌ကောလဟာလ က‌တော့ ဘယ်‌တော့မှ ပြီးဆုံးမည် မဟုတ်။ ဒါ‌ပေမယ့် သူမ ပုံစံက ချဉ်းကပ်လို့ မရသည့် အမျိုးအစား ၊ သူမ နဲ့ သတ်ဖြတ်ခြင်း ဆိုသည့် စကားလုံး နှင့် မည်သို့မှ သက်ဆိုင်ခြင်း ရှိအံ့ မထင်။ ဒါကိုက ကျွန်‌တော် သိချင်စိတ်ကို နိုးဆွ‌စေသည်။ ‌ကောင်းလား ၊ ဆိုးလား ၊ ဆိုတာ ဒီ‌နေရာမှာ ယှဉ်တွဲ ဖို့ အ‌ကောင်းဆုံးပါပဲ။ စာကို ချုံဖတ်‌နေရင်း အကြမ်းဖြင်း‌တော့ သ‌ဘော‌ပေါက်သလိုလို ရှိလာသည်။ “လူသတ်နည်း” ဆိုသည့် ‌ခေါင်းစဉ် အတိုင်း လူတစ်‌ယောက်ကို မျိုးစုံ သတ်ဖြတ် နည်းများကို ဖော်ပြထားသည်။ တချို့ အပိုင်း‌တွေမှာ‌တော့ ဖျက်ထားပြီး တချို့ အပိုင်း‌တွေက အကြိမ်ကြိမ် ပြင်ထားသည် ကို သတိထား မိသည်။ လက်‌ရေးလက်သားကို ခန့်မှန်း ခြင်း ဖြင့် ဒီစာကို‌ရေး‌နေချိန်မှာ ‌ရေး‌နေသူ ၏ အသက်ရှုသံကို ‌တောင် ခန့်မှန်း ၍ရသည်။ ပြောရမယ် ဆိုရင်‌ အ‌တော်‌လေး စိတ်လှုပ်ရှားဖို့‌ကောင်းပါတယ်။ အားလုံးကို ဖတ်ပြီးသည့် ‌နောက်မှာ‌တော့ သတိထားမိတာက‌တော့ အားလုံး ခြုံပြီးတူတဲ့ အချက်ပါ။ အ‌ရေးကြီးတဲ့ အန္တိမ ရည်မှန်းချက် က‌တော့ ‌သွေးမစွန်းပဲ ရန်သူကို ‌ချေမှုန်းတာပါပဲ။ ဒါဟာ သတ်ဖြတ်ခြင်း ကို ဦးတည်ချက်ထားတဲ့ လူသတ်ရတာကို ကြိုက်တဲ့ သူ တစ်‌ယောက် ‌ရေးတာ မဖြစ်နိုင်။


“သူမက လျှိဝှက်ဆန်းကြယ် စာ‌ရေးဆရာ လုပ်မလို့လား ???”


လျှို့ဝှက်ဆန်းကြယ် စာအုပ်‌တွေ မှာ ပါတဲ့ ပုံစံအတိုင်း ပါပဲ။ သို့‌သော် ‌ရေးထားတာက အ‌လောသုံးဆယ်နိုင်ပြီး ပြီးပြည့်စုံသည်ဟု ‌ပြောရန် ခက်ပါ‌သေးသည်။ ဥပမာ သတ်ဖြတ်နည်း တစ်ခုဖြစ်တဲ့ “ဟန်‌ဆောင် ကားမ‌တော်တဆ သတ်ဖြတ်နည်း” မှာ ဆိုရင် ‌ရေးထားသည်က အ‌တော်‌လေး ရှင်းပါသည်။


  • မတ်‌စောက်‌သော ‌တောင်ကုန်းကို ဖြတ်ပါ။
  • ကား‌မောင်းသူကို တနည်းနည်းဖြင့် ‌နှောင့်ယှက်ပါ။
  • စတီယာတိုင် ကို ရ‌အောင် ထိန်းချုပ်ပါ။


ဒီလိုမျိုး စတားပြပြီး‌ရေးထားပါသည်။ အပို မှတ်ချက် အ‌နေနဲ့လည်း “အာရုံရှုပ်‌ထွေး‌အောင် ဖုန်းဆက်ပြီး လုပ်သင့်သလား” ဒါမှမဟုတ် “လမ်းမမှာ တခုခု အ‌နှောင်အယှက်‌ပေးမလား” စသဖြင့် ကျိုးတိုး ကျဲတဲ ‌ရေးထားသည်ကို လည်း ​တွေ့ရသည်။ ဖတ်ကြည့်တဲ့ အတိုင်း ‌အောင်မြင်ဖို့ ရာခိုင်နှုန်းက အင်မတန် နည်းပါသည်။ ကြည့်ရသည်မှာ ‌အောင်မြင်ရန် အိုင်ဒီယာ မျိုးစုံကို စု‌ပေါင်း‌ နေဆဲ ဖြစ်ပုံရသည်။ သူမ ပြီးပြည့်စုံ အောင် လုပ်ချင်တာလား ???

အန္တာရယ်က‌တော့ အနည်းဆုံး ဖြစ်‌ပေမယ့် ‌အောင်မြင်မည်ဟုလည်း မထင်မိ‌​ချေ။ သူမ စမ်းကြည့်ချင် စမ်းကြည့်ပါလိမ့်မည်။ သို့‌သော် ဒါက လူတစ်‌ယောက် ကို သတ်ဖို့အတွက် အင်မတန်မှ ညံ့ဖျင်းလှ‌သော အကြံဉာဏ် ဖြစ်သည်။ ကျွန်‌တော် စားပွဲထဲကို လူသတ်နည်း စာရွက်ကို ထည့်လိုက်သည်။ ‌မျှော်လင့်ချက်ကြီးကြီး ထားထားသည့် အတွက် အ‌တော်‌လေး စိတ်ထိခိုက်မိသည်။ ဒါ‌တွေဟာ က‌လေးဆန်တဲ့ ‌ရေးချင်တာ‌ရေးထားတာ‌တွေ ဖြစ်ပြီး စိတ်ဝင်စားစရာ မရှိ။


“ငါဖာသာ ငါ‌ရေချိုးပြီး သာသာယာယာ ‌နေရမှာ”


တကိုယ်တည်း ‌ပြောမိပြီး စာအုပ်စင်သို့ သွားကာ တကယ့်လျှို့ဝှက်ဆန်းကြယ် စာအုပ်တစ်အုပ်ကို ဖတ်ရန် လှမ်းလိုက်သည်။


“ဟမ် ‌နေပါဦး”


ခဏရပ်ပြီး စဉ်းစားမိသည်။ အ‌တွေးသစ်‌တွေက ခန္ဓာကိုယ် ထဲကို စီးဝင်လာသလိုမျိုး။ “လူသတ်နည်း” စာရွက်ရဲ့ ပိုင်ရှင်က ဘယ်သူလဲ ? Tsukimori Youko ပဲ။ တကယ်လို့ ဝတ္ထု အတွက် မဟုတ်ပဲ ၊ တကယ်လက်‌တွေ့ မှာ လူတစ်‌ယောက်ကို သတ်ချင်လို့ ‌ရေးရင် ဘယ်လို ဖြစ်မည်နည်း ? ဒီအ‌တွေးက ရင်ထဲကို လှိုက်ဖို‌စေပြီး အူ‌ကြောင်‌ကြောင် စာ‌တွေကို တကယ်လို ထင်မိ‌ စေလာသည်။ အ‌ကြောင်းအရင်းကို ခဏထား ၊ “လူသတ်နည်း” စာရွက်လို့ ‌ရေးပြီး တကယ်ကြံစည်ရ‌အောင် Tsukimori သတ်ချင်တဲ့ လူရှိသည်။ Tsukimori တွင်ရှိသည်။ ဒီ‌လောက် ပြီးပြည့်စုံ ၊ စတိုင်ကျ ၊ လှပ ၊ ဉာဏ်‌ကောင်းတဲ့ Tsukimori ၊ လူတိုင်း ချစ်မြတ်နိုးတဲ့ သူမ! ဒါ‌တောင်မှ သူမဟာ ဒီလို ပိန်းတိန်းတိန်း လူသတ်နည်း တစ်ခုကို အကြိမ်ကြိမ် ပြင်ဆင်‌နေခဲ့တယ်။


” အခု‌တော့ ငါတို့ချစ်ဖို့မ‌ကောင်းဘူးလား”


တကယ်လို့ အ‌တွေး‌တွေသာ အမှန် ဖြစ်လာခဲ့ရင်‌တော့ ကျွန်‌တော်‌တော့ သူမ ကို စိတ်ဝင်စားမှာ အမှန်။ ကျွန်‌တော် ထင်မြင်ချက်‌တွေ အမြင်အဖြစ်သို့ ‌ပြောင်းလာပြီး ၊ ဆက်လက်ပြီး ‌မေးခွန်း‌တွေ ထုတ်‌နေဆဲ။ ဥပမာ ဘယ်လိုလူမျိုးကို သတ်ချင်တာလဲ ၊ လက်ရှိ အကြံအစည် နဲ့ လူမသိကြတဲ့ သူ့စရိုက် ၊ ဒီလို ‌တွေးတိုင်း ကစား‌နေရင်း နဲ့ ညအ‌တော်‌လေး နက်မှ အိပ်ဖြစ်သည်။ ရလဒ် အ‌နေဖြင့် မနက် ‌ကျောင်း‌နောက်ကျ‌လေသည်။ ကျွန်‌တော် ‌ကျောင်းကို ‌ရောက်ချိန်မှာ‌တော့ အတန်းထဲမှာ လူ‌တော်‌တော် စုံ‌နေပြီ။ ဟုတ်ပါသည်။ Tsukimori လည်းပါသည်။ ထိုင်‌နေကြ ခုံသို့ ‌လျှောက်‌နေရင်း သူမကို တိတ်တခိုး ကြည့်မိသည်။ သူမသည် ခုံထဲသို့ ပစ္စည်းများ ထည့်‌နေသည်။ ကျန်တဲ့သူ‌တွေ အတွက်‌တော့ ဒါဟာ ပုံမှန်အပြုအမှုပါပဲ။ ကျွန်‌တော် အတွက်‌တော့ မဟုတ်။


“မင်္ဂလာပါ Tsukimori”


ထုံးစံအတိုင်း ပဲ သူမကို နှုတ်ဆက်လိုက်သည်။ ခုံကို ဆက်မရှာ‌တော့ပဲ ၊ ‌ခေါင်းကို လှုပ်ကာ ကျွန်‌တော်ဖက်ကို ကြည့်လိုက်ပြီး သူမ လက်ဖျားသွယ်သွယ် ဖြင့် မဟာဆန် ရှည်လျားလှ‌သော ဆံပင်ကို ဖီးလိုက်ပြီး


“မင်္ဂလာပါ Nonomiya-kun”


သူမရဲ့ ရင့်ကျက်တဲ့ အပြုံးနဲ့ ထုံးစံအတိုင်း နှုတ်ဆက်‌လေ၏ ။ ပုံမှန်အတိုင်း ဆို ကျွန်‌တော်တို့ စကား‌ပြောခြင်းက ဒီမှာတင် ကိစ္စ ပြတ်သည်။ ကျွန်‌တော်တို့သည် အချင်းချင်း နှုတ်ဆက်ရုံသာ သိကြသည်။


“နင် တခုခု ရှာ‌နေသလား”


သို့‌သော် ဒီနေ့ ‌တော့ ဒီ‌လောက်နဲ့ ကိစ္စ မပြတ်ချင်။ သိချင်စိတ်က သူမများ “လူသတ်နည်း” စာရွက်ကို ရှာ‌နေသ‌ယောင် ကျွန်‌တော်ကို တွန်းပို့ ‌နေသည်။ ကျွန်‌တော် သူမကို အကဲခတ်သလို မျက်‌တောင်မျှပင် မခတ် ၊ ကြည့်မိသည်။


“ဟင့်အင်း ခုံစီတာပါ”


စိတ်မ‌ကောင်းစရာ ၊ သူမကတော့ ပြုံး‌နေဆဲပါပဲ။ ကျွန်‌တော်က‌တော့ ”‌အော်” ဟုသာ တုံ့ပြန်ပြီး စိတ်ထဲမှာ‌တော့


“တကယ့် အဖြစ်အပျက်ဟာ စိတ်ကူးနဲ့ နှိုင်းယှဉ်ရင် အ‌တော်ပျင်းဖို့‌ကောင်းပါလား”


ဟု မှတ်ချက်ချကာ မိမိခုံဆီရာကိုဦးတည်လာခဲ့သည်။ လမ်းတဝက်တွင်


“ဒါ‌ပေမယ့်….” သူမက ‌နောက်ဖက်က‌နေ လှမ်း‌ခေါ်ကာ “ဘာလို့ တခုခု ရှာ‌နေတယ် လို့ ထင်ရတာလဲဟင် ?”


ကျွန်‌တော် အပြုံးကို မ‌ပြောင်းလဲသွား‌အောင် မနည်းသတိထား ယူရသည်။ ခံစားမှုက‌တော့


“‌ထောင်‌ချောက် ထဲကို တိုးဝင်လာတဲ့ သား‌ကောင်ကို ‌တွေ့ရသည့် မုဆိုး တစ်‌ယောက်နှယ်”


သူမ ဘာ‌တွေ စိတ်ကူးယဉ်ယဉ် ၊ ကျွန်‌တော်ကလည်း ထူးခြားတဲ့ တိုးတက်မှု အ‌ခြေအ‌နေ‌ကြောင့် အားအ‌တော် တက်မိသည်။


“ဟင့်အင်း ဘာရယ် မဟုတ်ပါဘူး ” ခပ်‌ကြောင်‌ကြောင်ပုံစံဖြင့် သူမ ဖက်ကို လှည့်ပြီး ‌ပြောလိုက်သည်။

“ဒါ‌ပေမယ့် ဘာလို့ မေးတာလဲဟင်”

ကျွန်‌တော် ဖြည်းဖြည်းချင်းစီ အစ်ကြည့်ရမည်။

“ဘာရယ် မဟုတ်ပါဘူး”

“‌အော်”


ကျွန်‌တော် ‌ရှေ့မှာ‌တော့ မ‌ပြောင်းလဲတဲ့ ရင့်ကျက်လှတဲ့ သူမ အပြုံး။ ကျွန်‌တော် ဒီ အပြုံး ရပ်တန့် သွား‌အောင် လုပ်ပစ်ချင်‌သော်လည်း အခု‌တော့ အဲဒီ‌လောက် အတွင်းကျကျ မလို‌သေး။ ‌နောက်ဆုံး အထိ အညှာကို ကိုင်ထားရန် လိုသည်။


“တကယ်လို့များ” အစချီကာ စကားစလိုက်သည်။ “တခုခု ရှိရင် ငါ့ကို အကူအညီ ‌တောင်း‌နော်”

“ဘယ်လို ဖြစ်တာလဲ Nonomiya-kun အဲဒီ‌လောက် ကြင်နာတက်မှန်း မသိထားခဲ့ဘူး”

“ငါက နင်မှန်းတာထက် ကြင်နာတက်သူပါ။ ဒါ‌တော့ ‌သေချာတယ်”

“‌တောင်းပန်ပါတယ်။ ‌နောက်ဆို မှတ်ထားပါ့မယ်ရှင်”

“မင်းလို ‌ကျော်ကြားတဲ့ မိန်းက‌လေး ကို ကူညီရတာ ဟာ ငါ့အတွက် ဂုဏ်ယူပါတယ်”

Tsukimori တစ်‌ယောက် နှုတ်ခမ်းနှစ်လွာကို လက်ဖြင့် ဖွဖွ အုပ်ကာ ကြိတ်ရယ်လိုက်ပြီး

“‌ကျေးဇူးတင်ပါတယ် ဒါဆို ကိစ္စ တခုခု ရှိရင် တိုက်ရိုက် ဆက်သွယ် လိုက်ပါ့မယ်”


Tsukimori တစ်‌ယောက် သူရဲ့‌တောက်ပတဲ့ မျက်လုံး ကို တဝက် ‌မှေးထားလိုက်ပြီး ပြုံးသည်။

ကျွန်‌တော် အ‌တွေး တချို့တဝက် ပါသည်ကို‌တော့ ငြင်း၍ မရ ‌သော်လည်း သူမ ပုံစံ ကြည့်ရသည်မှာ တခုခု ကို အကြံအစည် မရှိတဲ့သူ တစ်‌ယောက် နှင့် လုံးဝ မတူ‌ချေ။ ဆရာ Ukai လာသည်နှင့် ကျွန်‌တော်တို့ စကားစ ပြတ်သွားသည်။ Kamogawa နဲ့ သူ့ ရဲ‌ဘော်ရဲဖက်‌ တွေမှ Tsukimori နဲ့ စကား‌ပြောသည့် ကိစ္စကို မယုံသင်္ကာ လာ‌မေးတုံးက နည်းနည်း စိတ်ခုမိ‌သော်လည်း ထိုနေ့က စိတ် အ‌တော်‌လေး ‌နေသာထိုင်သာ ရှိသည်။ သို့‌သော် သူမ နှင့် စကား‌ပြောခြင်းမှာ စိတ်လှုပ်ရှားစရာ ရင်ခုန်စရာ ဟု အ‌ကောင်းဖက်က မြင်မိသည် ကိုယ်စိတ် နဲ့ ကိုယ် ရင်ခုန်‌နေတာ‌တော့ အမှန်။ ဒါ‌ပေမယ့် ပျင်းဖို့‌ကောင်းတဲ့ တကယ့်ဘဝ ထက်စာရင် အပုံကြီး သာ‌လေသည်။

သတင်းအချက်အလက် အသစ် နှင့် ဘာတိုးတက်မှု မှမရှိ‌သော်လည်း သတိမထားမိခင် နှစ်ပတ် ဟု‌သော အချိန်ကာလ ကုန်ဆုံးသွား သည်။ ဘာမှသာ ဆက်ပြီး ထူးခြားမှု မရှိရင် ကျွန်‌တော် ကိုယ်တိုင် ဒီကိစ္စနှင့် ပတ်သတ်ရင် ‌မေ့‌တော့မည် ဆဲဆဲ။ အဘယ်‌ကြောင့် ဆို‌တော့ ကျွန်‌တော် အညှာကို ဖမ်းမိထား‌သော်လည်း ကစားပွဲက ‌နှေး‌ကွေး တိတ်ဆိတ်‌နေရင် တကယ်ကို စိတ်ညစ်စရာ အ‌ခြေအ‌နေ။ သို့‌သော် ရုတ်တရက် အ‌ပြောင်းအလဲ တစ်ခု ‌ရောက်ရှိလာသည်။

ကြည့်ရတာ ဂိမ်းက စပင် မစရ‌သေး။ ကျွန်‌တော် ‌နေတိုင်း ‌ကျောင်းသွား ၊ စာသင်ခန်းက ဆူညံ‌နေ‌သော်လည်း ၊ Tsukimori ကိုမူ မ‌တွ့မိ။ သူမ ‌နေရာက ကွက်လပ်။ ကျွန်‌တော် ‌ဝေခွဲမရ ဖြစ်‌နေစဉ်ပင် ၊ အ‌ဖြေက သိပ်မကြာပဲ ‌ရောက်ရှိလာသည်။


“‌ဟေ့ Nonomiya ! မင်းမကြားမိဘူးလား”


Kamogawa မှ လှမ်း‌မေးလိုက်သည်။


“ဘာကို ‌ပြောတာလဲ မသိ”


တကယ်လည်း ကျွန်‌တော် သူ‌ပြော‌နေတာကို သ‌ဘောမ‌ပေါက်။ သူ စကားစုမှာ ဘယ်သူဟူ၍ ‌ရေ‌ရေရာရာ မပါ။


“Tsukimori မိသားစု က တစ်‌ယောက်‌ယောက် ဆုံးသွားပြီ”


ကျွန်‌တော် နှလုံးခုန်‌တွေ မြန်လာသည်။


“ဘယ်သူလဲ” စိတ်လှုပ်ရှားမှု ကို မနည်း ထိန်းချုပ်ပြီး ‌မေးလိုက်ရသည်။

“သူ့အ‌ဖေ ထင်တာပဲ ကား မ‌တော်တဆ ဖြစ်တာ Youko-san ‌တော့ သနားပါတယ်ဟယ် ”


Usami က စိတ်မ‌ကောင်းစွာ ‌ဖြေသည်။


“တကယ် ငါသူ့အတွက် ဝမ်းနည်းလိုက်တာ ၊ ဒီအရွယ်ကြမှ သူ့ အ‌ဖေကို ဆုံးရှုံးရတယ် ဆိုတာ ဒါ…..”


ပုံမှန် တုံပြန်‌နေကြ မတူပဲ ၊ Kamogawa ‌တောင် ဝမ်းနည်း‌နေမှ‌တော့ တကယ် ဖြစ်ရမည်။


“… အင်း ဟုတ်တာ‌ပေါ့ ငါတို့ သူကို သွားကူတာ‌ပေါ့”


သို့ပင်‌သော်ညား ကျွန်‌တော် က‌တော့ တခြား သူများနှင့် မတူညီ‌သော ခံစားချက်ဖြင့် ‌ဖြေမိသည်။ Youko Tsukimori ၊ ကားမ‌တော်တဆ ၊ ‌သေခြင်း ဒီစကားစု ‌တွေက “လူသတ်နည်း” ကို အမှတ်ရ‌စေသည်။ ကျွန်‌တော် ဟန်မ‌ဆောင်နိုင်‌တော့ပဲ မျက်နှာ ဝင်းလက်သွား‌အောင် ပြုံးပြီး ‌တွေးမိသည်ကား


“ကစားပွဲက‌တော့ စိတ်ဝင်စားဖို့‌ကောင်း‌နေပြီ”