Gekkou:Volume 1 အသက်တစ်ချောင်း

From Baka-Tsuki
Jump to navigation Jump to search

[အသက်တစ်ချောင်း][edit]

ပထမအချိန်က အင်္ဂလိပ် ၊ ဒါ‌ပေမယ့် ဘာ‌တွေ သင်သွားသလဲ အ‌သေအချာ မမှတ်မိ ၊ ‌ခေါင်းထဲမှာ Tsukimori Youko အ‌ဖေ ‌သေသွား သည့် ကိစ္စသာ ‌ခေါင်းထဲရောက်‌နေသည်။ ရှေ့တွင် စာသင်‌ နေသည့် ဆရာ မသိ‌အောင် လက်ကိုင်ဖုန်းမှ တဆင့် အင်တာနက် ထဲက သတင်း‌တွေထဲ လိုက်ရှာ ‌နေမိသည်။ ‌သေချာသည် က‌တော့ စိတ်ထဲတွင် အခုလို လုပ်‌နေသည် ကိုလည်း စိတ်တိုင်းမကျ၊ ယုံချင်မှ ယုံမည် ဖြစ်‌သော်လည်း ကျွန်‌တော်သည် လိမ္မာ‌သော ‌ကျောင်းသား‌ကောင်း တစ်‌ယောက် ဖြစ်သည်။ “ဆရာရယ် မြန်မြန်ပြီးပါ‌တော့” ဆု‌တောင်းရင်း တစ်နာရီခန့် အချိန်ကို အ‌တော်‌လေး စိတ်ဆင်းရဲစွာ ဖြတ်သန်းခဲ့ရသည်။

အင်္ဂလိပ်စာ အချိန်ပြီးသည့်‌ နောက်မှာ‌တော့ အခန်းထဲမှ တက်သုတ်ရိုက်ကာ ထွက်ခဲ့ပြီး မ‌တော်တဆ မှု နှင့် ပတ်သတ်သည့် အချက်အလက်များကို ရှာ‌ဖွေရန် စိုင်းပြင်‌နေပြီး ဦးတည်ရာက‌တော့ ‌ကျောင်းစာကြည့်တိုက်။ ထို ‌နေရာမှာ ပုံမှန်အားဖြင့် မ‌တော်တဆမှုများနှင့် ပတ်သတ်သည့် ‌ဆောင်းပါးများ ရှိတက်သည်ကိုး။ စဖတ်တုံးက‌တော့ အ‌တော်‌လေး စိတ်ပျက်သွားပါတယ်။ ပြည်တွင်း သတင်း အပိုင်းထဲတွင် အတိုချုပ်မျှသာ ‌ရေးသားထားသည် ကို ‌တွေ့ ရသည်။ သို့‌သော် တကယ်တမ်း ဖတ်ကြည့်‌သော် အခါတွင် ရင်ခုန်သံ အ‌တော်‌လေး မြန်လာပြီး ကျွန်‌တော် ရှာချင်တဲ့ စကားစု‌တွေကိုလည်း ‌တွေ့ရ‌သော‌ကြောင့် ဖြစ်သည်။


  • ” ‌တောင်‌ပေါ်က အဆင်း အိမ်သို့အပြန်”
  • ” ကွဲကွဲပြားပြား မမြင်ရ‌သော လမ်းချိုး‌ကွေ့တစ်ခုတွင်”
  • ” အ‌သေအ‌ပျောက် ရှိခဲ့ဖူး‌သော”
  • ” အရှိန်ဖြင့် ‌ကွေ့‌သော‌ကြောင့်”


ဒီ စကားစု‌တွေဟာ “လူသတ်နည်း” စာရွက်ထဲက “ကားမ‌တော်တဆ လူသတ်နည်း” နှင့် အ‌တော်တူ‌နေသည်ကိုး။ “Tsukimori Youko က သူ့ အ‌ဖေကို လုပ်ကြံလိုက်တယ်” ဆိုတာ ‌တွေးမိရုံနဲ့ စိတ်လှုပ်ရှားမှု က မထိန်းနိုင် ၊ မသိမ်းနိုင်။ ဒါ့အပြင် ဒီလို‌တွေးမိလိုက်တာနဲ့ ကြက်သီးဖြန်းဖြန်း ပါထ မိသည်။ အ‌ရေကြီးသည် ထိုထဲတွင် မ‌ရေးထား‌သော်လည်း ဆက်ပြီး ‌တွေးကြည့်လျှင်သိနိုင်သည့် အချက်များ ။ ဥပမာ အဆိုပါ ‌ဆောင်းပါးကို ထိုမျှသာ အတိုချုပ် ‌ဖော်ပြခြင်းသည် ရဲတပ်ဖွဲ့ ကိုယ်တိုင်ကိုက လူသတ်မှု ကြီးကြီးမားမား ဖြစ်သည် ဟု ယူဆပုံ မ‌ပေါ်။ ထိုနည်းတူ ယ‌နေ့ ‌ကျောင်းမလာခင် အထိ ကျွန်‌တော်ကိုယ်တိုင်ပင် ဒီကိစ္စ နှင့် ပတ်သတ်ပြီး သတိ‌မေ့‌နေခဲ့သည်။

ကျွန်‌တော် ဘာ‌တွေများ မှား‌နေပါလိမ့်။ ဒီနည်းလမ်းက ပုံမှန်ဆိုရင် က‌လေးဆန်သလိုလို ထင်ရ‌ပေမယ့် မထင်မှတ်တဲ့ အချက်‌တွေက လှည့်ကွက်အ‌နေနဲ့ တည်ရှိနိုင်သည်။ မထင်မှတ်တဲ့ အချက်‌တွေ ‌ကြောင့် သူမ ဒီအကြံအစည်ကို ‌အောင်မြင်စွာ အသုံးချနိုင်ခဲ့တာလား။ ဘယ်သူကများ ဒါကို မ‌ရေမရာ လူသတ်ဖို့ အကြံအစည် ဆိုတာ ယူဆကြမလဲ။ ဘယ်သူကများ ဒီလို မ‌တော်တဆမှု တစ်ခုကို ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှုလို့ မြင်မှာလဲ။

အချက်အလက်‌တွေ ‌ဖော်ပြတဲ့ အတိုင်းသာ ဆိုလျှင် ၊ ရဲတပ်ဖွဲ့ သည် ထိုကိစ္စကို သာမန် မ‌တော်တဆမှု တစ်ခုဟုသာ ယူဆပုံရသည်။ ‌ကျောင်းက သူငယ်ချင်း‌တွေလည်း အတူတူပဲ ထိုနည်းတူ ထင်ကြမည်။ ၎င်းတို့  မျက်လုံးထဲတွင် Tsukimori ဆိုသည်မှာ မ‌တော်တဆမှု‌ကြောင့် ဖခင်ကို ဆုံးရှုံးလိုက်ရသည့် သနားစရာ ‌ကောင်မ‌လေး တစ်‌ယောက်။ သူမ ကိုယ်တိုင်‌တောင် ကိုယ့်ကိုယ်ကို လူသတ်သမား ဖြစ်လာမယ် ထင်မိမည် မဟုတ်သလို ကျွန်‌တော်သည်လည်း ထင်ခဲ့မိမည် မဟုတ်။

အကယ်၍သာ ဒီအကြံအစည် မ‌အောင်မြင် ခဲ့လျှင်လည်း ပြဿနာက မရှိ။ ဒါက ကံတရားကို ပုံ‌အော ထားသည်ကိုး။ တကယ်လို့ဖြစ်တန်စွန်းကို တွက်ကြည့်ရင်‌တော့ ဖြစ်ဖို့က အ‌တော်‌လေး ခဲယဉ်းသည်။ ‌အောင်မြင်ဖို့ကာမူ ‌ဝေးစွ။ ဒါ‌ပေမယ့် ဒီအမြင်ကိုက လူသတ်နည်း စာရွက် ၏ အ‌ခြေခံကျ‌သော ဝိ‌သေသ တစ်ရပ်။ ဒီထဲမှာလည်း ရုတ်တရက် ‌ပြောင်းလဲ နိုင်သည့် အ‌ခြေအ‌နေ‌ပေါ် မူတည်ပြီး ‌ပြောင်းလဲလုပ်‌ဆောင်ရမည့် အချက်‌လေးများလည်း ပါသည်။ Tsukimori ရဲ့ သား‌ကောင် က‌တော့ သူမ အ‌ဖေ ၊ သူမ နှင့် အနီးဆုံး ဖြစ်မယ့်သူ ၊ ဒါ‌ကြောင့် သူမ အ‌နေနဲ့ သတ်မယ့် ဆိုလျှင် အခွင့်အလမ်း များစွာ ရှိနိုင်သည်။ ဒီလို‌တွေးတာဟာ နည်းနည်း‌တော့ သူမ အ‌ပေါ် ရိုင်းရာ ကြ‌ပေမယ့် “ပစ်ချက်လွဲ ‌နေတဲ့သူ‌တောင် ကြက်ကန်းဆန်အိုး တိုးတက်‌သေးတာပဲ‌လေ” ။ Tsukimori ဟာ ဒီအကြံအစည်ကို အ‌လောတကြီး အ‌ကောင်အထည် ‌ဖော်တာ‌တော့ မဖြစ်နိုင်။ သူမ အ‌နေဖြင့် အ‌နှေးနှင့် အမြန် ‌သေ‌စေလိုသည် ဆန္ဒ‌တော့ ရှိပုံ‌ပေါ်သည်။ ကျွန်‌တော်မှန်းကြည့်တာ မှန်ချင်မှန်နိုင်သလို ၊ မှားချင်လည်း မှားသွားနိုင်သည်။ သို့‌သော် ‌ရှေ့ဆက် တိုးချင်မိတာ‌တော့ အမှန်ပဲ။ ပထမအကြီမ် ဖတ်ကြည့်မိကတည်းက ဒီစာရွက်ဟာ သတ်ဖို့ရည်ရွယ်ထားတာ ထက် ၊ သတ်ပြီးရင် အဖမ်းမခံရဖို့ ကို ဦးတည်ပြီး ‌ရေးထားတာ ‌တွေ့ ရသည်ကလည်း စိတ်ဝင်စားစရာ ‌ကောင်းသည့် အချက်။ ဒီလိုသာဆိုလျှင် Tsukimori ပြုလုပ်ခဲ့တာက


– ပြီးပြည့်စုံတဲ့ လူသတ်မှု


ဒီလိုပဲ ‌တွေးမိပါတယ်။ ဒါ‌ပေမယ့် စိတ်ထဲက‌နေ ‌တွေးတာသက်သက် ဖြစ်ပြီး ‌ရေ‌ရေရာရာ မရှိ‌သေးတာ‌တော့ အမှန်။ ကျွန်‌တော် သူမအ‌ကြောင်းကို ကျွန်‌တော် သူငယ်ချင်း‌တွေ ‌လောက်‌တောင် မသိပါဘူး။ သူမ နှင့်ပတ်သတ်ရင် Kamogawa က ပိုပြီးတိတိကျကျ သိပါ‌လေ လိမ့်ဦးမည်။ ကျွန်‌တော့်အ‌တွေး‌တွေဟာ “ပြဿနာတစ်ခုကို ‌ဖြေရှင်းဖို့” ထက်စာလျှင် အရင်တုံးက ပြုလုပ် ခဲ့သလို “စိတ်ကူးယဉ် ‌ပျော်မြူး” ဆိုတဲ့ ဖက်ကို ပိုပြီးအ‌ရောင်သမ်း ပါတယ်။ ဒါ‌ပေမယ့် အ‌ကြောင်း‌ကြောင်း‌ ကြောင့် “စိတ်ကူးသက်သက်” ဆိုပြီး ဆက်လက်စုံစမ်း ခြင်းကို ရပ်တန့်မည်‌တော့ မဟုတ်။


အတန်းပိုင်ချိန် ပြီးတဲ့ အချိန်မှာ‌တော့ “Tsukimori အ‌ဖေ ‌သေဆုံးမှု” ပတ်သတ်ပြီး စပြောပါပြီ။

“အားလုံး Tsukimori အ‌ဖေ ဆုံးသွားတာ သိမယ်ထင်တယ်။ အသုဘ က မနက်ဖြန်ည‌နေမှာ ၊ ငါသွားပို့မလို့ ဒီ‌တော့ ငါးချိန်‌မြောက်က ကိုယ်ဖာသာကိုယ်ပဲ စာကြည့်‌နေကြ”


ဆရာ Ukai ပါးစပ်ဖျားမှာ “ကိုယ်ဖာသာကိုယ်ပဲ စာကြည့်‌နေကြ” လို့ စကားသံ အကြားမှာ‌တော့ “နားထဲ သကာရည် လောင်းသည့် နှယ်” အတန်း ထဲက လူသူပုဂ္ဂိုလ်အ‌ပေါင်းတို့က‌တော့ လွတ်လပ်‌ရေး ရသည်အလား ‌အော်ဟစ် ‌ပျော်ရွင်‌နေကြပါသည်။


“မင်းတို့ ‌ကောင်‌တွေ နားမလည်ဘူးလားကွ Tsukimori အ‌ဖေဆုံးသွားတာကို လည်း အားနာကြပါဦး”


ဆို၍ ဆူလိုက်‌တော့မှ အတန်းထဲမှ သူများ တိတ်ဆိတ်သွားသည်။ အ‌တော်‌လေး တိတ်ဆိတ်သွားသည်။ ‌ကျောင်းသား‌တွေ ငြိမ်သွား‌တော့မှ ဆရာလည်း မဆူ‌တော့‌ချေ။


“ပြီး‌တော့ အတန်း‌ခေါင်း‌ဆောင်‌တွေ အတန်းကိုယ်စား အသုဘလိုက်ပို့ ရမယ် ကဲဒါဆို အတန်းပြီးပြီ”

သို့‌သော် ဆရာ စကားမပြတ်‌သေးချင်မှာတင် Usami မှ

“ဆရာ” ဟုဆိုကာ လက်‌ထောင်လိုက်ပြီး “မိန်းက‌လေး အတန်း‌ခေါင်း‌ဆောင်က Youko ကိုယ်တိုင်ဆို‌တော့”

“အား ဟုတ်သားပဲ ဒါဆို Usami သမီး လိုက်‌ပေးလို့ ရမလား”

“အင်း ဟုတ်ကဲ့ ဆရာ”

“‌နောက်တစ်‌ယောက်က‌တော့ Nonomiya ဟုတ်လား မင်းလည်း လိုက်ခဲ့‌လေ”

“ဟုတ်ကဲ့ ဆရာ”


မှင်‌သေ‌သေနဲ့ ‌ခေါင်းညိတ်လိုက်သည်။ မသိမသာ အံတကြိတ်ကြိတ်။ ဒီအကွက်ကို ‌စောင့်‌နေခဲ့သည်။ ဒီလိုမျိုးအသုဘကို ‌ကျောင်းတာဝန်ဖြင့်ပို့ ရမည်ဆိုသည်ကို အိပ်မက်ပင် မမက်ဖူး။ စာကြည့်တိုက်မှဆောင်းပါး ဖတ်ပြီးကတည်းက ထို အသုဘ ကိုသွားရန် မည့်သို့ မည်ပုံ ကြိုးပမ်း ရမည်ကို ကြံစည်‌နေကတည်းက ‌တွေးမိသည်ကား ထို‌နေရာတွင် Tsukimori နှင့်ပတ်သတ်တဲ့ အချက်အလက်‌တွေကို ရနိုင်မည် ဖြစ်သည်။ ဒီ အသုဘ ကို သွားဖို့ ရန် မဖြစ်နိုင် ဟု ထင်ခဲ့သဖြင့် အနည်းဆုံး‌တော့ လူနည်းတဲ့ အချိန်‌တော့ သွားရန် ဆုံးဖြတ်ထားသည်။


“မင်းတို့ နှစ်‌ယောက်တည်းလား မတရားဘူးကွာ”

ဆရာ ပြန်သွားသည် နှင့် Kamogawa တစ်‌ယောက် မှုန်ကုတ်ကုတ် ဖြင့် ကျွန်‌တော် နှင့် Usami ကြား‌ရောက်လာသည်။

“‌ကျောင်းစတက်တုံးက ဘယ်က တာဝန်မယူချင်တဲ့ ငပျင်းက ငါ့ကို အတန်း‌ခေါင်း‌ဆောင် ခန့်ထားတာလဲကွ”

စိတ်ထဲမှာ‌တော့ တာဝန်မယူ ချင်တဲ့ သူစိတ်ဓာတ်ကို ‌ကျေးဇူး တင်မိ‌နေ၏။

“မသိဘူး‌လေ ငါက အတိတ်ကို ပြန်ကြည့်တက်တဲ့ ‌ယောကျာ်း မဟုတ်ဘူးကွ”

“မင်း တာဝန်ယူချင် စိတ် မရှိတာ က ‌လေးစားဖို့‌တောင် ‌ကောင်းတယ် ၊ မ‌ကောင်းတဲ့ ‌နေရာမှာ‌လေ”

“ဒါ ဂုဏ်ယူရမှာကွ!”

တကယ်ကို ဂုဏ်ယူဝင်ကြွားဟန် ‌ဖြေ‌နေတဲ့ Kamogawa ကိုကြည့်ပြီး ခပ်‌ဖျော‌ဖျော့‌လေး ပြုံးမိသည်။

“Kamogawa အ‌ကောင်စုတ် ၊ နင်ဆရာစကား နားမ‌ထောင်ဘူးလား ၊ ‌တော်‌တော် အလိုက်ကန်းဆိုး မသိတဲ့‌ကောင်ပဲ”

Usami ပါးစပ်ဖျားမှ စကားလုံးများ မိုကြိုးသွား အလား သကဲ့သို့ ‌ရောက်ချလာသည်။

“Usami နင်အထင်လွဲ‌နေတာပါ ငါက ကိုယ့်အတန်း‌ဖော် တစ်‌ယောက်ရဲ့အ‌ဖေ ဒီလို ဖြစ်တယ် ဆို‌တော့ ဘယ်စိတ် ‌ကောင်းမလဲ မဟုတ်ဘူးလား”

Kamogawa ကလည်း ထန်းလက်ဖြင့်ကာရန် ကြိုးပမ်း‌လေသည်။

“နင်လိမ်‌နေတာ Youko-san ကို မရိုးသား လို့ သွား‌တွေ့ချင်တာ အသိသားကြီး” ဟု Usami တစ်‌ယောက် စွပ်စွဲ‌လေ၏။

“ဟင် မဟုတ်ပါဘူး ဒီလိုမ‌တွေးပါဘူး ၊ ငါစဉ်းစားတာက Tsukimori ကို သွားနှစ်သိမ့်‌ပေးမလို့ ”

သူ့ စကားမဆုံးမှီ သူကိုယ်တိုင်ပင်

“အင်း ဟုတ်‌တော့ဟုတ်တယ် ငါကိုယ်တိုင်က သူ့ကို ကြိုက်‌နေတာကိုး အဟိ”

Usami တစ်‌ယောက် အ‌တော် စိတ်ပျက်ဟန်ဖြင့် ” နင်တကယ့် အ‌ကောင်စုတ်ပဲ”

ကျွန်‌တော်က‌တော့ “မင်းစိတ်ဝင်စားခံရဖို့ လုပ်တာ မဟုတ်လား ၊ ဒါကိုက မရိုးသားတာပဲ‌လေ”

“အား ဟုတ်ပါပြီ သူ‌တော်‌ကောင်းကြီး‌ပေါ့ ဟုတ်လား”

ကျွန်‌တော် အ‌ပြောကို မသိချင်‌ယောင်‌ဆောင်ပြီး တန်ပြန်ထိုးနှက်လိုက်သည်။ ဒီ‌ကောင်က‌တော့ ကု၍ မရ။

“Nonomiya နင်လည်း ဘာအကြံအစည်မှ မရှိပါဘူး‌နော်”

Kamogawa ကို‌ပြောလို့ မရ‌တော့ ကျွန်‌တော်ဖက်လှည့်လာသည်။

“မဟုတ်ရပါဘူးဟာ ငါက အတန်း‌ခေါင်း‌ဆောင်မို့လို့သာ သွားရတာ ၊ တကယ်‌တော့ သွားချင်လှတာ မဟုတ်ဘူး”

မပြုံးချင်ပြုံးချင်နဲ့ ပြုံးရသည့် ဟန်‌ဆောင်လိုက်သည်။

“ပြီး‌တော့ အသုဘ ပို့ရင် လူ‌တွေများ‌တော့ ငါသိပ်မ‌နေတက်ဘူး ၊ မသွားရရင် ပို‌ကောင်းမှာပဲ”

“ဟုတ်လား နင်က‌တော့ Kamogawa လိုမဟုတ်ဘူး”

Usami တစ်‌ယောက် သူ့ကိုယ်သူ အချီးကျုးခံရသလို မျိုး ဝင်းလက်သည့် အပြုံးဖြင့် ပြုံးရှာသည်။

“နင် ငါ့အ‌ပေါ် ဆက်ဆံတာ နဲ့Nonomiya အ‌ပေါ်ဆက်ဆံတာ ‌တော်‌တော်ကွာတယ် လူတန်းစားခွဲခြားတာပဲ။ ငါသာ အ‌မေရိကန်ကသာ ဆိုရင် နင့်ကို တရားစွဲပြီး‌နေပြီ!”


အ‌ခြေအ‌နေ မတူ‌ပေမယ့် ကျွန်‌တော်ကလည်း ရိုးသားလှတာ မဟုတ်။ တကယ်တမ်း ‌ပြောရမယ်ဆိုရင် အသုဘ လိုက်ပို့ရတာကို သ‌ဘောကျသည်။ ဒီ‌တော့မှ လူအမျိုးအစား ‌ပေါင်းစုံကို အကဲခတ်နိုင်သည်ကိုး။ မနက်ဖြန်သွားရမည့် အသုဘကို အကြိုက်ဆုံး အဆို‌တော် စတိတ်ရှိုးသွားရမည် သကဲ့သို့ အ‌တော်‌လေး ‌မျှော်လင့်မိသည်။

———————————————————————————————————————



-တတိယ အချိန် အပြီးမှာ‌တော့ ဆရာ Ukai ကားနှင့် အတူ ကျွန်‌တော် နှင့် Usami တို့ လိုက်လာခဲ့သည်။ ပြတင်း‌ပေါက်က ‌နေကြည့်မိ‌တော့ အပြာ‌ရောင်‌ကောင်းကင်မှာ တိမ်ဟူ၍ မ‌တွေ့မိ။ ကား‌ပေါ်တွင် ဆရာ Ukai ဆီမှ Tsukimori မိသားစု နှင့်ပတ်သတ်‌သော အချက်များ သိလိုက်ရသည်။ သူ့ မိသားစု တွင် မိဘနှစ်ပါး နှင့် သူတစ်‌ယောက်သာ ရှိသည်။ ဒီ‌လောက် ရင့်ကျက်တဲ့ အပြုအမှု‌ကြောင့် အ‌တော်‌လေး အံဩမိသည်။ ‌မောင်နှမ အငယ်တစ်‌ယောက်‌ယောက် ရှိသဖြင့် ကြည့်ရှု‌စောင့်‌ရှောက်မည် ဟု ထင်ခဲ့သည်ကိုး။

သူ့ အ‌ဖေက ‌ဆောက်လုပ်‌ရေး ကုမ္ပဏီမှ အကြီးအကဲ တစ်ဦး ၊ သူအ‌ဖေ က ယခင်က ယခုလုပ်‌နေသည့် ကုမ္ပဏီ အနီးရှိ ဘဏ်လုပ်ငန်းတွင် လုပ်ခဲ့သည်ကို သိကြ‌သော‌ကြောင့် ‌နောက်မှ ‌မေးကြည့်ရန် စိတ်ကူးမိသည်။ အသုဘကို‌ရောက်‌သော အခါ ထုံးတမ်းအတိုင်း အရိုအ‌သေ‌ပေးပြီး အခါမှာ‌တော့ “Tsukimori” ဟု ဆိုင်းဘုတ် ချိတ်ထား‌သော Hall ကြီးထဲသို့ သွားရသည်။

လွမ်းသူ ပန်း‌ခွေ ၊ ပန်းစည်းများ ‌ပေးကြသူ အ‌တော်များသည် ။ ထို‌ကြောင့် တန်းစီကြရသည်ကို သတိထားမိသည်။ ကျွန်‌တော်လည်း ဂိမ်းဆိုင်မှ ဂိမ်းအသစ် ‌ရောက်လာသကဲ့သို့ ထိုမြင်ကွင်းကို အထူးဂရုစိုက် ကြည့်မိသည်။

မှိန်ပြပြ အလင်း‌ရောင်အောက်မှ အခန်းကျယ်တွင် “ဝမ်းနည်းမှု အမှတ်အသား” ဝတ်စုံ များ ဝတ်ဆင်ထား‌သူများ ၊ ‌ရှေ့ကစားပွဲက‌တော့ အရင်သွားဖူးခဲ့တဲ့ အသုဘ များထက်စာရင် အ‌တော်‌လေးကို ခမ်းနား‌လေသည်။

ချ‌ပေးထားသည့် ခုံ‌တွေ‌ပေါ်မှာ ထိုင်လိုက်ကြပြီး ကျန်သူများ လာသည့်အထိ ပွဲအခမ်းအနား စတင်ရန် ‌စောင့်ဆိုင်း‌နေသည်။ Tsukomri ကို ရှာကြည့်လိုက်‌တော့ ‌ရှေ့ ဆုံးမှ ခုံ အနား ‌သေဆုံးသူ အမျိုး‌တွေရှိသည့် ‌နေရာတွင်။ သူ‌ဘေးမှ ငို‌နေ‌သော အမျိုးသမီးကို ကို အား‌ပေး‌နေသည်ကို ‌တွေ့မိသည်။ ပုံစံကြည့်ရတာ‌တော့ Tsukimori အ‌မေ ဖြစ်ဟန်တူသည်။ သူမသည်လည်း Tsukimori နဲ့ ဆင်ပြီး အ‌တော်‌လေးကို လှပသည့် အမျိုးသမီးပင်။ သို့‌သော် ကျွန်‌တော် အံဩမိ‌နေသည်က Tsukimori ၏ တည်ငြိမ်မှု။

ယခုမှ ပြန်စဉ်းစားကြည့်လိုက်‌တော့ Usami ကို‌မေးဖူးသည့် ကိစ္စ တစ်ခုကို ပြန်သတိရသည်။ ဘာ‌ကြောင့် Tsukimori ကို ကျန် မိန်းက‌လေးများ အားလုံးက -san ဟု ‌နောက်တွဲ‌ခေါ်ဆိုကြသနည်း။ ( Translator Note : Japan တွင် မိမိထက် အသက်အရွယ်ကြီးရင့်သူများကို မူရင်း အမည်‌နောက်တွင် -san ကို ‌ပေါင်းထည့်‌ခေါ်ကြသည်) သူမ‌ဖြေခဲ့တာက‌တော့


“Youko-san က ငါတို့နဲ့ အသက်တူတူပဲ‌ပေမယ့် သူ့ အပြုအမှု‌တွေ နဲ့ သူ့ပုံစံ‌တွေက အရမ်း ရင့်ကျက်တယ်လို့ မထင်မိဘူးလား ဒါ‌ကြောင့် ပထမ တစ်‌ယောက်က Youko-san လို့ စ‌ခေါ်တာနဲ့ ‌နောက်ပိုင်း ဒီလိုပဲ ‌ခေါ်ကြတာ”


ဟုတ်ပါသည်။ ယခုပင် ကျွန်‌တော် ကိုယ်တိုင် မည်သည်က အ‌မေ ၊ မည်သည်က သမီး ဆိုသည်ကို ‌ဝေခွဲ၍ မရ‌ပေ။


“…. ငါအရမ်းဝမ်းနည်းပါတယ် Youko-san”


‌ဘေးဘက်ကို လှည့်ကြည့်လိုက်‌တော့ မျက်ရည်တွဲလွဲခို‌နေ‌သော Usami ။ သူမ ပုံစံကိုက အငယ်ပုံစံ ‌ပေါက်‌နေသလို တကယ်လည်း အစ်မ တစ်‌ယောက်ရှိသည်။


” နင်က ‌တော်‌တော် မျက်ရည်လွယ်တာပဲ” ဟုကျွန်‌တော် ဆိုကာ လက်ကိုင်ပုဝါ ထုတ်‌ပေးလိုက်သည်။

“သူ ဘယ်‌လောက်ထိ ကြံခိုင်လဲ ကြည့်ပါလား ဒီလိုအဖြစ်မျိုးကြုံတာ‌တောင် ငါသာဆိုရင် ဒီလိုမျိုး…..”


Usami တစ်‌ယောက် လက်ကိုင်ပုဝါ ဆတ်ကနဲ ဆွဲယူပြီး သူမျက်ရည်‌တွေ သုတ်ရှာ‌လေသည်။ ‌သေချာတာ‌တော့ သူမသာ သာဆိုရင် အ‌တော်‌လေး ငိုမှာပဲ။ ကျွန်‌တော်က‌တော့ Tsukimori တစ်‌ယောက် သူ့ အ‌ဖေ ‌သေလို့ ဝမ်းနည်း‌နေသည် ဆိုသည်ကို အ‌တော်‌လေး ယုံကြည်ရခက်‌နေပါသည်။ တကယ်လို့သာ သူ့ အ‌ဖေကို ‌သေချင်တယ် ဆိုရင် ဝမ်းနည်း‌နေတာထက်စာရင် အကြံ‌အောင်လို့ ‌ပျော်‌တောင် ‌ပျော်‌နေမှာပါ။

အချိန်‌လေး အ‌တော်ကြာတာနဲ့ ခန်းမတစ်ခုလုံး လူအ‌တော်ပြည့်သွားပြီး ၊ တခန်းလုံး အနက်‌ရောင်များ လွမ်း‌နေပါသည်။ ဝမ်းနည်းခြင်းအထိမ်းအမှတ် အ‌နေဖြင့်အဖက်ဖက်မှ တီးတိုးစကားသံ များ ပို၍တိုးသွားသည် ကို သတိထားမိသည်။ ကျွန်‌တော်က‌တော့ အချိန်ဖြုန်းသည့်သ‌ဘော ၊ အချက်အလက်စု‌ဆောင်းသည့် သ‌ဘောဖြင့် ဘာများ ပြော‌နေမလဲ ဆိုသည်ကို ဂရုတစိုက် နား‌ထောင်မိသည်။

ကျွန်‌တော်‌ရှေ့မှ မိန်းမနှစ်‌ယောက် တိုးတိုး တိုးတိုး ‌ပြော‌နေ‌သော စကားဝိုင်းကို အာရုံစိုက်မိသည်။ တကယ်ဆိုရင် သူတို့ ‌ပြောသမျှ ကို စာအုပ်ထဲ‌တောင် လိုက်မှတ်ချင်တာပါ။ ထပ်၍ နား‌ထောင်ချင်‌သေး ‌သော်လည်း သူတို့ စကား‌ပြောရင်း တန်းလန်း ရပ်သွားကြသည်။ ဒါ‌ပေမယ့် ယခုမှ အခမ်းအနားစမည်ဖြစ်၍ ဘာမှမတက်နိုင်။ ဘုန်း‌တော်ကြီး မှ စင်‌ပေါ်မှ ‌နေ၍ ကျမ်းစာမှကောက်နုတ် ‌ပြောကြားသံ များက တခန်းလုံး လွမ်းခြုံသွားသည်။

ဒီလို အခမ်းအနား ကျင်းပ‌နေ‌သော အချိန် တွင် စိတ်‌အေးလက်‌အေး ပင် အ‌တွေးနယ်ချဲ့ရန် အ‌ကောင်းဆုံးအချိန်အခါ။ စကားဝိုင်းမှ အချက်များကို နားထဲပြန်လည်ကြား‌ယောင်မိပြီး အစီအစဉ် ချ‌နေမိသည်။ သူ့အ‌ဖေသည် အ‌တော်ကို ဂုဏ်သတင်းကျော်‌စောသူ တစ်‌ယောက် ။

‌ရှေးဦးစွာ သူ့ ပုံပန်းသွင်ပြင် ၊ Tsukmori ၏ အ‌ဖေ ဖြစ်‌တော့လည်း သိပ်‌တော့ မထူးခြားလှ။ ခုံ‌ပေါ်မှာ ချိတ်ထား‌သော ပုံကို ကြည့်မိ‌တော့ ထက်မြက်သည့် သူတစ်ဦးပုံ ၊ ဒါ‌ကြောင့်လည်း ဂုဏ်သတင်း ‌ကျော်‌စော ရသည့် အချက်ကို ‌စောင်းပါရိတ်ခြည် ရိပ်မိ‌လေသည်။

ပြီး‌နောက် ကုမ္ပဏီ အ‌ကြောင်း နှင့် သူ့ မိသားစု စီးပွား‌ရေး အ‌ခြေအ‌နေ အ‌ကြောင်း ‌ပြောကြားသည်။ S.M.E ( Small and Medium Enterprise – အငယ်စား နှင့် အလတ်စား စီးပွား‌ရေးလုပ်ငန်း ) မှာ စီးပွား ‌တော်‌တော်‌ကောင်းခဲ့ပြီး လူ‌နေမှု အဆင့်အတန်းလည်း အ‌တော်မြင့်ခဲ့သည်။ ယခု ‌နေထိုင်ခဲ့‌သော အိမ်ကိုမူ လွန်ခဲ့သည့် နှစ်နှစ်ခန့် မှ တည်‌ဆောက်ခဲ့သည် ဟု သိရသည်။ ‌ဆောက်လုပ်‌ရေး လုပ်ငန်း ဒါရိုက်တာ တစ်‌ယောက် အိမ်ပီပီ အိမ်ပုံစံ ကအ‌တော်‌လေး ရှုပ်‌ထွေး အဆင့်မြင့်သည်။

‌နောက်ဆုံးမှာ‌တော့ မိသားစု နဲ့ ပတ်သတ်သည့် အ‌ကြောင်းကို ‌ပြောကြားသည်။ သူတို့ မိဘနှစ်ပါးစလုံး ပတ်ဝန်းကျင် နှင့် အ‌တော်‌လေး အဆင်‌ပြေပုံရသည်။ ထိုအမျိုးသမီး သည်လည်း Tsukimori ကို ပြုစုပျိုး‌ထောင်ခဲ့ပြီး ယဉ်‌ကျေးလိမ္မာ‌သော အဖိုးတန် သမီး‌လေး တစ်‌ယောက် ဖြစ်‌ကြောင်း ‌ပြောကြားသည်။

ကျွန်‌တော် သက်ပြင်းချမိသည်။

တကယ်‌တော့ ကျွန်‌တော် အချက်အလက်‌တွေ ရမည် ဆိုပြီး ‌ပျော်‌နေခဲ့‌သော်လည်း ယခုမှ ကျွန်‌တော် စိတ်ကူးနဲ့ ကိုက် သည့် အချက်အလက်ကို ရှာမ‌တွေ့ ။ သတင်းစာ မှလည်း ကျွန်‌တော် ကို စိတ်ဝင်စားမှု ပို‌အောင် တွန်းပို့ ‌ပေးခဲ့ပြီ ထို အသုဘ ကို အ‌တော်‌လေး ‌မျှော်လင့်ခဲ့သည်။

‌လေကိုဝဝရှုပြီး ခုံမှထလိုက်သည်။ ဒီအခန်းရဲ့ ပတ်ဝန်းကျင်အ‌ခြေအ‌နေကိုလေ့လာရန် ဆုံးဖြတ်လိုက်သည်။ အဆုံးသတ်မှာ‌တော့ အ‌တော်‌လေးကိုကောင်းမွန်တဲ့ အသုဘ ဖြစ်သည်။ ဒီအတိုင်း နေ‌နေလျှင် လူ‌တွေရဲ့ ဆက်ဆံ‌ရေးကို ‌ချောင်း‌မြောင်းကြည့်ရှုနိုင်သည့် အခွင့်အ‌ရေးကို ဆုံးရှုံးသွားမည်။ သိပ်‌လောဖို့‌တော့ မလို။ ကစားပွဲ အချိန်ကြာ‌လေ‌လေ ၊ ပို၍ ‌ကောင်းမည် ဖြစ်သည်။ ‌ရှေဆုံးမှ ခုံအနီးအနားကို ကြည့်မိ‌တော့ Tsukimori အ‌မေ တစ်‌ယောက် မျက်ရည်စများ နှင့် အသည်းအသန် ငို‌နေ၏ ။ ထို‌ကြောင့်လည်း ကျွန်‌တော် ပတ်ဝန်းကျင် မှ အမျိုးသမီး များသည်လည်း ရှိုက်သံ‌လေ များဖြင့် အားဖြည့်‌ပေး‌နေသည်။ စကားမစပ် Usami က‌တော့ အခုထိ ငို‌နေဆဲ။

သို့‌သော် Tsukimori မှာမူ မျက်ရည်စပင် မ‌တွေ့ရ ။ သူ့အကြည့်က‌တော့ ‌ရှေ့ဆုံးသို့ ခမ်းနားစွာ ။ ဝမ်းနည်းခြင်း ဝတ်စုံက အနက်‌ရောင် ဖြစ်သဖြင့် ဖြူစွတ်‌နေ‌သော သူမ အသားအရည် နှင့် ကာရန်ညီစွာ ၊ သူမ ကိုယ်တိုင် ‌တောက်ပ‌နေသလို။ ‌သေသူ ၊ အသည်းအသန် ငို‌နေ‌သော သူမ မိခင် နှင့် ခြားနားစွာ သူမ ၏ တိတ်ဆိတ်ငြိမ်သက်သည့် အပြုအမှုက တသီးတသန့် ။


ကျွန်‌တော် အတွက်‌တော့ သူမ ဟာ ညနက် မှ ထွက်သည့် လ‌ရောင်လို။

မူး‌မေ့‌အောင် လှပလွန်း‌နေလျက်။


အသုဘ ပို့ရန် အချိန်ကြ‌လေပြီ။ အသံ‌တွေပိုကျယ်လာသလို ၊ ရှိုက်သူများ ငိုသူများ အဖြစ် အသွင်‌ပြောင်းကုန်ကြ‌လေ၏။ အသုဘ ယာဉ်မှာမူ အနက်‌ရောင် လူထု ကြား ဆိုက်‌ရောက်လာသည်။ ‌သေဆုံးသူ အမျိုးများ အနက် Tsukimori က‌တော့ ခန်းမ မှ ခဏ ထွက်ခွာသွားပြီး မီးသဂြိုလ်ရာ သို့ ဦးတည်သွားသည်။ ကျွန်‌တော်တို့ သုံး‌ယောက်က‌တော့ သူပြန်လာတာ ‌စောင့်ပြီး နှုတ်ဆက် ရန်ပြင်‌နေသည်။


“နင်တို့နှစ်‌ယောက် ဗိုက်ဆာ‌နေတယ်ဟုတ် ၊ ငါမုန့် ဝယ်‌ကျွေးပါ့မယ် ၊ ကျန်တဲ့လူ‌တွေကို‌တော့ လျှိဝှက်ချက် ‌နော် ဟုတ်ပြီလား”

“‌ရေး ကြားလား Nonomiya?” Usami တစ်‌ယောက် ဘာမှကို ဟန်မ‌ဆောင်‌တော့ပဲ ‌ပျော်သွားပုံရသည် ။ အ‌ပြောင်းအလဲ မြန်‌ပေစွ။


တကယ်‌တော့ ထို “လျှိဝှက်ချက်” ဆိုသည့် စကားလုံးကို အ‌တော်‌လေး နှစ်သက်မိသည်။ သူ အစီအစဉ် ကိုလည်း ကျွန်‌တော် ‌ထောက်ခံလိုက်ပါသည်။ ခဏကြာ‌သော အခါ အသုဘအိမ် အနီးရှိ ဆိုင်တစ်ဆိုင်တွင် ‌ခေါက်ဆွဲကို အိ‌နြေ္ဒ မဆည်နိုင်‌တော့ပဲ စားကြပါ‌လေသည်။


“– မင်းတို့ က‌တော့ သိချင်မှ သိမှာ ၊ ‌သေခြင်းတရားဆိုတာ ဘယ်သူမှ မ‌ရှောင်ပုန်း နိုင်ဘူးကွ” ရုတ်တရက် Ukai က ‌ပြောသည်။

သူမျက်မှန် က‌တော့ ‌ခေါက်ဆွဲ အ‌ငွေ‌တွေ ဖုံးကာ ဝါးတားတား ။

“ဒီလို မ‌ပြောသင့်‌ပေမယ့် အသိတစ်‌ယောက်ရဲ့ အ‌ဖေ‌သေတဲ့ အခါ နင်‌တော့ ဒီခံစားချက်နဲ့ ဝမ်းနည်းမှုကို ရင်ထဲမှာပဲ သိမ်းထား ‌စေချင်တယ်”


Usami တစ်‌ယောက် ရှဉ့်တစ်‌ကောင်လို ပါးစပ်ထဲမှ ‌ခေါက်ဆွဲဖတ်‌တွေ အပြည့် နှင့် ‌ခေါင်း တညိတ်ညိတ်။


“အင်းဟုတ်တယ် ကျွန်‌တော်လည်း ဒီဘဝမှာ တချိန်‌သေရမယ်ဆိုတာ သတိပြုမိလာတယ် ၊ ဒါမှလည်း ပိုပြီး‌တော့ တန်ဖိုးရှိလာသလိုပဲ”

ဆရာတစ်‌ယောက်လုံး ‌ဘေးမှာ ရှိသည့် အတွက် စကား‌ကောင်း‌ကောင်းမွန်မွန် ထိန်းထိန်းသိမ်းသိမ်း ‌ပြောရသည်‌ပေါ့။

“နင် က တကယ် ‌တော်တာပဲ”

Usami တစ်‌ယောက် ‌ခေါက်ဆွဲရည်‌တွေပါ ‌မော့‌သောက်ပြီး‌နောက် မျက်လုံး‌လေး အဝိုင်းသားဖြင့် ချီးကျူးစကား ဆို‌လေ၏။

“အင်း ဟုတ်တာ‌ပေါ့ နင့်လို‌တော့ အခမ်းအနား တခုလုံး မငိုဘူး‌လေ”

“ငါ-ငါလည်း‌တွေးမိလို့ပါဟ”

“အခုမှ?”

“အမ် အား အမ် ဒါက‌တော့ သူ့ အတွက် ဝမ်းနည်းလို့ ”

“ပြီး‌တော့‌ရော”

“ငါ သူ့အတွက် ဝမ်းနည်းတယ်‌လေ”

“‌ပြောပြီးပြီ‌လေ”

“ဟင်-ဟင့်အင်း ဘာမှ ငါ့ကို အထင်မလွဲနဲ့ တကယ်‌တော့ ငါဒီထက် အများကြီး‌တွေးမိတာ စကားနဲ့ ထုတ်‌ပြောလို့ မရလို့”


ဆရာ Ukai ကျွန်‌တော်တို့ ‌ပြောတာကို နား‌ထောင်ပြီး ရယ်ပါ‌လေရဲ့။


“‌အေး ‌အေး ထားပါ‌တော့ အဆုံးသတ်မှာ‌တော့ မင်းတို့ နှစ်‌ယောက်လုံး ကိုယ့်အ‌တွေးနဲ့ ကိုယ်‌ပေါ့ ဟုတ်လား ၊ Nonomiya က‌တော့ ခွဲခြမ်းစိတ်ဖြာတဲ့ အပိုင်း ကို အားသန်ပြီး Usami က‌တော့ စိတ်ခံစားမှုပိုတယ်”

Ukai က ဆရာတစ်‌ယောက်ပီသစွာ ကျွန်‌တော်တို့ နှစ်‌ယောက်ကြား ကြားဝင်‌ဖြေရှင်း‌ပေးသည်။


ဘဝကအကန့်အသတ်ရှိလို့သာ စိတ်ဝင်စားဖို့ကောင်းတာပါ။ ဘယ်အချိန်ပြီးဆုံးမလဲဆိုတာမသိခဲ့တဲ့ ‌ကြောက်ရွံ့တုန်လှုပ်ခြင်းဟာ အသက်ရှင်‌နေတယ်ဆိုတဲ့ အသိတရားကို ‌ပေးစွမ်းပါတယ်။ ပထမ တစ်ချက်မှာ‌တော့ ဒါဟာသေခြင်းတရားကို ဆန်ကျင့် ‌ပြောဆိုဟန် ၊ ဘဝကိုဆန့်ကျင်ဟန် ၊ ဘဝရဲ့ တန်ဖိုးကို မီး‌မောင်ထိုးဟန်‌ ပေါက်‌ပေမယ့် တကယ်‌တော့ အဓိပ္ပါယ်ရှိပါတယ်။ ဒါဟာ ‌လောကကြီးရဲ့အရာ အ‌တော်များများကို ထင်ဟပ်မယ်လို့ စိတ်ထဲက ထင်မြင်မိပါ‌သေးသည်။ ဒီအချိန် မှာ‌တော့ အန္တာရယ်များလှတဲ့ “လူသတ်နည်း” က လွမ်းမိုး ထား‌ပေမယ့် — ကျွန်‌တော် ‌သေချာ‌ပေါက် အသက်ရှင်ရမည်။ Tsukimori ခန်းမကို ပြန်လာတဲ့ အခါ ကျွန်‌တော်တို့ နှုတ်ဆက်ကြပါသည်။


ဆရာ Ukai မှ ပထမဆုံး ဝမ်းနည်း‌ကြောင်း အရိုအ‌သေ‌ပေးပြီး ‌နောက်မှာ‌တော့ သူမကို

“‌ကျောင်းကိစ္စ ‌ခေါင်းထဲ သိပ်မထားပါနဲ့ အချိန်ယူပြီး ‌အေး‌အေး‌ဆေး‌ဆေး ဖြစ်မှ ပြန်လာခဲ့ပါ”

“ဆရာ အခုလို ‌တွေး‌ပေးတဲ့ အတွက် ‌ကျေးဇူးတင်ပါတယ်။ ဒါ‌ပေမယ့် ကျွန်မ သန်ဖက်ခါက စပြီး ပြန်တက်ပါမယ်။ ဘာဖြစ်လို့လဲဆို‌တော့ ဒါမှလည်း စိတ်အာရုံ အလွဲအ‌ပြောင်း ဖြစ်မှာ‌လေ”

ခပ်‌ဖျော့‌ဖျော့ပြုံးလျှက် ပြန်‌ပြောသည်။

” အ‌မေကို အိမ်မှ တစ်‌ယောက်ထဲ ထားရမှ စိတ်မချဘူး ၊ အ‌တော်‌လေး စိတ်ထိခိုက်‌နေတယ် ၊ ဒါ‌ပေမယ့် သူ့အမျိုး‌တွေနဲ့ အ‌မေ့ အမျိုး‌တွေက ဝိုင်းပြီးနားချ‌ပေးမယ်ဆို လို့ အ‌တော်‌လေး သက်သာသွားတာ”

Tsukimori ကြည့်ရသည့်မှာ ပင်ပန်း‌နေသည့်ဟန် ၊ ‌ကောင်း‌ကောင်း အိပ်ရ‌သေးပုံ မ‌ပေါ်။

သို့‌သော် အလိုက်ကမ်းဆိုးမသိ ၊ ဝမ်းနည်းခြင်းဝတ်စုံ ဆင်မြန်းထားသည့် ဖြူဖတ်ဖြူ‌ရော် ဖြစ်‌နေသည့် သူမ မျက်နာကို ပို၍ ဂရုတစိုက် ကြည့်ရှုမိ‌လေသည်။

“‌ကောင်းပြီ‌လေ ဘာပဲ‌ပြော‌ပြော အရမ်းလည်း ကိုယ်ကိုယ့်ကို မထိခိုက်‌စေနဲ့ တခုခုရှိရင်လည်း ဆရာကို တိုင်ပင်‌လေ”

သူမ ပခုံးကို ဆရာ Ukai လှမ်းပုတ်ရင် အား‌ပေးစကား ‌ပြောလိုက်သည်။

“‌ရောက်လာ‌ပေးတဲ့ အတွက် ‌ကျေးဇူးပါပဲ ၊ Chizuru ၊ Nonomiya-kun”

“အတန်းထဲက လူ‌တွေက နင့်ကို စိတ်ပူ‌နေတာ”

“‌ကျေးဇူးတင်ပါတယ်.”

“Youko-san…”

Usami တစ်‌ယောက် Tsukimori ၏ တည်ငြိမ်သည့် အပြုအမှုကို ကြည့်ရင်း မျက်ရည်ဝဲပြန်သည်။

ကျွန်‌တော် သူမ ‌ခေါင်းကို ပုတ်၍ ” နင် ပြန်တည်ငြိမ်သွားပြီမဟုတ်လား ? နင် ဝမ်းနည်း‌ကြောင်း ‌ကောင်း‌ကောင်းမွန်မွန် ‌ပြောမယ်ဆို”

“…..အင်း” Usami မျက်ရည်စများဖြင့် ‌ခေါင်းညိတ်ပြီး

“အမ် Youko-san နင့်‌တော်‌တော်‌တော့ ခက်ခဲ‌ပေမယ့် နင်‌တော့ ခက်ခဲ — -အဟင့်—- ‌ပေမယ့်”

Usami တစ်‌ယောက် စကား မဆုံးခင် မျက်ရည်‌ပေါက်များ ကျဆင်းလာသည်။ မခံစားနိုင်‌တော့ ဟု ထင်သည်။

Tsukimori တစ်‌ယောက် Usami ‌ခေါင်းကို လှမ်းဖက်လိုက်ပြီး နှစ်သိမ့်‌ပေး‌နေရသည်။

“‌ကျေးဇူးပဲ Chizuru ငါကို စိုးရိမ်‌ပေးတဲ့ အတွက် ‌ကျေးဇူးပါပဲ”

သူမ ၏ အစ်မတစ်‌ယောက်လို ‌ခေါင်းကို ပုတ်‌နေချိန်မှာပဲ ၊ Usami တစ်‌ယောက် အသံတိုးတိုးဖြင့်

“နင်ကိုယ့်နင်‌ပျော်‌အောင်သာ‌နေ နင်ကို စိတ်ပူ‌ပေးမယ့်သူ‌တွေ ရှိတယ်”

ထို‌နောက် Tsukimori တစ်‌ယောက် အသံတိုးတိုးဖြင့် Usami ကို ‌ကျေးဇူးတင်‌ကြောင်း အကြိမ်ကြိမ်‌ပြော‌လေသည်။

ဒီအချိန်မှာ‌တော့ နူးညံသိမ်‌မွေ့ပြီး အငိုလွယ်တဲ့ မိန်းက‌လေးဟာ ကျွန်‌တော်ကို ‌တောင် သတ်ဖြတ်ဖို့ ကြံစည်နိုင်တဲ့ သူမ ကို လုံးဝပင် မကြည့်မိ‌ချေ။