Gekkou:Volume 1 ချော့ကလက်ခါးခါး

From Baka-Tsuki
Jump to navigation Jump to search

အခန်း (၅) ချောကလက်ခါးခါး

တကယ်တော့ Tsukimori Youko သည် ပြီးပြည့်စုံသည့် မိန်းကလေး။ အတန်းဖော်ဖြစ်၍ အလုပ်ခွင်နှင့် ပတ်သတ်သမျှ သင်ကြားရန် တာဝန်ပေးခံ ရသူမှာ ကျွန်တော်မှလွဲ၍ တခြားသူမရှိ။ လက်ဦးပိုင်းတွင် ထိုသို့ ရှုပ်ရှုပ်ရှက်ရှက်အလုပ်များ မလုပ်ချင်သော်လည်း နောက်ပိုင်းတွင်တော့ တက်လွယ်သူ ကို သင်ပြရသည်မှာ အတော်ပင် စိတ်ချမ်းသာလှသည်။ Victoria တွင် အလုပ်ဝင်သည်မှာ နှစ်ပတ်သာ ရှိသေးသော်လည်း ဧည့်ကြိုခြင်း ၊ ဝယ်သူများ မှာယူသည်များကို မှတ်သားခြင်း ၊ အစရှိသည့် စားပွဲ များနှင့် ပတ်သတ်သော ကိစ္စများကိုပင် သူမဖာသာ ဖြေရှင်းနိုင်လေပြီ။ ဝယ်သူများနှင့် ဆက်ဆံရာတွင်လည်း အခြား အလုပ်သမားများထက်ပင် ပို၍ ကောင်းကောင်းမွန်မွန် လုပ်နိုင်သေးသည်။ ထိုအပြင် သူမ၏ စားပွဲထိုးဝတ်စုံ နှင့် အလှအပကို ကြည့်ရှုလိုသဖြင့် တကူးတက ရောက်ရှိလာသော ဖောက်သည် အသစ်များကြောင့် အရောင်းလည်း ပိုသွက်လာ၏။ သူမအကြောင်း အရင်ကတည်းက သိထားသော ကျွန်တော် အနေဖြင့် မည်သို့မျှမနေသော်လည်း မန်နေဂျာနှင့် တခြားလုပ်ဖော်ကိုင်ဖက်များမှာ အတော်လေးပင် သဘောကျနှစ်သက်ကြသည်။ ထူခြားသည်က သူမ နှင့် Mirai-san တို့ ဆက်ဆံရေး။ အစက သူတို့ နှစ်ယောက် ခွေးနှင့်ကြောင့် လို တည့်မည်ဟု မထင်ထားသော်လည်း တကယ်တမ်း သူတို့နှစ်ယောက် ပုလဲနံသင့်။

“ကျွန်တော် အစက အစ်မ ၊ အဲဒီကောင်မလေးကို သဘောမကျဘူး ထင်နေတာ” ဟု Mirai-san ကိုလှမ်းပြောလိုက်သည်။

“ပြောင်းပြန် Youko လိုကောင်မလေးမျိုးက ငါ့ကိုဘယ်ယှဉ်နိုင်ပါ့မလဲ”

Mirai-san ကမ္ဘာကိုအုပ်စိုးမည့်လူဆိုးခေါင်းဆောင် တစ်ယောက်၏အပြုံးမျိုးဖြင့် တုံ့ပြန်လေသည်။

“ဘာလို့လဲ”

“မျက်လှည့်ဆရာဆိုတာ ပရိသတ်တွေကိုပဲ လှည့်စားလို့ ရသလိုပဲ ၊ မိန်းမအချင်းချင်း လှည့်စားလို့မရဘူး”

ဟုတ်ပေသည်။ Mirai-san ကလည်း အတော် ပါးနပ်သည့်မိန်းကလေး ။

“တခါတုံးက တက္ကသိုလ်မှာ ယောက်ျားလေးတွေကို လှည့်စားနေတဲ့ ချာတိတ်မ တစ်ကောင် ရှိသတဲ့။ ငါ့ကိုအချိုးမပြေ ဆက်ဆံလို့ ငါလည်း အသေလွတ်ပြီး အားလုံးရှေ့မှာ ပက်ပက်စက်စက် ပြောပစ်လိုက်တာ ငါလည်း ပြောပြီးရော အဲဒီကောင်မ က မျက်ရည် တပေါက်ပေါက် ကျပါလေရော စိတ်ပျက်လိုက်တာ”

“စိတ်မကောင်းစရာပဲ”

“အေးနော် အဲဒီကတည်းက ငါကိုတွေ့တိုင်း အဲဒီချာတိတ်မ ပြေးပါလေရော မသိရင် ငါကပဲ ဆိုးတာကြလို့!”

ကျွန်တော် သူဖက်က ပြောပေးနေသည် ထင်ပြီး Mirai-san စိတ်ချမ်းသာနေသည်။ သို့သော် ကျွန်တော် ဆိုလိုသည့် စိတ်မကောင်းစရာ ဆိုသည်မှာ Mirari-san လိုလူကိုမှ သွားစမိသည့် သနားစဖွယ် မိန်းကလေး။

“ဒါပေမယ့် Youko အဲဒီလိုမဟုတ်ဘူး ကြည့်ရတာ အပိုတွေဘာတွေ ဟန်ဆောင်ထားပုံ မပေါ်ဘူး”

Mirai-san အကြည့်က ဝယ်သူနှင့်အလုပ်များနေသော Tsukimori ဆီသို့။

“ငါအရင်က သူဘာတွေများဖုံးကွယ်ထားသလဲလို့ ထင်နေတာ ၊ နောက်တော့ ဘယ်လောက်ပဲ စမ်းကြည့်ကြည့် ဟာကွက်မရှိဘူး။ အစကတော့ သူနဲ့ငါနဲ့တော့ တွေ့ပြီ ဆိုပြီး ဝမ်းသာနေတာ စိတ်ထဲမှာတော့ ငါ့ကို တသက်လုံးလှည့်စားမယ် မကြံနဲ့ပေါ့ ဒါပေမယ့် –”

စကားကိုခဏရပ်ကာပြောင်ပြသည်။

“– နောက်တော့ Youko ကိုက ဒီလိုနေတက်တာ ဆိုတာ သိလာတယ်”

ကျွန်တော် သူမကဲ့သို့ပင် Tsukimori ကိုငေးကြည့်မိသည်။ တကယ်လည်း ကျွန်တော်လို့ အဆိုးမြင်ဝါဒီပင် သူမဟာ လဲ့လဲ့တောက် ထသည့် တခြားမိန်းကလေးများနှင့် ခြားနားစွာ ရိုးယဉ်လှသည်။ သူမရဲ့ အလှတရားရစ်မူးသူများကိုလည်း အပြစ်ပြော၍မရ ၊ သူမ သည် ရိုင်းစိုင်းသည့်တိရစ္ဆာန်ကို ပင် ယဉ်လာအောင် ထိန်းသိမ်းနိုင်မည် ဟုပင် ထင်မိလေ၏။

“ငါ သူကိုကြိုက်တဲ့အချက်က ငါ့ကိုမကြောက်တာပဲ” ဟု Mirai-san ပြောအပြီး စားဖိုဆောင်ကိုလှည့်ရင်း ရုတ်တရယ် အသံကျယ်ကျယ်အော်လိုက်သည်။

“SARUWATARI!”

“ဟုတ်-ဟုတ် အစ်မ!”

“အလုပ်သေချာလုပ်စမ်း!”

“လုပ်-လုပ်ပါ့မယ့် သေချာလုပ်ပါ့မယ်!” ဟု Saruwatari-san တစ်ယောက် ငိုယိုပြီး သွက်သွက်လုပ်လေသည်။

“အင်း ကျန်တဲ့လူတွေကော ဘယ်လိုလဲ?”

“အစ်မက ဘီလူးလား?”

“ကောင်စုတ်လေးရဲ့ ! မသိသာပေမယ့် Saruwari က ငါ့ကိုကြိတ်ကြိုက်နေတာ သိလား”

Mirai-san ကျွန်တော်နဖူးကို လက်ခလယ်ဖြင့် လှမ်းတောက်လိုက်သည်။

“ငါက အဲဒီလို ငကြောက်တွေကို သဘောကိုမကျတာ”

“အစ်မက ဘီလူးပဲ”

ဘာမှမပြောနိုင်ပဲ နဖူးကိုသာ ပွတ်မိနေသည်။

“ဘာပဲပြောပြော ငါ Tsukimori ကို သဘောကျတယ်၊ သူကိုယ်တိုင်က ကြောင်လက်သည်းဝှက် ဆိုရင်တော့ ငါရှုံးသွားပြီပေါ့!”

“အဲဒီလောက်တောင်ပဲလား?”

“အင်း တကယ်လို့ သူက ကောက်ကျစ်တယ်ဆိုရင်တောင် ငါ သဘောမကျပဲနေဖို့က ခဲယဉ်းသွားပြီ။ ငါ ချောကလက်ကို သဘောကျသလိုပဲ ၊ ကျန်းမာရေးအတွက် မကောင်းလို့ လူတွေဝိုင်းပြောပေမယ့် ဒီချောကလက်ကိုပဲ အမြဲစားနေသလိုပေါ့”

သူမကိုယ်သူမ ချောကလက်စွဲလမ်းသူ ဟု ထုတ်ဖော်လေ့ရှိသည့် Mirai-san တစ်ယောက် ခုံအစွန်မှာ ထိုင်၍ ချောကလက်တစ်တုံးကို အိတ်ကပ်မှာ ထုတ်က လေပေါ်သို့ပစ်ပြီး ပါးစပ်ဖြင့် ဖမ်းယူလိုက်သည်။

“ဟင် အဲဒီလို မစားရဘူးလေ။ Mirai-san! မန်နေဂျာမရှိတာနဲ့ ချောကလက်တွေ လျှောက်နှိုက်မစားနဲ့လေ ၊ သူအစ်မအကြောင်းပြောဖူးတယ် အစ်မ ချောကလက်ကလွဲပြီး တခြားဘာမှ မစားလို့ ဆေးရုံတင်လိုက်ရတယ်ဆို”

ဟု Tsukmori ရောက်လာပြီး ဆူလေသည်။ သူမ ပုံစံက ခပ်ဆိုးဆိုး ကျောင်သူတစ်ယောက်ကို ဆူနေသည့် ဆရာမနှယ်။ ”

“ပြောရင်းဆိုရင်း!” Mirai-san တစ်ယောက် လန့်သွားသလို ဖြင့်

“ပြောရင်းဆိုရင်း ဆိုတော့ ကျွန်မ အကြောင်းပြောနေတာလား မကောင်းတာတွေ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်”

“ဘယ်ကလာ ငါတို့က Youko ကိုချီးကျူးနေတာ”

“ကောင်းပါပြီ ဒီစကားကိုမှတ်ထားလိုက်ပါ့မယ်”

သူတို့ပြောတာကြည့်ရင်း နှစ်ယောက် အတော်တည့်ကြပုံရသည်။

“ဟဲ့ နင်ငါ့ကို သဘောကျတယ် မဟုတ်လား” ရုတ်တရက် Mirai-san ကောက်မေးလိုက်သည်။

“အင်း သဘောကျတယ်” စက္ကန့်ပင်မခြား Tsukmori ​ရယ်ပြီးပြန်ဖြေလိုက်သည်။ ထိုနောက်

“ကျွန်မကိုရော သဘောကျလားဟင်?”

“ဒါပေါ့ မေးနေစရာတောင်မလိုဘူး”

ကြည့်ရသည်မှာ ငယ်သူငယ်ချင်းများကဲ့သို့ပင်။

“ကျွန်မလည်း ဒီလိုပဲလေ”

“အော်အေး”

မျက်စိရှေ့မှာ မြင်နေရသည်ကိုပင် မယုံနိုင်စရာ ၊ သို့သော် သူမ ပြောချင်သည်ကိုတော့ အကြမ်းဖျင်း သဘောပေါက်သလိုလို ရှိသည်။

” ရှင်တို့နှစ်ယောက်က တူတယ်နော် ဟမ်” ဟု Tsukmori တိုးတိုးလေးပြောလိုက်သည်။

Mirai-san နှင့် ကျွန်တော် အပြန်အလှန်ကြည့်ကြသည်။

“ဒီလိုဆွဲဆောင်မှု မရှိတဲ့ကောင်နဲ့ ငါနဲ့ ?”

“ငါက အစ်မလို ဟောဟောဒိုင်းဒိုင်း ပေါက်ကရ ပြောနေတဲ့သူ မှမဟုတ်တာ”

ကျွန်တော်တို့ စကားက တပြိုင်နက်။

“တစ်ယောက်နဲ့တစ်ယောက် မြှောက်ပင့် မပြောသလို ၊ အလိုက်အထိုက်လည်း မပြောဘူး ဒီလိုမျိုး နှစ်ယောက်လုံး လွတ်လွတ်လပ်လပ်ပြောတာ ကို သဘောကျတယ်”

သူမ မဖြေခင်မှာတင် ကျွန်တော် ဖြတ်ပြောလိုက်သည်မှာ

“Mirai-san က သူ့ကိုယ်သူဘဝင်မြင့်နေတာ ၊ ငါ့က ငါ့ဖာသာငါနေတာ ၊ သူနဲ့မတူတာက ငါက လိုအပ်ရင် အလိုက်သင့်နေတက်တယ်”

“ငါက အမြဲရိုးသားပြီး နင့်လို မယုတ်မာဘူး” Mirai-san ကလည်း ပြန်ပက်သည်။

“တခါတလေကြရင် ဒဲ့ပြောတာက လိမ်တာထက်တောင် ပိုဆိုးသွားသေးတယ်”

“နင်က တကယ်ကို သူများပြောသမျှ နာခံယောင်ဆောင်တဲ့ လူပဲ Nonomiya”

“လူတကာကို လိုက်အနိုင်ကျင့်တဲ့သူဆီက ဒီလိုစကားမျိုးမကြားချင်ပါဘူး”

ဟု ကျွန်တော် မဲ့ရွဲပြလိုက်သည်။ Mirai-san မျက်လုံးမှာလည်း ဒေါသရောင်များ ဝင်းဝင်းလက်။

“ကောင်းပြီ Nonomiya!! နင်စည်းဖောက်တာပဲ အပြင်ကိုလိုက်ခဲ့ ငါလက်သီးနဲ့ နင့်ကို ပြုပြင်ရမယ်”

Tsukimori ကျွန်တော်တို့ကို ကြည့်နေရင်းမှ ရယ်ပါလေတော့သည်။

“နှစ်ယောက်လုံးက မောင်နှမတွေကြနေတာပဲ”

“—Nonomiya က ငါ့မောင်?”

ကျွန်တော် ကော်လာကိုဆွဲထားရမှာ လွတ်လိုက်ပြီး ခေါင်းစခြေအဆုံး စေ့စေ့စပ်စပ်ကြည့်လေသည်။

“မမ” ဟု ယာကူဆာ အမျိုးသမီး ခေါင်းဆောင် ကို လက်အောက်ငယ်သားများ ခေါ်သည့်လေသံဖြင့် ကျွန်တော် လှမ်းစလိုက်သည်။

“………စိတ်ပျက်စရာ”

Tsukimori ရှိနေတာကြောင့်လော ၊ ကျွန်တော်ခေါ်သည်ကို မကျေနပ်သဖြင့်လော မပြောတက်။ ထိုနောက် သူခေါင်းသူကိုင်ရင်း မီးဖိုချောင်ကို ထွက်သွားသည်။

“သူပြောတော့မပြောပေမယ့် ရှင့်ကို သဘောကျနေတာ Nonomiya-kun” ဟု Tsukmori တိုးတိုးပြောလိုက်သည်။

“ကျွန်မထင်တာ ဆိုရင် သူ့ကို မမ လို့ခေါ်တာ သဘောကျပေမယ့် ရှက်လို့ထွက်သွားတာ ဖြစ်ရမယ်”

ကျွန်တော် Tsukimori ကိုကြောင်ကြည့်မိသည်။

“ဘာဖြစ်လို့လဲ ဒီလောက်အံဩတဲ့ပုံစံနဲ့ကြည့်နေတာလဲ?”

“ဒီလောက်အချိန်လေးမှာ Mirai-san အကြောင်း ငါထက်တောင် ပိုသိနေပါလား”

“ကျွန်မ လူကဲခတ်တော်တယ် ၊ ကျွန်မတို့ နှစ်ယောက် ရှေ့လျောက် အဆင်ပြေလိမ့်မယ် ဆိုတာ အစကတည်းက သိပြီးသား”

ချီးကျုးမိလိုက်သဖြင့် အလွန်အမင်းဝမ်းသာသွားသည့်ဟန်ဖြင် ပြန်ပြောသည်။

“ဒါပေမယ့် နင် ယောက်ျားလေးတွေကို အကဲခတ်တာတော့ လိုသေးတယ်”

စိတ်ကောင်းဝင်နေလို့လား မသိ ၊ ဘာမှပြန်မပြောပဲ ချိုသာသောအပြုံးဖြင့်သာ တုံ့ပြန်သည်။

“ငါတော့ မထင်ပါဘူး နင်တချိန်ကြရင် ငါ့ဘဝလက်တွဲဖော် သေချာပေါက် ဖြစ်လာလိမ့်မယ်”

သူမ ကျွမ်းကျင်စွာ ကော်ဖီကို ဗန်းပေါ်တင်လိုက်ပြီး စားပွဲဆီ ခပ်သုတ်သုတ်ထွက်ခွာသွားသည်။ ကျွန်တော် သူနဲ့ အဆင်ပြေရင် အစီအစဉ်မရှိ ၊ ထိုကြောင့် သူမအနေနဲ့ ကြည့်ရင် အလားအလာ မရှိ။ သို့သော် ဒီလောက် ယုံကြည့်မှု အပြည်အဝဖြင့် အပြုံး ပြောလိုက်သောကြောင့် တကယ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ ဟု တွေးမိလေသည်။ ယခုထက်ထိ သူမကကို Mirai-san လိုမျိုး အပြည့်အဝယုံကြည်ရန် စိတ်ကူးမရှိ။ Mirai-san လည်း ကျွန်တော် နေရာမှာ ဆို လည်း ယုံချင်မှယုံမည်။ အကြောင်းရင်းက “လူသတ်နည်း” ။ Victoria မှာ Tsukimori အလုပ်ဝင်ကတည်းက Usami တစ်ယောက် ဆိုင်သို့ မကြာခဏရောက်လာသည်။ သူမ၏ ပေါင်းသက်ဆက်ဆံရေး ကောင်မွန်မှုကြောင့် ဆိုင်မှ အလုပ်သမားများနှင့် မန်နေဂျာကပါ သဘောကျလေသည်။ အခုတော့ သူမက ပုံမှန်ဖောက်သည်။ ကျွန်တော်မှာတော့ မစ္စတာ Kujirai တစ်ယောက် သူမကိုပါ အလုပ်တစ်နေရာပေးပြန်မလား ဟုရင်တမမ။

“ဟေ့ Nonomiya Nonomiya ကြားလား!”

ကျောင်းကလပ်မှ အပြန် ပုံမှန်လာလေ့ရှိကာ အလုပ်ပါးချိန် ဖြစ်သော ညနေပိုင်း ဖြစ်သဖြင့် သူမ ၏ တနေ့တာ အဖြစ်အပျက်များကို မမောနိုင်မပန်းနိုင် အစီရင်ခံရှာသည်။

“နောက်ပွဲမှာ ငါ ပုံမှန်ကစားသမား အဖြစ်အရွေးခံရတယ်!”

“ဂုဏ်ယူပါတယ် အထိမ်းအမှတ် တခုခုတိုက်မယ်လေ”

“ဟေး!” ဟုဆိုကာ ခုန်ပေါက်မတက် အားကြိုးမာန်တက် အော်ကာ “ဒါဆို တစ်ခု တောင်းဆိုလို့ရမလား”

ရုတ်တရက် ပျာယာခတ်သွားပြီး ရှက်သလိုလိုဖြင့် ခိုးကြည့်သည်။ သူမ ကြီးမားလုံးဝန်းသော မျက်လုံးများက ရှဉ့်လေး တစ်ကောင်နှယ်။

“ငါ တက်နိုင်သလောက်ပေါ့”

“ငါ နင့်ဓာတ်ပုံရမလား?”

“ဘာလို့လဲ ဒီလောက်နေတိုင်းတွေ့နေတာကို ဓာတ်ပုံရိုက်စရာ အကြောင်းမရှိဘူးလေ ဟုတ်ဖူးလား”

“ရှိတယ် ! ငါ garçon ဝတ်စုံနဲ့ နင့်ဓာတ်ပုံလိုချင်တာ!”

“အော်ဟုတ်လား” ဆိုပြီး စဉ်းစားချင်ယောင်ဆောင်လိုက်ကာ “ဟင့်အင်း”

“ဘာလို့လဲ အသားပဲ့ပါသွားတာ မှမဟုတ်တာ !”

ကလေးတစ်ယောက်လို စိတ်ကောက်နေသော သူမကို ကြည့်ရသည်ကို သဘောကျသည်။

“ငါ ဓာတ်ပုံတွေကို မကြိုက်ဘူး”

ဒါကတော့ လိမ်သည်မဟုတ် အမှန်တကယ်။

ဒါပေမယ့် နင် garçon ဝတ်နဲ့တွေ့ရတာ ရှားတယ်လေ နှမြောစရာကြီး လုပ်စမ်းပါ တစ်ပုံထဲဟာကို !” အသည်းအသန် ကျွန်တော်ကို သွေးဆောင်လေတော့သည်။

“အင်း နင်နောက်ဆုံးတော့ အရမ်းဖြစ်ချင်တဲ့ ပုံမှန်ကစားသမား ဖြစ်လာပြီ ဆိုမှတော့

“ဘယ်လိုလဲ ရိုက်မယ် မဟုတ်လား?”

မျှော်လင့်ချက်အပြည့် Usami မျက်လုံးတစ်စုံမှာ ဝင်းလက်လျှက်။

“—ဟင့်အင်း မရိုက်ဘူး”

“အမ်! ဘာလို့လဲ?!”

“ငါ့လိပ်ပြာလွင့်သွားမှာစိုးလို့ ”

“ဒါက အယူသီးတာကြီးပါ

သူမကိုစရသည် ဘဝပေးတာဝန်တစ်ခုလို။ သူမ တုံပြန်မှုကို ကြည့်ရသည်ကိုက ခေါင်းလောင်လေးများ မြည်နေသလို။ သူမကို အနိုင်မကျင့် ၍ မနေနိုင်။

“ဂီး! အကျင့်ပုတ်!”

“နင်ပြောချင်တာ ပြော ငါက ဟင့်အင်းပဲ”

“ငါ့ဖာသာငါ နင်မသိအောင် ရိုက်မယ်”

“နင်အခုလို ပြောမှတော့ ငါသိသွားပြီပေါ့”

“ဒီမှာ ရိုက်ပြီ!”

Usami တစ်ယောက် သူမ ဖုန်းဖြင့် ကျွန်တော်ကို ချိန်ပြီး ရိုက်ရန်ပြင်သည်။ တစ်ချိန်တည်းမှာပဲ သူမကို ကျွန်တော် ကျောပေးပြီးသားဖြစ်နေသည်။

“အား! ဘ-ဘာလို့ ကျောပေးလိုက်တာလဲ?!”

“ယခု အဆောက်အဦတွင် ဓာတ်ပုံ ရိုက်ကူးခွင့်မရှိ ၊ မလိုက်နာပါက အပြင်ကို နှင်ထုတ်ရပါလိမ့်မည် ခင်ဗျ”

အလုပ်မှ ကြေညာချက် ထုတ်ထားသယောင် ခပ်တည်တည်နဲ့ပြောလိုက်၍ Usami မကျေမနပ် ပါးဖောင်းကာ သူဖုန်းကို ပြန်ထည့်လိုက်သည်။ “အကျင်ပုတ်” ဟုတော့ မပြော။ ကျွန်တော် မထိန်းချုပ်နိုင်ပဲ ရယ်မိသည်။

“နင်ကလည်းဟာ ဓာတ်ပုံရိုက်လို့မရပေမယ် နင်ကြိုက်တဲ့ အချိုပွဲ ကျွေးပါ့မယ်”

ချစ်စရာကောင်းအောင် ရှုံမဲ့နေတာကြောင့် ကျွန်တော် သူမကို တစ်ထစ်လျှောပေးလိုက်သည်။ ဒါကလည်း ညှိနှိုင်းခြင်းပဲ ဟုထင်သည်။

“ရေခဲချောကလက် နဲ့ သရက်သီး ဌာပနာမုန့်”

“ကောင်းပြီလေ” သူမကို အကောင်းဆုံး ပြုံးပြလိုက်ပြီး စားဖိုဆောင်ကို မှာရန်သွားလေသည်။

ယုတ္တိရှိအောင် ဒီထက်တော့ သဘောမကောင်းနိုင်တော့။ Usami ၏ ပွင့်လင်းမှုကြောင့် နေတိုင်းလိုလို ဆက်ဆံနေရသည့် လူတွေကြောင့် စိတ်ညစ်သည်များပင် ပျောက်သွားသလို။

“နင်ကြည့်ရတာ အကြိုက်ဆုံးအရုပ်နဲ့ ကစားနေတဲ့ကောင်လေးကြနေတာပဲ” သူ မေးစေ့ကို လက်ဖြင့်သပ်ကာ စပ်ဖြဲဖြဲ ပြောလေသည်။

“ဘာလို့လဲ ကျွန်တော် သူ့ကို အရုပ်လို့ မတွေးပါဘူး!”

Saruwari-san ကို မှာပြီးနောက် ဘေလ်များကို ရှင်းလင်းနေရင်း ပြောလိုက်သည်။

ထုံးစံအတိုင်း Mirai-san လို အကင်းပါးတဲ့သူ က ကျွန်တော် Usami ကို သဘောကျသည်ကို သိလိမ့်မည်။ ကျွန်တော်ကလည်း ဖုံးကွယ် ရန်မလို။

“ဒါပေမယ့် အိမ်မှာ သူလို ကောင်မလေးမျိုး မွေးထားချင်တယ်”

ကျွန်တော် စိတ်ထဲတွင်တော့ ရှဉ်လေးတစ်ကောင် ၎င်းအရွယ်ခန့်ရှိသည် သရက်သီး ကို ကိုက်နေသည့် ပုံကို မြင်ယောင်မိသည်။

“သိပ်တော့ မကွာပါဘူး”

“ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ့ကိုတော့ သဘောကျမိတယ်”

“မင်းလိုလူက ဒါမျိုးဝန်ခံမယ် မထင်ထားဘူး” Mirai-san အံအားသင့်ဟန် ကြည့်ရင်းပြောလိုက်သည်။

“ဘယ်သူလဲ ဆိုတာ မူတည်တာပေါ့ ! သူပွင့်လင်းတာကို သဘောကျလို့ ကျွန်တော်ဖက်ကလည်း ရိုးသားတာ”

“ဟ ကောင်းတာပေါ့ အဲဒီတစ်ယောက်ကို နင့်ရည်းစား ဖြစ်အောင်လုပ်ပြီး သူများကို မကောင်းပြောတက်တဲ့ နင့်အကျင့်တွေ ကူးအောင်လုပ်ပေးလိုက်”

Mirai-san နောက်သို့လန်အောင်ပင် အကျယ်ကြီးရယ်လေသည်။

“သူများကို မကောင်းပြောတက်တဲ့လို အကျင့်က အစ်မသာ ကျွန်တော်နဲ့ တွဲရင် ပိုဆိုးမှာ” စိတ်ထဲက တွေးမိသည်။ သို့သော် မပြောတော့။

“__ တကယ်ကြနေတာပဲနော်” ကျွန်တော် မသိခင်မှာပဲ Tsukmori တစ်ယောက် ကျွန်တော် နောက်သို့ ရောက်လာသည်။

“ငါသိသလောက် Chizuru လည်းနင့်ကို စိတ်ဝင်စားနေတယ် Nonomiya-kun” ထုံးစံအတိုင်း ပြုံးလျှက်။

“အို? သူ မကန့်ကွက်ဘူးပဲ ? ငါ Nonomiya ကို ဒီလောက်တောင် စွံမယ် မထင်ထားဘူး”

Mirai-san တစ်ယောက် သိချင်စိတ်ဖြင့် Tsukimori ကိုလှမ်းကြည့်လိုက်သည်။ ကျွန်တော်လည်း ကြည့်မိသော်လည်း သံသယ ဖြစ်စရာမှလွဲ၍ ဘာမှမတွေ့။ ဘာတွေတွေးနေတာလဲ? Mirai-san နဲ့မတူတာက Tsukmori ရည်းစားစကား ပြောထားသည်ကို ကျွန်တော်သိထားသည်။ ဘာကြောင့် Usami နဲ့ဆက်ဆံရေးကို အားပေးနေသည်ကို နားမလည်နိုင်။

“ဘာလို့ သူကို မလိုက်တာလဲ?” Mirai-san အခွင့်ကောင်းကို လက်လွတ်မခံ။

“ကျွန်တော်အနေနဲ့ ဆုံးဖြတ်ရမှာ မဟုတ်သလို ကျွန်တော်က တစ်ယောက်တည်း အငြင်းရမလား နဲ့ တစ်ဖက်သတ်ဖြစ်မလားပဲ”

“ဟေ့ Youko ပြောတော့ အလားအလာ ကောင်းတယ်ဆို”

ကျွန်တော် အပြတ်ပြောလိုက်သောကြောင့် Mirai-san မျက်မှောင်ကြုံသွားသည်။

“Tsukimori နင်လည်း အတူတူပဲ အကြောင်းမရှိပဲ နင်ငါတို့ နှစ်ယောက်ကြားဝင်မှာ သဘောမကျဘူး ၊ ဒီလိုမျိုး မဆင်မခြင်ပြောတာက ငါရော Usami ရောကို စော်ကားတာပဲ”

ကျွန်တော် ပေါက်ကွဲနေသည်ကို သတိထားမိသည်။ ဒေါသထွက်တာ မဟုတ် ပေါက်ကွဲနေတာသာဖြစ်သည်။ မီးတောက် မဟုတ် မီးခိုး လို။

“အင်း ရှင်ပြောတာ မှန်ပါတယ် Nonomiya-kun ကျွန်မမပြောသင့်ပါဘူး တောင်းပန်ပါတယ်”

Tsukmori သူမ အမှားကို ချက်ချင်းပင် ဦးညွတ်ကာ တောင်းပန်လေသည်။

“အား ဆောရီးပါ နင်ဒီလောက် စိတ်ဆိုးသွားမှန်း မသိလို့ပါ” Mirai-san ဘာလုပ်ရမှန်းမသိသလိုဖြင့် ခေါင်းကို ကုတ်ကာ Tsukmori အတိုင်း တောင်းပန်သည်။

“ဟင့်အင်း ကျွန်တော်က တောင်းပန်ရမှာပါ။ ဒီလိုမျိုးမေးလာရင် မဖြေတက်လို့ပါ”

ကျွန်တော် စိတ်လျှောလိုက်သည်။ ဒါမှလည်း စိတ်ပြေမည် ဖြစ်သည်။

ဘာမှ ဆက်မပြောကြသဖြင့် တိတ်ဆိတ်မှုက စက္ကန်ပိုင်းမျှ ဖုံးလွမ်းသွားသည်။ Mirai-san စိတ်ဝင်စားမှုက စားဖိုဆောင် ရောက်သွားပြီ သူမ စိတ်ထွက်ပေါက်ကို “Saruwatari” ဟုခေါ်ကာ လိုက်ရှာနေသည်။

Tsukmori ကတော့ ဟိုဖက်လှည်ပြီး မတ်တပ်ရပ်နေဆဲ ၊ သူမမြင်နေကြပုံစံနှင့်မတူပဲ ဘာလုပ်ရမှန်းမသိပုံ။ ကျွန်တော်ကတော့ စိတ်ထဲမှာ သိပ်မကျေလည်သေးလှ၊ စကားပြောပြီး သည့်အောင် ပါးစပ်ထဲက ခါးနေသလို။ Usami အကြောင်း Mirai-san ပြောလို့ စိတ်တိုသည် မဟုတ်။ သေချာတာကတော့ လူတွေက တခြားလူတွေရဲ့ အချစ်ရေးကိစ္စကို ကိုယ်ကိစ္စလိုမျိုး ပြောနေရင် ကျွန်တော် မကြိုက်။ သို့သော် ဒါမျိုးက လူတိုင်းပြောနေကြသလို မတွေ့ဖူသည်လည်း မဟုတ်။ ကျွန်တော်မှ ရှောင်တိမ်းပြီး အရင်လို ကိုယ့်ခံစားချက်ကို ကွယ်ဝှယ်ကာ လိုသလို ပြောရမည် ဖြစ်သည်။ အခုတော့ ကိုယ့်ခံစားချက်ကို ထုတ်ပြောမိလိုက်သည်ကို ရှက်မိသလို။ ကျွန်တော်ပင် မဟုတ်တော့သလို။ ပထမဆုံးအကြိမ် ထိုသို့ ခံစားရခြင်း ဖြစ်သည်။ ဘာကို ပေါက်ကွဲနေတာလဲ? ဒါက ကျွန်တော် သိလိုက်သည့် အချိန်မှာတော့ ဆိုးဆိုးရွားရွားခံစားလိုက်ရသည်။ ဘာကြောင်မှန်း မသိ။ ထိုအချိန်တွင် တီးတိုးစကား ကြားလိုက်ရသည်က


“ငါတောင်းပန်ပါတယ်ဟာ”


ဆူညံနေသောဆိုင်ထဲတွင် တိမ်မြုပ်ပျောက်ကွယ်လောက် တိုးညှင်းသော အသံဖြင့် သူမ ကြေကွဲနေဟန်။ ကျောပေးထားတော့ သူမ မျက်နာကိုတော့ မမြင်ရ။ ဒါပေမယ့် သူမ စကားကို ကြားရသည်မှာ တောင်းပန်သည်ထက် ပို၍နက်နဲ တကယ်ကိုနောင်တရမိသလို။ Tsukimori တစ်ယောက် ဘယ်တော့မှ သူမပြောဖူးတဲ့ စကားတွေကို နောင်တရမည်ဟု မထင်ဘူး။ အံဩမှုနဲ့ အတူ စိတ်လည်း အတော်ပြေသွားသည်။ ကျွန်တော် ပေါက်ကွဲရသည့် အကြောင်းကိုတော့ ရှာဖွေတွေ့ရှိခဲ့သည်။ အကြောင်းရင်း မသိသော်လည်း ကြည့်ရသည်မှာ Tsukimori ကြောင့် ဖြစ်ပုံရသည်။ ငါဘာလို့ ပေါက်ကွဲရတာလဲ?

နောက်မေးခွန်းတစ်ခုက ထပ်မေးမိသည်။ ကျွန်တော် ခံစားချက်တွေကို ဖျောက်ပစ်လိုက်ပြီး Usami ကို မှာထားတာ သွားပို့ရန် ဆုံးဖြတ်လိုက်သည်။ ဒီအတိုင်း အတွေးစထဲမျောနေလျင် အချိန်ကုန်သည်ပင် အဖက်တင်လိမ့်မည်။ သို့သော် ကျွန်တော် အသစ်တွေ့ရှိခဲ့တာက ကျွန်တော်ရင်ထဲမှာ Tsukimori အပေါ် ခံစားချက်တစ်ခုခု ရှိပုံပေါ်သည်။ ထိုခံစားချက်ကို ကျွန်တော် အမျိုးအမည် မသိသလို အမည်တပ်၍လည်း မရ။