Editing
Gekkou:Volume 1 ဇဝေဇဝါ
Jump to navigation
Jump to search
Warning:
You are not logged in. Your IP address will be publicly visible if you make any edits. If you
log in
or
create an account
, your edits will be attributed to your username, along with other benefits.
Anti-spam check. Do
not
fill this in!
အံဩမိသည်။ ကျောင်းသားအများစု ကြည့်ကြသဖြင့် သနားသည်မဟုတ် ၊ အားလုံးက ဝိုင်း၍ အားပေးကြ၍ မနာလိုပင် ဖြစ်မိသည်။ Tsukimori Youko ကျောင်း ပြန်တက် သည့်အခါ သူမ အနားတွင် ဝိုင်းဝိုင်းလည်လျှက်။ သူမ ကတော့ ထုံးစံအတိုင်း ဘာမှမဖြစ်သည့်ဟန်။ “အဆင်ပြေလား Youko-san? မပင်ပန်းဘူးလား? ငါကူညီနိုင်တာ ရှိရင်ပြောနော် အားမနာနဲ့ ဟုတ်ပြီလား?” “ကျေးဇူး Chizuru နင့်မျက်နာလေး တွေ့လိုက်ရရော အတော်လေး သက်သာသွားတယ် ငါ ဒီထက်စောပြီးတော့တောင် ကျောင်းလာသင့်တာ” စိတ်ပူစွာ Usami ကြည့်နေစဉ် တောက်ပသော အပြုံးကို သူမပန်ဆင်လျှက် Usami ပါးကို ဖွဖွလေး ထိလိုက်သည်။ ထိုနောက် Tsukimori ပတ်ဝန်းကျင်မှ ပုဂ္ဂိုလ်များကိုကြည့်၍ “အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်ရှင် အားလုံးက စိတ်ပူပေးတာ ကျွန်မ ဘယ်လို ဝမ်းသာမိမှန်းမသိဘူး ရှင်တို့လို အတန်းဖော်တွေရတဲ့အတွက် ကိုယ်ကိုယ်ကို ကံကောင်းတယ်လို့ ခံစားမိပါတယ်ရှင်” သူမရင်ပေါ် လက်တင်လိုက်ပြီး အပြုံးမပျက် မျက်လုံးမှိတ်လျှက် ပြောလိုက်သည်။ အားလုံးက သူမ ဆွဲဆောင်မှုအောက်မှာ အတုံးအရုန်း ၊ ခေါင်းတညိတ်ညိတ်ဖြင့် ဝမ်းသာအယ်လဲ။ မျှော်လင့်ခြင်းကြီးစွာသော မျက်နာများဖြင့် Komogawa နှင့် တစ်သိုက်တို့ကို မြင်၍ ကျွန်တော် လှောင်ရယ်မိလိုက်ချင်သေးသည်။ အစပိုင်းရည်ရွယ်သည်က ကျွန်တော့် အတန်းဖော်များသည် ဝမ်းနည်းနေသော Tsukimori ကိုနှစ်သိမ်ရန် ဖြစ်သော်လည်း တကယ်တမ်းတွင် ပြောင်းပြန် ဖြစ်နေသည်။ တယောက်ယောက်သာ ဓာတ်ပုံရိုက်ထားပါက Tsukimori မှ အတန်းသားများကို နှိမ်သိမ့်နေသည် ဟုပင် ထင်မိဦးမည်။ တနည်းအားဖြင့် Tsukimori Youko သည် ကျွန်တော်တို့ သနားရန်ပင်မလို။ ဒီလို လူအများကြားတွင် သူ့၏ တန်ဖိုးမှာ ပေါ်လွင်ပေသည်။ ယူနီဖောင်းအတူတူ နှင့် အသက်အတူတူ ဖြစ်သော်လည်း အများအလယ်တွင် သူမသည် အမှောင်ညတွင် ဝင်းပနေသော လမင်းနှယ် မဟာဆန်မှုနှင့် ပြည့်ဝနေသည်။ RPG game တွေမှာလိုပင် သူမကို စောင့်ရှောက် နေကြသူများက ခံတပ်သဖွယ် ဝိုင်းဝန်းစောင့်ရှောက် ပေးနေသော သူမ အဖို့ ကျွန်တော်သည် အနီးအနားမှ NPC ရွာသားသာသာ ပင်။ သူမနှင့် မျက်လုံးချင်းဆုံမိတိုင်း ကျွန်တော်အနေဖြင့် သူမ၏ လူအများထံမှ ကယ်တင်ရန် တောင်းဆိုသည့် အကြည့် ဟု အဓိပ္ပါယ်ဖွင့်မိသည်။ သို့သော် ကျွန်တော် အထင်မှားသွားပါက ကျွန်တော်သာ အရူးဖြစ်မည် ဖြစ်ပြီး ထို့အပြင် ကျွန်တော်လို လူမျိုးမှ သူရဲကောင်းတစ်ယောက်လို ပင်ပန်းချွေးထွက်မည့် အလုပ်မျိုးကို စေတနာအရ လုပ်ပေးလိုသည်မဟုတ်။ ထို့အကြောင့် အပိုတွေလုပ်နေသည့် စာသန်ခန်းထဲကို မျက်ကွယ်ပြု၍ ရွာသားတစ်ယောက် ပီသစွာ ပြတင်းပေါက်မှာ ပြူထွက်နေသော တိမ်တိုက်များကိုသာ တိတ်ဆိတ်စွာ ကြည့်၍ ပထမ အချိန်မစမှီအထိ အချိန်ဖြုန်းနေလိုက်သည်။ မုန့်စားဆင်း သည်အထိ အခြေအနေမှာ မပြောင်းလဲ။ ကျွန်တော် သူမကို စကားမပြောဖြစ်တာ အတော်ကြာပြီဖြစ်ကို သတိထားမိသည်။ ထိုကြောင့် ဆူညံမှုများ၏ အဝေး ၊ တိတ်ဆိတ်ငြိမ်သက်သော စင်္ကြ တွင်သာ ကျွန်တော် အချိန်ဖြုန်းရန် ထွက်ခွာလိုက်သည်။ ကျွန်တော်၏ ဆုတ်ခွာမှုကို သတိထားမိ၍ မုန့်စားဆင်းချိန်တွင် ကျွန်တော်နှင့် တိုက်ရိုက်ပြော၍မရသောကြောင့် Tsukimori ပါးနပ်စွာ အစီရင်ခံစာပေးရင်း သီးသန့် စာရေးပေးလိုက်ကာ ကျွန်တော်ဆီကို လှမ်းပို့လိုက်သည်။ အားလုံးသတိမထားမိအောင် ကျွန်တော်ဆီပို့လိုက်သောအခါ ကျွန်တော်ကိုပင်မကြည့် ၊ အစီရင်ခံစာလည်း လှမ်းပေးသလိုလိုဖြင့် အိတ်ကပ်ထဲကိုလည်း တခုခုလှမ်းထည့်လိုက်သည်။ ကျောင်းဆင်းချိန် ကြည့်မိလိုက်သော် စာရွက်အပိုင်း မှာမှာငါးခု ၊ ပထမအချိန်ကတည်းကရခဲ့သည့် စာရွက်အပိုင်းအစများနှင့် အစီအစဉ်တကျ ပြန်စီသော် «ဘာလို့ငါ့ကို မကူတာလဲ?» «နင်ငါ့ဘယ်လိုခံစားနေရလဲ သိတယ်မဟုတ်လား?» «ငါတို့ စကားမပြောတာကြာပြီ» «မုန့်စားဆင်းရင် စာကြည့်တိုက်မှာရှိနေမယ်» «နင် ဒီလောက် အသည်းမာမှန်း မသိခဲ့ဘူး» သေချာသည်က သူမ စာရွက်အပိုင်းများ ပို့ခဲ့သည်။ ထိုမျှ စာရွက်များ တစ်ရွက်ပြီး တစ်ရွက်ပို့သည်ကို ကြည့်ခြင်းဖြင့် လွယ်လွယ်နဲ့လက်မလျော့သော သူ့စိတ်ဓာတ်နဲ့ မာနကို သတိထား မိလိုက်၏။ စကားမစပ် ကျွန်တော် မုန့်စားဆင်းချိန်က တရေးအိပ်ပျော်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမနှင့်က အလုပ်တွင်လည်း တွေ့ရမည် ဖြစ်သည်။ ထိုအပြင် ဆက်၍ ကြည့်လိုက် သောအခါ သူမ မပေးရသေးသည့် စာရွက်စ တစ်စလိုနေပုံ ၊ သူမ တချိန်ပြီးလည်း ပေးသည့် အနေအထားအရ ဆိုပါက ကျောင်းဆင်းချိန်တွင် တစ်ခု ပေးရမည် ဖြစ်သည်။ ထင်သည့်အတိုင်း ကျွန်တော် ခုံအောက်တွင် စာရွက်စကို မတော်တဆဟန်ဖြင့် ပစ်ချလိုက်ပြီး သူမ သူငယ်ချင်းများကိုတော့ ပျော်ရွင်စွာ နှုတ်ဆက်လျက်။ အလောသုံးဆယ် ရေးထားသော စာကိုဖတ်ပြီးနောက် မျက်နာမှာပြုံးမိသည်။ ဒါကတော့ ကျွန်တော် ငြင်းဆန်၍ မရသော တောင်းဆိုမှု ထိုကြောင့် လွယ်အိတ်ကို ကောက်လွယ်ကာ အတန်းထဲမှာ ထွက်လာခဲ့သည်။ « ဒီနေ့ပင်ပန်းတယ် စကားမပြောချင်ဘူး ငါ့ကို စက်ဘီးနဲ့ အလုပ်ကိုလိုက်ပို့ ဒါဆိုရင် နင့်ဒီနေ့လုပ်တာ ခွင့်လွတ်ပေးမယ်» ထင်သည့်အတိုင်း ဝိုင်းဝိုင်းအလည်ခံရသော လူတစ်ယောက်အဖြစ်က မလွယ်လှ၊ ကြည့်နေသည့်သူပင် စိတ်ပျက်မိလျင် ၊ ကိုယ်တိုင် သရုပ်ဆောင်နေရသော သူမ အတော်ပင် ပင်ပန်းလိမ့်မည်။ စာဖြင့်ပင် ဖြစ်သော်လည်း သူမ အားနည်းချက်ကို မြင်ရသောကြောင့် စိတ်ကျေနပ်မိသွားပြီး မင်းသမီးလေး၏ ဆန္ဒဖြစ်သည့် သူမ စက်ဘီးစီးချင်သည်ကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက် သည်။ ကျောင်းမှ ထိုသို့တွေးရင်း ပြန်လာစဉ် အရပ်ရှည်ရှည် ပုဂ္ဂိုလ်တစ်ဦးကို ကျောင်းအပေါက်ဝတွင် တွေ့လေ၏။ ကျွန်တော်ကို ချက်ချင်းပင်တွေ့သွားကာ ကျောင်းဝတွင် ပုန်းလျှိုး ကွယ်လျှိုး လက်လှမ်းပြပြီး လှမ်းခေါ်လေသည်။ မသိချင်ယောင်ဆောင်နေရန် ကြံသော်လည်း ထိုလူပုံစံက ထိုသို့ပြု၍ ရမည်မဟုတ်။ သူ ကျွန်တော်ကို မမှီသေးသည့် အချိန်ပိုင်း အတွင်း ဖုန်းကို ခပ်သွက်သွက် ထုတ်ပြီး Tsukimori ဆီမလာနိုင်တော့ကြောင်း ရေးပြီး ပို့လိုက်သည်။ သူမကို ထိုကိစ္စတွင် ဝင်ရောက် ပတ်သတ်မည်ကို မလိုလား။ သူမကို သူရဲကောင်းဆန်ဆန် ကာကွယ်မည်ဟု ရည်ရွယ်သည်လည်းမဟုတ် ၊ သို့သော် ပုဂ္ဂိုလ်ရေးကိစ္စဖြစ်၍ သာ။ အကြောင်းပြန်ချက်က စက္ကန့်ပိုင်းအတွင်းရောက်လာသည်။ « နင့်ကို ဂရုမစိုက်တော့ဘူး! မြန်လိုက်သည်ဖြစ်ခြင်း။ ဒီစာလုံးတွေကို မည့်သို့များရိုက်သည် မသိ။ ကျွန်တော် မှန်းဆ မိသည်ကတော့ သူမက ဒေါသတကြီး ဖုန်းကို လျင်မြန်စွာနှိပ်နေပုံကို မြင်ယောင်မိသည်။ ကောင်းကင်ကိုကြည့်မိပြီး အနည်းငယ် စိတ်အလိုမကျ ဖြစ်မိသော်လည်း ကျွန်တော် မှားသည်ကိုတော့ သိသဖြင့် လက်လျော့လိုက်သည်။ အနည်းဆုံးတော့ အကြောင်းရင်းမရှိပဲ ကျွန်တော် သူမကို တနေ့လုံး ရှောင်ရှားခဲ့သည်။ ကျွန်တော် အများမှ အာရုံစိုက်မည့် တစ်ယောက်ဖြစ်မည်ကိုတော့ မလိုလားပေ။ “ဟေ့! ဒီမှာ ရပ်နေ့မယ့်အစား ကားဆီသွားတာပေါ့” Konan ကတော့ ထုံးစံအတိုင်း ပျော်ရွင်နေပုံ “ဒီတစ်ခေါက် ဘာလိုချင်လို့လဲ” စိတ်တိုင်းမကျသည့်ပုံဖြင့် တမင်တကာ တုံပြန်လိုက်သည်။ “ငါပြောရမှာလား?” “အင်း ကျွန်တော် အလုပ်လုပ်ရဦးမှာ ဒီတော့ ဘာမှမဟုတ်ရင် ကျွန်တော် မလိုက်တော့ဘူး” “အမ်… အင်း ငါပြောလို့တော့ ရမှာပါ ဒါပေမယ့် ကျောင်းဂိတ်ဝမှာ ဒီလို ကိစ္စတွေကို ပြောစေချင်လို့လား သိချင်လို့ပါ?” သူ မျက်တောင်ခတ်လိုက်ပြီး ကျွန်တော်ကို ကျန်သည့်ကျောင်းသားများက ဝိုင်းကြည့်စေရန် ဖိအားပေးလိုက်သည်။ “. . . အင်းသွားကြစို့ လာ” “ကျေးဇူးပါပဲ! မင်းနဲ့အလုပ်လုပ်ရတာ တကယ်ပဲဝမ်းသာပါတယ် Nonomiya-kun!” ကြာကြာနေလျှင် ကောလဟလများ ထွက်လိမ့်မည်။ ထို့ကြောင့် မလိုက်ချင်လိုက်ချင်နှင့် သူနောက်မှ လိုက်ခဲ့သည်။ Konan ကားမှာ ကျောင်းဘေးမှာပင် ရပ်ထားပြီး ကားမှာ အနီရောင်ပြိုင်ကား ၊ သူနှင့်ပင် အတော်လိုက်သည်ဟု ပြောရမည်။ “ကားကမိုက်တယ် မဟုတ်လား ငါ တမင်တကာ Porsche တို့ Ferrari တို့ Alfa Romemo တို့ မရွေးပဲ ဘာလို့ Audi ကိုရွေးတယ်သိလား ငါက Audi ပဲတက်နိုင်တယ် လို့ မင်းထင်လား” “ရဲ တစ်ယောက်က ဒီလမ်းပေါ်ရပ်လို့ရရဲ့လား?” ကားကိုမူ မည်သည့်ကားဟု သတိမထားမိ ၊ သို့သော် မရပ်ရ ဆိုင်းဘုတ် အနီးတွင် ထောင်ထားသည်ကိုတော့ သတိထားမိသည်။ “ရတယ်လေ ငါက ရဲပဲဟာကို ငါသာ အဖမ်းခံရလို့ကတော့ ငါရာထူးကိုသုံးပြီး လိုက်ထောင်းမှာ” “ဘယ်လောက် ခြစားနေတဲ့ ကမ္ဘာကြီးလဲ” “ဘယ်သူကြောင့်လဲ?” “ခင်ဗျားရင်ထဲမှာတော့ သိမှာပေါ့” “အိုး ဒဿနဆန်လိုက်တာ အရမ်းကို နက်နဲလွန်းတယ် ဒီတော့ ဝင်သာဝင်လာခဲ့ပါ” ဘာမှမဖြစ်သလို သူမျက်နာအမူအရာက ရူးချင်ယောင်ဆောင်နေသည့်အတိုင်း လိုက်ဖက်လှသည်။ ထိုကြောင့် ကားထဲဝင်ထိုင်ရန်မှလွဲ၍ အခြားမရှိ။ “အရင်ရက်က ငါတို့စားသောက်ဆိုင်မှာ Youko-chan အမေပျောက်သွားတဲ့နေ့အကြောင်း ရှင်းပြတာ မှတ်မိလား ? အဲဒီစားသောက်ဆိုင်လေ” “အင်း” ကျွန်တော် ထိုင်လိုက်ပြီးနောက် Konan လိုလိုလားလားဖြင့် ပြောလေသည်။ “တကယ်တော့ ငါ့စိတ်ထဲမှာ အမျိုးမျိုးတွေးကြည့်ပေမယ့် တချို့ဟာတွေက ယုတ္တိမတန်သေးဘူး” Konan ပြတင်းပေါက်ချလိုက်ပြီး အိတ်ကပ်ထဲမှာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ “သူအမေ အလုပ်က တစ်ယောက် ဖုန်းခေါ်တာကို ပြောတာ။ လုံးဝကို ကွက်တိဖြစ်နေသလိုပဲ Youko-chan က အစောကတည်းက မင်းနဲ့အတူရှိနေတဲ့အချိန် ဖုန်းခေါ်မှာကို ကြိုသိနေသလို မဖြစ်နေဘူးလား?” ဆေးလိပ်ငွေ့များကို ပြတင်းပေါက်မှ မှုတ်ထုတ်လိုက်သည်။ “မင်းကိုဖက်လိုက်တဲ့ အချိန်မှ ဖုန်းက ထမြည်တာ မထူးဆန်းဘူးလား?” ထိုနေ့ ည လမ်းမပေါ်တွင် မိုးရွာနေသောမြင်ကွင်း ___ ထီးရောင်စုံများ က ကျွန်တော့်အတွေးထဲဝင်လာသည်။ “ဘာလို့ သူက ဒီအချိန်ကြမှ ဖုန်းခေါ်အောင်လုပ်တာလဲ?” သူမ ဖုန်းခေါ်သည့် အချိန်ကို စိတ်ဝင်စားမိသည်။ သို့သော် ဒီလိုမျိုးလိုချင်သည့် အချိန်ရအောင် တပါးသူမှ ဖုန်းခေါ်အောင် ဘယ်လိုလုပ်သနည်း ဆိုသည်ကိုတော့ မပြောတက်။ “မင်းကို မဖက်ခင်ကတည်းက သူ့ဖုန်းနံပါတ်ချန်ထားတာ ဖြစ်နိုင်တာပဲ ဥပမာ” ဒါက အရေးပေါ်အချိန်။ “ဒီလောက် အရေးကြီးတဲ့ ကိစ္စကွာ ဒီတော့ မင်း အလုပ်လုပ်နေတုံးလည်း ခေါ်နိုင်တာပဲ” ဟင်းချက်သင်တန်းကျောင်းအတွက်တော့ ဆရာမ တစ်ယောက်က မသိပဲနဲ့ ပျောက်သွားဖို့ ဆိုတာ သိပ်တော့ မဖြစ်နိုင်လှ။ ထိုကြောင့် အမည်မသိဖုန်းတစ်ခုခုမှ ဖုန်းခေါ်သဖြင့် ၎င်းတို့မှဖုန်းပြန်၍ ခေါ်သည်က ပို၍ ဖြစ်နိုင်သည်။ “သို့သော် ဘယ်သူမှ သူကို ဖုန်းခေါ်တာ ဟုတ်လား မဟုတ်ဘူးလား ဆိုတာ မသိဘူး ၊ အတူရှိနေတဲ့ မင်းတောင် မသိနိုင်ဘူး” Konan ပါးစပ်မှ ခပ်ထေ့ထေ့ပြုံးလိုက်ကာ “အကယ်၍ မင်းသာ သူနဲ့ ထိတွေ့မနေမချင်း တနည်းအားဖြင့် ဖက်ထားမှပဲ သိနိုင်မှာ” ကျွန်တော် ထိုနေညကခံစားမှုကို ပြန်လည် သတိရမိသည်။ ဖုန်းမှလှုပ်ခါမှက သူမရင်ဘတ်မှ တဆင့် ကျွန်တော် ရင်ဘတ်ဆီသို့။ “. . .ဟုတ်တယ် သူမဖုန်းကိုတောင် silent လုပ်ထားသေးတယ်” “ဒါကို ပြောချင်တာလေ ငါတို့နဲ့ ရင်ဆိုင်နေတာ Youko-chan လေ ဒီတော့ အစောကတည်းက ဘယ်သူမှ ဖုန်းမခေါ်တာလဲ ဖြစ်နိုင်တယ် တနည်းအားဖြင့် သူဟန်ဆောင်နေတာ သရုပ်ဆောင်နေတာ” “သရုပ်ဆောင်” “မင်း alarm function ကိုကြားဖူးလား?” “ကြားဖူးတာပေါ့ဗျာ ကျုပ်ကိုဘာများ__” ဟုပြောမိပြီးမှ ပါးစပ်ပိတ်သွားသည်။ သူဆိုလိုသည်ကို ကျွန်တော် သဘောပေါက်သွားသည်။ “ဖုန်းဆက်မှ လှုပ်တာ မဟုတ် နောက်ပိုင်း Alarm function တွေကလည်း ဖုန်းကိုလှုပ်အောင် လုပ်လို့ရတယ် မင်း တစ်ခုခု မနှိပ်မချင်းပေါ့” “သူတကယ်လုပ်ပါ့မလား?” ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သည်။ သို့သော် ဖြစ်နိုင်ချေကို ခေါင်းထဲထည့်သွင်းစဉ်းစားကြည့်သော် အဖြေမှာ ရှင်း၏။ “သူသာဆိုရင် ဘယ်သေချာပါ့မလဲ မင်းပြောနိုင်လို့လား?” ကျွန်တော် မငြင်းဆန်နိုင်။ ကျွန်တော်လည်း သူမ လုပ်လိုက်သည်ဟု ထင်မိသည်။ “ကောင်းပြီ သူဖုန်းခေါ်တာက တကယ်လား အိုက်တင်လား ဆိုတာ မသိဘူး ဒါက မင်းပြောသမျှထဲက ဖြစ်နိုင်ချေကို ဆွဲထုတ်တာပဲ ဒါပေမယ့် ဒါက သိပ်ပြီးတော့ ဆီလျော်တာတော့ မဟုတ်ဘူး ၊ မေ့ချင်လည်း မေ့လိုက့်။ သူ့ရည်ရွယ်ချက်က တခြားတခုဆိုတော့ ” “သူ့ရည်ရွယ်ချက်က. . . ?” Konan တိတ်ဆိတ်သွားပြီး ကျွန်တော် ပါးစပ်မှ တဖွဖွလှုပ်နေသည်ကို သတိထားမိသဖြင့် ထွက်ကျမည့် စကားလုံးများကို စောင့်နေသည်။ ။ သူမ အဓိက ရည်ရွယ်ချက်က ထိုည သူမ ဖုန်းအခေါ်ခံရသည်ဟု ပင် လိမ်ညာရသည့် ရည်ရွယ်ချက်မှာ __ “__ ကျွန်တော် ကို မျှားခေါ်တာလား?” သူလက်ဖျစ်တီးလိုက်သည်။ “ဒါပဲလေ! ဒါမှပဲ သူအိမ်ကို ပို့ဖို့ ယုတ္တိရှိမှာလေ ဘယ်သူကမှ အမေပျောက်သွားတဲ့ သမီးငယ်လေးကို တယောက်တည်း မထားခဲ့ဘူး ဥပမာ မင်းလို အေးတိအေးစက် ဂရုမစိုက်တက် တဲ့သူတောင် အင်း မင်းနောက်ဆုံးတော့လည်း သူ့အိမ်လိုက်ပို့ခဲ့ရတာပဲလေ” Konan ထောက်ပြမှ ကျွန်တော် ထိုညအဖြစ်အပျက်များကို ပြန်စဉ်းစားမိသည်။ __ တကယ်ကို တိုက်ပျက်ကြီးကို ပြန်လည်တည်ဆောက်နေသလို မြန်ဆန်သော အချိန်အတွင်းမှာ အသစ်ဆောက်လုပ်ထားသော တိုက်အသစ်မှာ အဟောင်းနှင့် လွန်စွာကွာခြားသွားသည်။ ပြာခွက်ထဲသို့ သူ့စီးကရက်ကို ခြေလိုက်ပြီး နောက် ဆက်၍ “မင်း သဘောပေါက်ပြီထင်တယ် သူမင်းကို သူ့အမေ မှာတမ်း တမင်တကာရှာတွေ့စေတာ” ကျောတစ်လျောက် ကြက်သီးတဖြန်းဖြန်းထမိသည်။ သူပြောသည်သာ အမှန်ဆိုလျှင် အကုန်လုံးမှာ Tsukimori Youko ရေးထားသည့် ဇာတ်ညွန်းအတိုင်းပင် ဖြစ်ပျက်နေသည်ကိုး။ “နောက်တစ်ချက် သံသယ ဖြစ်စရာက သူ့အိမ်ရောက်တုံးက မင်းပြောဖူးတာ မှတ်မိလား ငါမှတ်မိတာ အိမ်ရောက်ရောက်ချင်း သူစလုပ်တဲ့ အလုပ်က မင်း မိုးရေတွေစိုနေလို့ တဘက်သွားယူတယ်လေ” သူခေါင်းကိုထောင်လိုက်ပြီး စူးရှသည့်အကြည့်ဖြင့် “ဒါက ပုံမှန်မှမဟုတ်တာ မဟုတ်ဘူးလား ပထမဆုံး လုပ်ရမှာက ‘တဘက်သွားယူရမှာ’ မဟုတ်ဘူး ‘အမေကိုရှာရမှာ’!” Tsukimori Youko ဘယ်သူမှ မသတ်ဖူးဆိုသည် ယူဆချက်ကြောင့် ဘာပဲဖြစ်ဖြစ် သူ့အမြင်ကို ငြင်းဆန်ရပါလိမ့်မည်။ “ဟုတ်တယ် ခင်ဗျားပြောတာမှန်တယ် ဒါက ပုံမှန်မဟုတ်ဘူး သို့သော် ကျွန်တော် အိမ်ထဲကို ဝင်လိုက်ကတည်းက ဘယ်သူမှမရှိတာကို သတိပြုမိတယ်။ ဒီတော့ ကျွန်တော်လို အပြင်လူတစ်ယောက်တောင် ဒီလို သတိပြုမိမှတော့ Tsukimori သာဆိုရင် ပိုပြီးသတိထားမိမှာပဲ။ ဒါကြောင့် အလောသုံးဆယ် မရှာတာလို့ထင်တယ်” သို့ပင်သော်ညား သူထောက်ပြသည့်အချက်များကို အလွန်သဘောကျမိသည်။ “မင်းပြောချင်တာက Youko-chan သူ့အမေမရှိဘူးဆိုတာကို ရှာစရာမလိုပဲ သိနေတယ်လို့လား” “အင်း” ဟု ကျွန်တော် ခေါင်းညိတ်လိုက်သည်။ “ငါ့တော့ ဒီလိုမထင်ဘူး” Konan အပိုင်ဖဲကို ကိုင်ထားသော သူ တစ်ယောက်ကဲ့သို့ပြုံးကာ “ဒါပေမယ့် ငါကလူကြီး ပြီးတော့ လောကကြီးနဲ့ပတ်သတ်ပြီး အတွေ့အကြုံပိုရှိတယ် ဒိတော့ ငါမင်းလို ရိုးစင်းစွာ မတွေးနိုင်ဘူး” ဒီလောက် အချက်များကိုသာ သိထားသော်လည်း ဒီလို ယူဆချက်ထွက်လာသည် ဆိုသည်က သူ့အနေဖြင့် စုံထောက်ဟုသော အမည်နာမနှင့်ထိုက်တန်သည်။ တကယ်ပင် လုပ်ရည်ကိုင်ရည် ရှိသူ တစ်ယောက်။ သူကြောင့် ထိုကိစ္စကိုပို၍ နားလည်လာသည်။ ကိုယ်ကိုယ်ကို စိတ်မရှည်လာသလိုပင်__ “မင်းရောက်နေတဲ့အချိန်မှာ သူအမေက သေနေလောက်ပြီ ပြီးတော့ အဲဒါကို သူလည်း သိတယ် ဒီတော့ သူက သိပ်မရှာချင်ဘူး ဒါကြောင့် သူရဲ့ပုံမှန်မဟုတ်တဲ့ အပြုအမှုကို ဒီလို ယူဆလို့ရတယ် မင်းသဘောမတူဘူးလား” “. . . ဒီတော့?” ကျွန်တော် အသံကိုထိန်းပြောသောလည်း အနည်းငယ်ကွဲအက်သွားသည်။ “ခင်ဗျား ဘယ်လိုထင်လို့လဲ?” အဘယ်ကြောင့်ဆိုသော် ကျွန်တော် Konan ပြောမည့်အဖြေကို ကြိုတင်သိထားသောကြောင့်။ ကျွန်တော် သူမျက်လုံးကို ရှောင်ဖယ်လိုက်စဉ် သူ ရှည်လျားလှသော လက်မောင်း မှ ကျွန်တော် ခေါင်းနံဘေးမှ ဖြတ်၍ ကားတံခါးပြတင်းပေါက်ဆီသို့။ “မင်းခေါင်းထဲမှာ သဘောပေါက်သွားပြီလား ဒါဆို ငါ ပွင့်ပွင့်လင်းလင်းပြောရရင်” စူးရှသောအကြည့်က ကျွန်တော် ဆီသို့ ချဉ်းကပ်လာသည်။ ဆေးလိပ်ငွေ့များက ကျွန်တော် နှာခေါင်းဆီသို့ ကလူကျီစယ်။ “. . .Tsukimori Youko ဆိုတဲ့ အဲဒီကောင်မလေးက သူ့အမေကို သတ်လိုက်တာ!” ထိုသို့ကြေညာပြီးနောက် သူအကြည့်မှာ ရှေ့ဘက်ဆီသို့။ သူကြည့်သည့်နေရာကို ကျွန်တော်လည်း လိုက်ကြည့်မိသည်။လမ်းမဘေး ပလက်ဖောင်းပေါ်တွင် ငါးအုပ်များဖြတ်သန်းနေသလို ကျောင်းသားများ အိမ်အပြန်။ အားလုံးထဲမှ တစ်ယောက်မှ ကွဲပြားစွာ ပလက်ဖောင်းတွင် ရပ်စောင့်နေသည်။ ပုံသဏ္ဌန်မှာတော့ သွယ်လျပြီး ဆံပင်အရှည်ဖြင့်။ နေရောင်မှ ပံပိုးပေးသဖြင့် သူမ မျက်နာကို သေချာမမြင်ရသော်လည်း ဘယ်သူလဲ ဆိုတာ သိမိသည်။ သို့သော် ထိုကျောင်းသူမှာ ကျွန်တော်တို့ကို ကြည့်နေသော်လည်း ရောက်ရှိလာခြင်း မရှိ သလို ထွက်ခွာသွားခြင်း မရှိ ၊ တည့်တည့်သာ စိုက်၍ကြည့်နေသည်။ ကျွန်တော်တို့နှင့်ထိစပ်ခြင်းမရှိသော်လည်း အရိပ်မှာ ထင်ရှားပြတ်သားလှသည်။။ ထိုကြောင့် ကျွန်တော် အလောသုံးဆယ်ဖြင့် “. . .အခု သွားကြစို့” “တကယ်လား?” ရှေ့ကိုကြည့်နေရင်းနဲ့ Konan လှမ်းမေးလိုက်သည်။ “အင်း” ဟုဖြေလိုက်သည်။ သို့သော် သူက စိတ်ပင်ပန်းပုံဖြင့် “ဟမ်?” ထိုနောက် သူ ဂီယာပြောင်းထိုးပြီး ကားကို နောက်ဆုတ်ကာ စထွက်လိုက်သည်။ မကြာမီပင် ထိုကျောင်းသူနှင့် ကျွန်တော်တို့မှာ ပြောင်းပြန်ဖြစ်သွားသည်။ ထိုအချိန်တွင် ကျွန်တော် လက်သီးပြင်းပြင်းဆုပ်မိပြီမှ တပါး အခြားဘာမှ မတက်နိုင်။ အစောပိုင်း Konan မည်သည်မျှ မပြောသော်လည်း မီးပွိုင့်နီသွားသောအခါ သူ့စောင်နေရသကဲ့သို စကားစလိုက်သည်။ “ဒီတော့ သူအမေ သေတမ်းစာ အတုလုပ်တာနဲ့ပတ်သတ်ပြီး အထူးတလည်ပြောစရာမလိုတော့ဘူးထင်တယ်” ခေါင်းညိတ်လိုက်မိသည်။ ကျွန်တော် ထိုထက်ပို၍ ထိန်းချုပ်၍မရတော့။ ကျွန်တော် ဘာစကားများထွက်မိမည်ကို ကိုယ်ကိုယ်ကိုပင် မသိတော့။ “သူက အရမ်းတော်တဲ့ ကောင်မလေး ၊ သူကိုယ်တိုင်ရှာတွေ့ရင် သံသယဝင်စရာ ဖြစ်မယ်ဆိုတာ ကြိုသိတယ် ဒါကြောင့် မင်းကိုရွေးတာ ဒါကြောင့် မင်းရှာတွေ့တဲ့အတွက် သူ့အကြံအစည်က လှပစွာပြီးဆုံးသွားတာ” အံကိုကြိတ်မိသည်။ “ကျွန်တော်လည်း သူမိသားစုဖြစ်တဲ့ သူအမေကိုတောင် သူပြန်သတ်နိုင်တယ်ဆိုတာ စဉ်းစားမိတယ် သူအနေနဲ့ဆိုရင် သူ့အမေကို ထူးထူးခြားခြား တောင် စဉ်းစားနေစရာလိုမယ် မထင်ဘူး တောင်ကုန်းပေါ်က ပန်းခြံကိုသွားပြီး တွန်းချလိုက်ရုံပဲလေ” လက်သီးကိုတင်းကျပ်စွာဆုပ်ထားသဖြင့် နာကျင်မိသည်။ “သူ့အတွက်ဆိုရင် ဘယ်ခက်ခဲပါ့မလဲ?” ဒီလိုအပိုတွေမပြောနဲ့! ခင်ဗျားက ကျုပ်လောက် သူ့ကို သိပါ့မလား! ထိုစကားပြောပြီး အော်ဟစ် ထိုးနှက်မိတော့မည် ဖြစ်၍ မနည်းထိန်းချုပ်လိုက်ရသည်။ စိတ်ထဲတွင် စိုးမိုးနေသည်က စိတ်မရှည်မှု မဟုတ် ဒေါသများပင်။ သူမကို အခြားတစ်ယောက်မှ ယခုလိုပြောခြင်းသည် ကိုယ်စိုက်ထားသည့် ခြံလေးထဲတွင် သူစိမ်းတစ်ယောက် အပင်များ နင်းချေသွားသလို ခံစားလိုက်ရသည်။ Konan ကားကို ဘေးတွင်ထိုးလိုက်ပြီးနောက် ပြုံး၍ “ရောက်ပြီ” ကျွန်တော် ကြည့်လိုက်မိတော့ ကော်ဖီဆိုင်အနီး လမ်းမဘေးတွင် ထိုးထားသည်။ ထိုကြောင့် ခေါင်းညိတ်၍ “ကျေးဇူးပါပဲ” ။ ထိုနောက်တွင်တော့ ပုံမှန် သိရခက်သည့် အပြုံးဖြင့် သူပြုံးကာ အမေရိကန်တစ်ယောက်လို ပုခုံးကို တွန့်လိုက်သည်။ “မင်း လန့်သွားရင်တော့ ဆောရီးပါ ဒါပေမယ့် တခါတလေတော့လည်း ငါက စုံထောက် တစ်ယောက်ဆိုတာ မင်းကို ပြချင်တယ် သိလား” သူ သွားကိုဖြဲရယ်ပြသော်လည်း သူ့မျက်လုံးများမှ မပြုံးပေ။ “ပြီးတော့ တချို့ဟာတွေကို ဖုံးကွယ်ထားချင်တဲ့မင်းကို ငါ အထင်မလွဲချင်ဘူး” ကျွန်တော်ပုခုံးကို လှမ်းဆွဲလိုက်သည်။ “စိတ်ဝင်စားစရာ အချက်တွေ ပေးမယ်ဆိုရင် ငါလည်း အလုပ်ရှုပ်သက်သာတော့ ကျေးဇူးတင်မိမှာပဲ” သူ လေသံမှာ တိုးညှင်းသော်လည်း လေးနက်စွာပြောလိုက်သောကြောင့် ကျောရိုးထဲတွင် စိမ့်၍။ လူတစ်ယောက် လည်ပင်းကို ဓားဖြင့်ထောက်၍ ခြိမ်းခြောက်သလို။ ကျွန်တော် ဘာမှ ပြန်မပြောပဲ အကြည့်ကိုလွဲရှောင်ကာ ကားပြတင်းပေါက်မှ လူတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ ထိုသည်မှာ မျက်တောင်ခတ်သည်မှလွဲ၍ တည်လှသော ကျောင်းသားတစ်ယောက်၏ သွင်ပြင်။ ထိုအပြင် သူ့ကျောင်းသား ၏ လက်တစ်ဖက်မှာ သူ့ရင်ဘတ်ကို ကိုင်ထားသည်ကိုတွေ့ရပြီး ကျွန်တော် လက်ချောင်းများ၏ အထိအတွေ့ကို ခံစားမိသည်။ —လူသတ်နည်း သတိမထားမိခင်မှာပင် လက်မှကိုင်မိသည်။ ဒါက ဘာပဲဖြစ်ဖြစ် ကျွန်တော် ထိန်းသိမ်းရမည့်အရာ။ လူသတ်နည်းမှာ ကျွန်တော် Konan ကိုလွဲပြောင်းပေးလိုက်ပါက တစ်ခုတည်းသော Tsukimori Youko ကိုအနိုင်ရမည့် သော့ချက်တစ်ခု။ ———————————————————————————– ဆိုင်ပိတ်ချိန်၊ မိုန်ပျပျ ကော်ဖီဆိုင်တွင် ကြမ်းတိုက်နေသည်။ ရုတ်တရက် ကျွန်တော် ကြမ်းတိုက်နေသည့် လမ်းကြောင်းပေါ်တွင် အရိပ်တစ်ခုကျလာသည်။ ထိုကြောင့် ခြေနှစ်ဖက်ကို ကားထားပြီး လက်ပိုက်ထားသော အရိပ်ပိုင်ရှင်ကို ကြည့်လိုက်သည်။ “နင် ရန်ဖြစ်တာလား ဘာဖြစ်တာလဲ?” ဟု Mirai-san မှ မျက်မှောင်အသေအချာကြုတ်၍ လှမ်းမေးလိုက်သည်။ “ရန်ဖြစ်? ဘယ်သူလဲ? ဘယ်သူနဲ့လဲ?” ရူးချင်ယောင်ဆောင်နေသည်မဟုတ် ၊ တကယ်ပင် မသိပါ။ “နင်ရူးနေတာလား? နင်နဲ့ Youko ပေါ့ ဘယ်သူရှိရဦးမှာလဲ?” “မရူးပါဘူးဗျာ ဒါပေမယ့် ဘာဖြစ်လို့လဲ ” “ကြည့်လိုက်တာနဲ့သိသာလွန်းတာကိုး နင်တို့စကားမပြောတာကြာပြိလေ မဟုတ်လား?” ကြမ်းတိုက်တံကို မှီလိုက်ရင်း စဉ်းစားမိလိုက်သည်။ “. . . စကားမပြောဖြစ်ကြဘူး?” ကျွန်တော် ယနေ့အလုပ်မှ လွဲ၍ ကျန်သည်ကို မမှတ်မိ။ “ဟေ့ အူကြောင်ကြောင် မလုပ်နဲ့လေ နင်တို့က ယူဇနာခြားတာကျနေတာပဲ” ပြောမှသတိရသည်။ ကျွန်တော် “ယူဇနခြား” ပြီး Konan နှင့်ရှိနေသည်ကိုး။ အလုပ်ဆက်တိုက်လုပ်နေရင်း စိတ်ထဲမှ ထိုလူကို ကျော်နိုင်ရန်စဉ်စားနေသည်။ မည်သို့ပင် စဉ်းစားသည့်ဖြစ်စေ ထိုသူကို ကျော်နိုင်ရန်မလွယ်။ “ဒါနဲ့ အဲဒါကိုထားလိုက်ပါတော့ အစ်မလည်း ဘာမှထူးတာမှမဟုတ်..” “ကန့်ကွက်တယ်!” “မတရားဘူး!” သူမ စာနာစိတ်မရှိပါ။ “ဆက်ပြောပါရစေဦး ဒီတစ်ခေါက် Youko ကလည်း ထူးဆန်းနေတယ် နင့်ကိုရှောင်နေသလို ငါသတိထားမိတယ်” သူမေ့စေ့ကိုပွတ်၍ ကောက်ချက်ချလိုက်သည်။ “နင်ဘာလုပ်လိုက်လဲ? ရှင်းစမ်းပါဦး ငါကြားပါရစေ” ထုံးစံအတိုင်း သူမအတွေးဖြင့်သာ ကျန်သူများကိုပင် ဂရုမစိုက် ၊ ခေါင်းမာလှသည်။ “ကျွန်တော်က ခံရတဲ့လူလို့ မတွေးမိဘူးလား ” “အင်း ငါကတော့ အမြဲတမ်း Youko ဘက်ကပဲ” “လောကကြီးက မတရားဘူးဗျာ!” “အိုး ခုမှသိလား” ကျွန်တော် ပြောစကားကို ခပ်မာမာပင်တုံ့ပြန်လေ၏။ “လောကကြီးက ဘယ်နေရာဖြစ်ဖြစ် မရားဘူး ဒါမှမဟုတ်ရင် လူတန်းစားခွဲခြားမှုဆိုတာ ဘယ်ရှိပါ့မလဲ ဒီတော့ သောက်တလွဲလောကကြီးမှာ ငါက သူတော်ကောင်းလုပ်နေရမှာလား ငါဖာသာငါကြိုက်သလိုလုပ်မယ်” အသင်တို့ တကိုယ်ကောင်းဆန်တဲ့ မိန်းမမျိုးကို မြင်ဖူးချင်ပါက ကျွန်တော်ရှေ့တွင်သာလာ၍ ကြည့်ပါလော့။ “ငါ့ဘဝက ရိုးရှင်းတယ် မဟုတ်လား” အင်း တကယ်လည်းရိုးရှင်းပါသည်။ သူမ သတ်မှတ်ချက်က တစ်ခုပဲရှိသည် ၊ ဘယ်သူတွေဘာပဲ ပြောပြော သူမနှင့်အဆင်ပြေအောင်သာနေ။ သို့သော် အဆင်ပြေအောင် နေဖို့ မည်မျှ ခက်ခဲပင်ပန်းသည်ကို ကျွန်တော် တွေး၍ပင်မရ ၊ လူတိုင်းလုပ်၍ မရသော အရာများထဲမှတစ်ခု။ လူတိုင်း သူမကဲ့သို့ မကြံခိုင် ၊ သို့သော် သူမပုံစံ ရောမမြို့မီးလောင်နေသည့်တိုင်အောင် တယောထိုးနေသည့် နီရိုးဘုရင်လို။ သူမလိုလူမျိုးတွေကို ပြဿနာရှာသူမှ ၊ အတ္တကြီးသူများ အဖြစ်သတ်မှတ်ခံရပြီး လူမုန်းများလေ့ရှိသည်။ ထိုအဆိုကို မှန်ကန်ကြောင်း ယခုမှပင် ထောက်ခံမိသည်။ “. . .တကယ်ပဲ ရိုးရှင်းတယ် ကျွန်တော်တောင် အားကျမိတယ်” ကျွန်တော် ပြုံးလိုက်မိသည်။ သို့သော် ကျွန်တော် သူမကို နားလည်မိကြောင်း သတိထားမိသည်။ ကျွန်တော် အနေဖြင့် ထိုသို့ဘယ်သူမှ ဂရုမစိုက်သည့် ထိုမိန်းမကို စိတ်ထဲတွင် သဘောကျ မိသည်။ “အစ်မလို လူတစ်ယောက် နှစ်ယောက်က ကမ္ဘာကြီးကို မပျက်စီးစေပါဘူး” “အိုကေ ဒါဆို တောင်းပန်တော့” “အစ်မကိုလား” ကျွန်တော် အရူးကွက်နင်းလိုက်သည်။ Mirai-san ပြုံးလိုက်သည် ၊ ပျော်သွားဟန်။ “အရူး ငါ့ကိုလာမတောင်းပန်နဲ့လေ နင်တောင်းပန်ရမှာ ဟိုကနေချောင်းကြည့်နေတဲ့ မင်းသမီးလေးကို!” ဟုပြောလိုက်သော် ကျွန်တော် နောက်ကိုလှည်ကြည့်မိ၍ ကောင်တာတွင် မတ်တပ်ရပ်ရင်း ဘောက်ချာ များကိုစီနေသော Tsukimori ကိုတွေ့လိုက်ရသည်။ ထိုနေရာတွင် ကျွန်တော်တို့ စ၍ စကားပြောစဉ်က မည်သူမှမရှိ။ “ကျွန်တော်မျိုးနားထဲမှာ ကြားမိတာကတော့ မင်းသမီးလေးကို တောင်းပန်လွာ ပို့သရမည်ဖြစ်သလော ဟုတ်သည်နော်” ကျွန်တော် ခပ်ရွဲ့ရွဲ့ပြောသံ မေးလိုက်သော် Tsukimori အကြည့်မှာ ချက်ချင်းပင် သူမ လက်ကို ပြောင်းလိုက်သည်။ “ဘာလို့ ငါ့ကိုတောင်းပန်ရမှာလဲ အစကတည်းက စကားများကြတာမှ မဟုတ်တာ မဟုတ်ဘူးလား?” သူမ ဘောက်ချာများကို စီနေရင်း လှမ်းဖြေလိုက်သည်။ “မင်းသမီးလေးက အသနားခံစာ ပို့စေချင်တာလား ကျွန်တော်မျိုးသေ့သင်ပါတယ်” “ကြည့်စမ်း ဘယ်နားက နင့်ကို ဒေါသမထွက်တာနဲ့တူလို့လဲ ? ဒီထက်ပိုပြီး သိသာအောင်လည်း သူလည်း လုပ်ပြမတက်တော့ဘူး ကဲ လာစမ်း ငါ နင့်တို့နှစ်ယောက်ကြားက ငြိမ်းချမ်းရေး သံတမန် လုပ်ပေးမယ် ဒီတော့ တောင်းပန်ပါတယ်လို့ပြော” “ရပါတယ် Mirai-san ကျွန်မ ဒေါသမထွက်ပါဘူး တကယ်လို့ ကျွန်မတို့ စကားများကြတယ်ဆိုရင်တောင် Nonomiya-kun ဆီကတောင်းပန်မှုကို လိုချင်မိဦးမယ် အခုက သူကိုယ်တိုင်ကိုက မှားမှန်းမသိမှတော့ မတက်နိုင်ဘူးလေ။ ကျွန်မကတော့ စိတ်ထဲက မပါတဲ့ တောင်းပန်မှုကို မလိုချင်ပါဘူး” ဟု အသက်မရှုတမ်း Tsukimori ပြောလိုက်သည်။ “ရပါတယ်? ဒေါသမထွက်မိဘူး?” ကျွန်တော် Tsukmori ၏ ရိသလိုလို စကားကြောင့် ကျွန်တော် အနည်းငယ်တင်းသွားသည်။ “သူတစ်ခုခုပြောချင်ရင် သူဖာသာ ပြောရမှာပေါ့ မဟုတ်ဘူးလား Mirai-san ?” “Mirai-san အခု ကြည့်ပါလား Nonomiya-kun ကသူ့ဘာလုပ်ခဲ့လဲတောင် မသိတာ ဒိတော့ စကားများတယ်လို့ ဘယ်ခေါ်လို့ရမလဲ” “ကျွန်တော် မတောင်းပန်ဘူး Mirai-san သူဖာသာသူဖြစ်နေတဲ့ကိစ္စကို” “Mirai-san ဒီအရူးကောင်နဲ့ စကားမပြောနဲ့တော့” ရုတ်တရက် Mirai-san စိတ်ရှုပ်ဟe်ဖြင့် ဆံပင်ကို လက်နှစ်ဖက်ဖြင့်ဖွပြီး . “အအအအအအ-အ-အ-အအား………..” ဟု အသကုန်အော်လိုက်သည်။ “သောက်တလွဲ! ပါးစပ်ပိတ်စမ်း ငါ့ဒေါသထွက်လာပြီ!” မန်နေဂျာနှင့် Saruwatari-san တို့မှ ဘာဖြစ်မှန်းမသိသဖြင့် အလုပ်ခန်းမှ ချောင်းကြည့်ကြသည်။ “ဒါ! တကယ်! သောက်တလွဲ!” Mirai-san လက်ဖြင့် ကျွန်တော်ခေါင်းကိုကိုင်ကာ လည်ပင်းကိုချုပ်ထားသည်။ ပါးနားမှ နူးညံ့သည့်အထိအတွေ့ကြောင် သူမတွင် ထိုအရာသည်တော့ မိန်းမဆန်ပါလား ဟု မှတ်ချက်ချမိသည်။ ကျွန်တော် ငြင်းဆန်မှုကို ဂရုမစိုက်ပဲ “လာခဲ့!” ဟုပြော၍ ကျွန်တော်ကို တရွတ်တိုက်ဆွဲခေါ်သွားသည်။ ထိုနောက် ရပ်ပြီး Tsukimori ကိုလည်း ထိုနည်းအတိုင်းပင် ဆွဲခေါ်လာသည်။ ကျွန်တော်တို့ နှစ်ယောက် Mirai-san ဘေးမှ အချင်းချင်း မကြည့်ချင်ကြည့်ချင် အတင်းကြည့်ခိုင်းသဖြင့် ကြည့်ရသည်။ ကျွန်တော် Tsukmori မျက်နာကိုလုံးဝ မမြင်ချင်ပါ။ ကံဆိုးစွာဖြင့် Mirai-san ရင်ဘတ်မှာလည်း Tsukimori ကိုအပြည့်အဝမမြင်ရသည်အထိ ကာကွယ်တားဆီးခြင်း မရှိနိုင်ခဲ့။ “နင်တို့တွေ ငါအဲဒီလောက် စိတ်မရှည်ဘူးနော်! ငါသည်းညည်းမခံနိုင်တော့ဘူး! အလုပ်တွေဘာတွေမေ့လိုက်တော့! အခုချက်ချင်း ထွက်သွား!” ကျွန်တော်တို့နှစ်ယောက်လုံးကို အခြားလူများကို ဒေါသထွက်သောအခါ အော်သကဲ့သို အော်လေသည်။ “Nonomiya! Youko ကိုတောင်းပန်လိုက် ! Youkoa ကလည်း ခွင့်လွတ်လိုက်!” ကျွန်တော်တို့နှစ်ယောက် မူန်ကုတ်ကုတ်ဖြစ်နေသည်ကို အရေးမစိုက် ပြောချင်ရာပြောလေ၏။ “ဘာကြောင့်ဆိုတာ ဂရုမစိုက်ဘူး ဒါပေမယ့် အပြန်ကြရင် အဆင်ပြေအောင် လုပ်လာခဲ့! ပြီးရင် မနက်ဖြန် အလုပ်လာခဲ့ ကြားလား ဒါအမိန့်ပဲ” သတိမထားမိခင်မှာပဲ Tsukmori နှင့် မျက်လုံးချင်ဆုံမိပြီး ခဏအကြာမှာပင် အသီးသီး သက်ပြင်းချမိကြသည်။ “ဟေ့ မင်းဘာလုပ်မှာလဲ” အတင်းအကျပ် အမိန့်ကို ရင်ဆိုင် နေရသည်။ ကျွန်တော်တို့ အကြည့်ချင်းထပ်ဆုံမိပြီး နောက်ဆုံး ငြင်း၍မရတော့သဖြင့် ခေါင်း မညိတ်ချင်ညိတ်ချင်ဖြင့် ညိတ်လိုက်သည်။ “. . . ဟုတ်ကဲ့” ဖြူပြပြ လမ်းမီးများ အောက်ဝယ် ဘူတာရုံအနီး လမ်းကျဉ်းလေးမှ လျှောက်ခဲ့သည်။ နှစ်ယောက်သား တိတ်ဆိတ်။ လမ်းမကြီးသို့ အဖြတ် ကျွန်တော်တို့အမြင်တွင် လှပသော မီးရောင်များဖြင့် ပြည့်လျှံ ၊ လူ ပေါင်းများစွာ ဆူညံသံများဖြင့် တန်ဆာဆင်ထားသည့် လမ်းမကြိး။ ကျွန်တော်တို့ရှေ့ဖြတ်သန်းသွားသော ကားမီးများမှာ အဝါရောင် ၊ အဝေးမှ ဥဩသံမှာလည်း ဆူညံ ၊ တိတ်ဆိတ်နေသည်က ကျွန်တော်တို့နှစ်ယောက်သာ။ Tsukimori မှာ ပထမဆုံးအနေဖြင့် လှုပ်ရှားလိုက်သည်။ ရုတ်တရက် သူမ ရပ်လိုက်ကာ “နင်အခုတလော ထူးဆန်းနေတယ်” ဟု အသံတိုးတိုးဖြင့် လိုရင်းကို ပြောသည်။ “ကိစ္စတစ်ခုခု ရှိလို့လား?” “ငါပုံစံက ဒီလိုဖြစ်နေလို့လား?” ဟုပြန်မေးလိုက်သည်၊ သူမမေးကိုကိုင်လိုက်ပြီး ဆက်၍မေးသည်။ “Konan-san နဲ့များ ပတ်သတ်နေလား?” ကျွန်တော် သူရှေ့မှာ Konan စကားမပြောဖူးပါဘူး ဟု တွေးမိသည်။ “ငါမရှိတုံး သူဆိုင်ကိုလားသေးတယ်လို့ကြားတယ်” သို့သော် သူမအနေဖြင့် ကြိုသိထားမည်ဟု ယူဆမိသည်။ “Mirai-san ပြောတော့ နင်တို့နှစ်ယောက် အတွဲတွေလိုပဲဆို” Mirai-aan ဘာပြောလိုက်လဲမသိ? ကျွန်တော် သိချင်သည်တော့မဟုတ်။ “နင်နဲ့မဆိုင်ပါဘူး” ဟု ကျွန်တော် ခပ်ပြတ်ပြတ်ပင် ပိတ်ပြောလိုက်ပြီး အကြည့်ကို သူမဆီမှာ ဖယ်ခွာလိုက်သည်။ Konan နှင့်ပြောသည့်အကြောင်းများကို သူမနှင့်မပြောချင်။ “ဆိုင်တာပေါ့!” ကျွန်တော် Konan နှင့်ဆက်သွယ်နေသည်ကို သူမကြားမှ မနှောက်ယှက်နိုင်ရန် ကြိုကာထားရမည်။ “ငါပြောတယ် မဆိုင်ပါဘူးဆို!” သေချာသည် ကျွန်တော် သူမကို ဝင်မပါစေချင်သည်ကို သူမကိုယ်တိုင် သိဟန်မပေါ်။ “ငါလျစ်လျူမရှုနိုင်ဘူး!” သူမမျက်လုံးများမှ တည်သွားသည်။ “နင်နဲ့ပတ်သတ်တာတွေ အကုန် ငါ့အတွက် အရေးကြီးတာပဲ” Tsukimori မျက်လုံးအဝိုင်းသားဖြင့် တောက်ပနေသော မျက်ဆံအောက်ဝယ် စိတ်ဝင်စားစရာမကောင်းလှသည် ကျွန်တော်မျက်နာ အရောင်ပြန်နေသည်။ “တော်ပါတော့ကွာ! ဒီလို မျက်လုံးနဲ့ မကြည့်ပါနဲ့ ! ကျွန်တော်မှာ သူမကို ငြင်းဆန်နိုင်သည့် အခြေအနေမှာ မရှိသဖြင့် မျက်နာသာလွဲလိုက်သည်။ ကျွန်တော်သည် ကျွန်တော် ခံစားချက်များကို ရင်ထဲတွင်သာ သိမ်းဆည်းထားချင်သူ တစ်ယောက်။ ထိုကြောင့် မကျေနပ်သလိုဖြင့် ကိုယ်ကို မတ်လိုက်ပြီး “ငါ လက်မလျော့တက်တဲ့ မိန်းမတွေကို မုန်းတယ်” ဟန်ဆောင်နေပါက ခွင့်လွတ်ဖွယ်ရာ ရှိသော်လည်း ကံမကောင်းစွာစိတ်ပါလက်ပါ လုပ်မိနေခြင်း။ တကယ်တော့ နောက်ပိုင်း ကျွန်တော် အကျပ်တွေ့နေသည်။ စိတ်ထဲမှာလည်း မကျေမနပ် ၊ Konan နှင့် ဘာမှသေချာ မလုပ်ဖြစ်သေးသဖြင့်။ ကျွန်တော် ကိုယ်ကိုယ်ကို ဖိအားပေးမိနေသည်။ ကျွန်တော် ဒီပုစ္ဆာကို မဖြေရှင်းနိုင်သဖြင့်။ သူသာ လူသတ်နည်းစာရွက်ကို ရှာတွေ့သွားလျှင်ဟု အတွေးက ကျွန်တော်ကို အနားမရ။ အချိန်အတော်များများ ကျွန်တော် သူမ အပေါ် အကောင်းမြင်မိသည်ကို မရှိ။ ရုတ်တရက် Tsukimori ကျွန်တော် လက်မောင်းကို လှမ်းဆွဲလိုက်သည်။ “လာ” သူမ ကျွန်တော်ကို ဘတ်စ်ကားဂိတ်အနီးရှိ ခုံတန်းလျားအနီးတွင်ထိုင်ခိုင်းသည်။ ထိုနောက် ကိုက်အနည်းငယ်ဝေးသော အအေးအရောင်းစက်ကို သုတ်သုတ်ပြေးသွားပြီး ခပ်မြန်မြန်ပင် သံဗူး နှစ်ဘူး ယူလာကာ ကျွန်တော်ဆီသို့ရောက်လာသည်။ ထိုနောက် သူမ ပြုံး၏။ “နင် ဒါကြိုက်တယ်မဟုတ်လား” သူမ လိမ္မော်ရည်သံဘူးကို လှမ်း၍ ထိုးပေးလိုက်သည်။ ဒေါသထွက်နေသည်ကိုပင် မေ့ပြီး လှမ်းယူလိုက်မိသည်။ Tsukimori Youko ကတော့ တကယ်ကို လျှော့တွက်၍မရ။ ကြည့်ရသည်မှာ ကျွန်တော်တို့အချင်းချင်း ပြောသည့်စကားကိုပင် ပြန်နားထောင်သည်ထင်သည်။ “Mirai-san ကပြန်တည့်ခိုင်းတာတောင် ငါတို့ ထပ်ပြီး စကားများနေရင် မနက်ဖြန်တော့ ငါ သူကို ရင်မဆိုင်ရဲဘူး” ကျွန်တော် အအေးဘူးကို သူမဆီမ အဝေးကိုလှမ်းယူကာ အဖုံးကိုဖွင့် လိမ္မော်ရည်အေးအေးလေးကို မြိုချလိုက်သည်။ “ငါတို့ကို ဒီလောက် စိတ်ပူပေးမယ့်သူ ရှိတာ ဝမ်းသာရမှာပေါ့ မဟုတ်လား?” ချဉ်သော်လည်း လန်းဆန်းသွားစေသည့် လိမ္မော်ရည်က ဆူညံသောင်းကျန်းစေသည့် စိတ်ကို ငြိမ်းချမ်းစေသည်။ “. . . နင်ပြောတဲ့အတိုင်း ဆောရီးပါ” Tsukimori ကျွန်တော်ဘေးတွင် ကပ်ထိုင်လိုက်သည်။ “ဟင့်အင်း ငါ့ကိုခွင့်လွတ်ပါ” သူမ ဆံပင်ဖျားမှာ လေပေါ်တွင် ပျံဝဲလျှက်။ “ငါလည်း တခါတလေ စိတ်ကောက်ကြည့်တာပါ” သူမ ခစ်ခစ်ရယ်လိုက်ပြီး အကြည့်မှာ ကျွန်တော်ဆီသို့။ “ဘာဖြစ်လို့လဲဆိုတော့ ငါ့ကို အေးစက်စက် ဆက်ဆံတာကိုး” သူမ မျက်နာကို ကျွန်တော်အနားကပ်ပြီး အပြစ်တင်လိုသော မျက်လုံးဖြင့် “ငါအိမ်ကို လာခဲ့ပါဦး ဒီတစ်ခေါက် နင်မကြိုက်တာ ဘာမှ မလုပ်တော့ဘူးလို့ ကတိပေးတယ် အိုကေ?” သူမ နောက်လိုက်ပြီး သူမဖာသာ ရယ်လေသည်။ ကျွန်တော် သူမ၏ မျက်နာတွင် အထီးကျန်သည်ဆိုသည်ကိုမတွေ့ ။ ယခုမှ သတိရသည်က သူမက တစ်ယောက်နေနေရသည်ပဲ။ Tsukimori အိမ်မှာ အတော်ကျယ်ပြီး ဘယ်သူမှမရှိပါက ပို၍ ကျယ်သည်ဟုပင် ထင်မိရသည်။ စိတ်ပူမှုများမှ ကျွန်တော်ရင်ထဲမှာ ယှက်နွယ်၍။ “. . . ဒါပေမယ့် နောက်ပိုင်း နင်တကိုယ်ကောင်းဆန်တယ်” တကယ်တမ်းလည်း ကျွန်တော် ဖာသာ Konan နှင့်ရှိနေသည်ကိုက Tsukimori ကို ဂရုစိုက်ရန် ၊ သို့သော် သူမကို ယခုကဲ့သို့ တစ်ယောက်တည်း မြင်ရသည်ကလည်း စိတ်ထဲမှာ အပြစ်ရှိသလို။ “အိုး ဟုတ်တယ် ဘာဖြစ်လို့လဲ ဆိုတော့ တစ်စုံတစ်ယောက်က ငါ့ကို မကူညီတဲ့အပြင် မသိချင်ယောင်ဆောင်နေတာကိုး ငါ့မှာ ကျောင်းမှာ ပျော်ပျော်ရွင်ရွင်တောင် မနေရဘူး” “အင်း စိတ်မကောင်းပါဘူး” “နင်နောက်နေတာ မဟုတ်ပေမယ့် ……….” Tsukimori ပုခုံးကိုတွန့်လိုက်ပြီး သက်ပြင်းအနည်းငယ်ချလိုက်သည်။ ကျွန်တော်လည်း သူမကို Kanon ထက်စာလျှင် အရေးပေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ “ဘာပဲဖြစ်ဖြစ် ငါ ကော်ဖီဆိုင်ကြရင် ပုံမှန်အတိုင်းနေပါ့မယ် ဒီတော့ Mirai-san ကိုကြည့်ပြောလိုက်ဦး” စကားစကိုဖြတ်ကာ မတ်တပ်ရပ်လိုက်သည်။ “__Konan-san နဲ့နင်က အသက်ကွာပေမယ့် ညီအကိုတွေလိုပဲ” Tsukimori တိုးတိုးလေးပြောသည်။ “ကြည့်ရတာ ဒါကြောင့်လည်း နှစ်ယောက်စလုံးက ယောကျာ်းလေးတွေဆိုတော့ ငါ့ကို ချန်ထားသလို ခံစားရလို့ စိတ်မကောင်းဘူး” ကျွန်တော် ခုံတွင်ပြန်ထိုင်လိုက်ပြီး ဘေးမှ မိုးထားသည့် သူမ မျက်နာကို လှမ်းကြည့်လိုက်သည်။ “. . .Konan-san နဲ့ငါက ညီအကိုတွေနဲ့တူတယ် ဟုတ်လား? နင်ငါနဲ့ Mirai-san နဲ့ကိုလည်း အဲဒီလို နှိုင်းသေးတယ်မဟုတ်လား?” “အင်းဟုတ်တယ် နင်ပြောမှ သတိထားမိတယ်။ နင်တို့သုံးယောက်စလုံးဆင်တူတယ် ရုပ်ကိုပြောတာ မဟုတ်ဘူးနော် နင်သိတယ် မဟုတ်လား?” “ဘယ်လိုမျိုးလဲ?” သူမမျက်လုံးထဲကျွန်တော်ကို ဘယ်လိုမြင်သည် ဆိုသည်ကို စိတ်ဝင်စားမိသည်။ “တွေးကြည့်တော့ ဘယ်လိုပြောရမယ် မသိဘူး ဒါပေမယ့် သုံးယောက်လုံး ဘဝကို ဖြတ်သန်းကြတဲ့ပုံစံတွေက ဆင်ကြတယ်” “. . . ဘဝကိုဖြတ်သန်းတဲ့ပုံစံ ဟမ်” “ဆောရီး ငါသေချာပြောပြလို့မတက်ဘူး” “ဟင့်အင်း နင်ပြောတာ သဘောပေါက်တယ်” ဘဝကိုဖြတ်သန်းသည့်ပုံစံ ဆိုသည်မှာ အတော်လေးကို ကျယ်ပြန့်သည်။ သို့သော် ကျွန်တော်တို့၏ တန်ဖိုးများဟု ယူဆပါက ကျွန်တော်တို့အချင်းချင်း သိပ်ကွာလှဟု မထင်။ ကျွန်တော် သူ့တို့ကို အကြောင်းအမျိုးမျိုးဖြင့် ကိုယ်ချင်းစာမိသည်။ Tsukimori အမြင်သည် စိတ်ဝင်စားစရာကောင်းလှသည်။ ထိုကြောင့် သူမကို ထပ်မေးရန် ဆုံးဖြတ်လိုက်သည်။ အထူးသဖြင့် Konan အကြောင်း “ပြောပါဦး Konan ကိုဘယ်လိုမြင်လဲ? ထူးဆန်းတဲ့လူတစ်ယောက်နဲ့တူတယ်နော် မဟုတ်ဘူးလား?” Tsukimori သူမမေးကိုလက်ဖြင့်ထောက်လိုက်ပြီး အဓိပ္ပါယ်ရှိစွာ သက်ပြင်းချ၍ “အင်း သေချာတာပေါ့!” “နင်သဘောမကျသလိုပဲ” ဟု၍ ကျွန်တော် ထောက်ပြလိုက်သည်။ “ငါသူ့ကိုမကြိုက်ဘူး သူရှိရင် နေရထိုင်ရတာ အဆင်မပြေဘူး သူအမြဲတမ်း ငါ့ကိုအကဲခတ်နေတော့ သတိထားနေရတယ် သူ့နဲ့အကြာကြီးနေရတာ ပင်ပန်းတယ် ဒီလူက ပုံမှန်မဟုတ်ဘူး” သူမ သွယ်လျသည့် ပုခုံးများကို တွန့်ပျလိုက်ပုံက ကျောရိုးတစ်လျောက် ကြက်သီးမွေးညှင်းထသည့်နှယ်။ ကျွန်တော် သူမကို ထိုကဲ့သို့ မကြာခဏ မမြင်ဖူး။ သို့သော် Konan ကို မည်သူမဆို ထိုသို့ပင် မြင်လိမ့်မည်ဖြစ်သည်။ ထိုလူသည် ပုံမှန်မဟုတ်။ “ဒါပေမယ့် သူနဲ့စာရင် ငါနင့်အနားမှာ နာရီတိုင်းလိုလို ရှိနေချင်တယ် ဘာလို့လဲသိလား?” သူမခေါင်းကို မတ်လိုက်ပြီး ကျွန်တော် မျက်နာကို နတ်ဆိုးမလေးလို ချောင်းကြည့်သည်။ “မမေးနဲ့လေ” ကျွန်တော် သူမအကြည့်ကို ရှောင်လွဲလိုက်သည်။ “ငါတခြားစုံထောက်တွေတော့ မသိဘူး ၊ ဒါပေမယ့် သူက ထူးခြားတဲ့အစားထဲမှာပါတယ်။ ငါ့ကို အများကြီးညွန်ပြသွားတယ် ငါ့သူ့ကို မယှဉ်နိုင်ဘူး” ဟုတ်သည်။ ကျွန်တော် အသိဉာဏ်ဖြင့် လိုက်မမှီ။ သူ့ကဲ့သို့လိုမျိုးသည် အလွန်ပင် ပြင်းထန်လှသဖြင့် ယှဉ်ဖို့မလွယ်။ “သူနဲ့ဆင်တဲ့ လူတစ်ယောက်အနေနဲ့ နင်က Konan-san ကို ငါ့ထက် ပိုနားလည်မှာပေါ့” သူမက ပြော၍ “ဟုတ်လား” Tsukimori သူမနှုတ်ခမ်းဖျားမှ ထွန်းသစ်စ လမင်းလိုပြုံးလိုက်သည်။ ကျွန်တော် နှလုံးတစ်ချက်ခုန်ရန်ပင် မေ့သွားသည်။ “သူက နင့်ကို ဂရုစိုက်တယ်ဆိုတာ ငါ့ထက်နင့်ကို ပိုသဘောကျလို့မဟုတ်ဘူးလား? ကိုယ်နဲ့တူတဲ့ လူတွေကို နားလည်တယ်ဆိုတာ သဘာဝကျတယ်လေ” သူမ ဖြည့်ပြောလိုက်သည် စကားလုံးတိုင်းကို နှလုံးသားမှ တုန်ရီစွာ တုံ့ပြန်လေသည်။ “ဒါမဟုတ်ပါဘူး ငါသူဘာတွေတွေးနေလဲ မသိနိုင်ဘူး” “တကယ်ပါ အချိန်နဲ့အမျှ နင်ဘာတွေးနေလဲဆိုတာလဲ ငါမသိဘူး Nonomiya-kun” သူမ ခစ်ခစ်ရယ်ပြီး ဆံပင်ကိုလှုပ်ခါလိုက်သည်။ ကျွန်တော် စိတ်မှ ဗလာနတ္တိ ၊ ခြေရာခံရသည်မှာ နီးကပ်သွားသလိုနှင့် တကယ်မမြင်နိုင်။ “နင်ဘာတွေ သဘောပေါက်နေတာလဲ? နင်ဘာပြောချင်လဲဆိုတာ ငါနားမလည်ဘူး” သို့သော် ခြေရာမှ တခြားတစ်နေရာတွင် ရှိသည်ဟု ယုံကြည်သည်။ “အမ် ငါပြောတဲ့အတိုင်း နင်တို့နှစ်ယောက်က တူတယ်လေ!” Tsukimori နောက်ပြောင်လိုသည့် အပြုံးဖြင့် ကြောင်တစ်ကောင်လို ညည်းပြလိုက်သည်။ “ဟင့်အင်း ဒီစကားပြောပြီးပြီလေ” သူမကို အလောတကြီး ကြည့်လိုက်သော် အဆင်မပြေသလိုဖြင့် သာသာယာယာ ပုခုံးကို တွန့်လိုက်ပြီး သူမ ပါးစပ်ကိုဟလိုက်ပြီးတစ်ခုခု ပြောရန် ပြင်ဆင်နေဟန်။ သူမစကားမစခင် ကျွန်တော် စိတ်ထဲမှာ အရင်ပြင်ဆင်လိုက်သည်။ “သူဘာတွေးနေလဲ သိချင်ရင် နင်သာသူ့နေရာမှာဆို ဘာလုပ်မလဲသာ တွေးလိုက်” အဘယ်ကြောင့်ဆိုသော ကျွန်တော်တို့က ဆင်တူကြသည်ကိုး။ ကျွန်တော်တို့အတွေးများလည်း ဆင်ကြပေလိမ့်မည်။ သူမ အပြုံးဖြင့်ဖြည့်လိုက်သည်။ သူမ စကားမဆုံးခင် ကျွန်တော် စ၍ တွေးမိသည်။ Konan လုပ်ရန်တွေနဲ့ ကျွန်တော် အတွေးများကို ချိတ်ဆက်မိသည်။ ကျွန်တော် ဘာလုပ်ရမည်နည်း? ကျွန်တော် ဘာလုပ်ချင်သည်နည်း? အကြံအစည်များမှ ဦးနှောက်ထဲမှ ထွက်လာသည်။ “. . . ဆောရီး ငါလုပ်စရာရှိသေးလို့” သူမ ကို စကားကို အမြန်ပြော ၊ ယမ်း ၁၂၀ ကို သူမလက်ထဲသို့ပေးလိုက်ကာ အိမ်သို့ အပြေးပြန်လာသည်။ ညဖက်မြို့ထဲတွင် သူမ အော်ခေါ်နေသည် ကိုပင် ဂရုမစိုက်၊ သုတ်သုတ် ပြန်လာ သည်။ ကျွန်တော် တစ်ယောက်တည်းသာ နေလိုသည်။ ကျွန်တော် တစ်ယောက်တည်း နေလိုပြီး လျှံနေသည့်အတွေးများကို စုဆောင်းလိုသည်။ ကျွန်တော် ယခုထက်ထိ Konan နှင့် ဘယ်လိုဖြေရှင်းရမည်ကို အဖြေကောင်းကောင်းမတွေ့သေး။ ကျွန်တော် အခု ထိုကိစ္စကို တွေးမည်။ __ သို့သော် ကျွန်တော် လမ်းကြောင်းမှန်တွင်ရောက်နေပြီ။ ကိစ္စကပြတ်ပြတ်သားသား ပြီးဆုံးရန်မလို ၊ ထို့အပြင် အဖြစ်အပျက်၏ နောက်ကွယ်မှ အမှန်တရားသည်လည်း အရေးမကြီးလှ။ သေချာသည်က ထိုနှစ်ခု။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် ထိုသို့ပင် ယူဆ၍ ဖြစ်သည်။
Summary:
Please note that all contributions to Baka-Tsuki are considered to be released under the TLG Translation Common Agreement v.0.4.1 (see
Baka-Tsuki:Copyrights
for details). If you do not want your writing to be edited mercilessly and redistributed at will, then do not submit it here.
You are also promising us that you wrote this yourself, or copied it from a public domain or similar free resource.
Do not submit copyrighted work without permission!
To protect the wiki against automated edit spam, please solve the following captcha:
Cancel
Editing help
(opens in new window)
Navigation menu
Personal tools
English
Not logged in
Talk
Contributions
Create account
Log in
Namespaces
Page
Discussion
English
Views
Read
Edit
View history
More
Search
Navigation
Charter of Guidance
Project Presentation
Recent Changes
Categories
Quick Links
About Baka-Tsuki
Getting Started
Rules & Guidelines
IRC: #Baka-Tsuki
Discord server
Annex
MAIN PROJECTS
Alternative Languages
Teaser Projects
Web Novel Projects
Audio Novel Project
Network
Forum
Facebook
Twitter
IRC: #Baka-Tsuki
Discord
Youtube
Completed Series
Baka to test to shoukanjuu
Chrome Shelled Regios
Clash of Hexennacht
Cube × Cursed × Curious
Fate/Zero
Hello, Hello and Hello
Hikaru ga Chikyuu ni Itakoro......
Kamisama no Memochou
Kamisu Reina Series
Leviathan of the Covenant
Magika no Kenshi to Basileus
Masou Gakuen HxH
Maou na Ore to Fushihime no Yubiwa
Owari no Chronicle
Seirei Tsukai no Blade Dance
Silver Cross and Draculea
A Simple Survey
Ultimate Antihero
The Zashiki Warashi of Intellectual Village
One-shots
Amaryllis in the Ice Country
(The) Circumstances Leading to Waltraute's Marriage
Gekkou
Iris on Rainy Days
Mimizuku to Yoru no Ou
Tabi ni Deyou, Horobiyuku Sekai no Hate Made
Tada, Sore Dake de Yokattan Desu
The World God Only Knows
Tosho Meikyuu
Up-to-Date (Within 1 Volume)
Heavy Object
Hyouka
I'm a High School Boy and a Bestselling Light Novel author, strangled by my female classmate who is my junior and a voice actress
The Unexplored Summon://Blood-Sign
Toaru Majutsu no Index: Genesis Testament
Regularly Updated
City Series
Kyoukai Senjou no Horizon
Visual Novels
Anniversary no Kuni no Alice
Fate/Stay Night
Tomoyo After
White Album 2
Original Light Novels
Ancient Magic Arc
Dantega
Daybreak on Hyperion
The Longing Of Shiina Ryo
Mother of Learning
The Devil's Spice
Tools
What links here
Related changes
Special pages
Page information