Gekkou:Volume 1 နိဂုံး

From Baka-Tsuki
Revision as of 18:22, 5 September 2013 by Morris (talk | contribs)
Jump to navigation Jump to search

စာရေးသူ အမှာ

၈၀ ရာခိုင်နှုန်းဆိုတာ အတော်လေးကို ဖြစ်နိုင်ချေများသည်။ ဥပမာ အမှတ်တရာပေးသည်မှာ ၈၀ သာရရင် ဘယ်သူမှ သင့်ကို ညံ့သည် ပြောမည်မဟုတ်။ တကယ်လို့ အပြင်မှာ မိုးရွာရန် ၈၀ ရာခိုင်နှုန်း လို့ ကြေညာထားတာတောင် ထီးမယူသွားလျှင်တော့ ကိုယ့်ဒေါသဖြင့်ကိုယ်သာ။ အခု ပြိုင်ပွဲဝင်ဆယ်ဦး အနက် ရှစ်ဦးဟာ နောက်ဆုံးအဆင့် တွင် ဆုအနေနဲ့ ရလေ့ရှိမှတော့ အိပ်မက်မက်မိတာ မထူးဆန်းပါဘူးနော်?

“ငါသာ ဆိုရလို့ကတော့ ကားဝယ်ဖို့ ပိုက်ဆံထည့်မယ် ” “Stellvia Blu-ray ဝယ်လို့ရပြီကွ”

မည်သူကများ ကျွန်တော် ထိုသို့ အိပ်မက်များကို အပြစ်တင်ကြမည်နည်း? သို့သော် ရလဒ်မှာမူ ကျွန်တော် နားထဲသို့

“စိတ်မကောင်းစွာနဲ့ပဲ ငါတို့ . . .”

ဆိုပြီး ဘူကာဒီ စီးမယ့် ကျွန်တော် အိပ်မက်တွေဟာလည်း ဆယ်ပေါင်သံတူနဲ့ အထုခံလိုက်ရသလို ကွဲကြေသွားပါတော့တယ်။ သို့သော် ဆိုရိုးစကားရှိသလို တံခါးတစ်ပေါက် ပိတ်နေတယ် ဆိုရင် နောက်တံခါး တစ်ပေါက်က ပွင့်နေမှာပဲလေ။

“စိတ်မကောင်းစွာနဲ့ပဲ မင်းရဲ့စာမူက အရွေးချယ်မခံရပါဘူး။ သို့သော် ငါတို့တွေ အနေနဲ့ထုတ်ဝေဖို့ အစီအစဉ်တော့ရှိပါတယ်”

စိတ်ထဲမှ မတုန့်မဆုတ် ခပ်မြန်မြန်ပင် အသံကျယ်ကျယ်ဖြင့် ကြည်ကြည်လင်လင်

“ငြင်းပယ်ပါတယ်!”

ကျွန်တော် ထိုကဲ့သို့ပင် ခပ်ပြတ်ပြတ်ငြင်းခဲ့လိုက်သည်။ Dengeki Bunko အမှတ်တံဆိပ်ဖြင့် စာအုပ်ထုတ်ဝေခြင်းခံရသည် ဆိုသည်က ကျွန်တော်လို စာရေးသူ တစ်ယောက်အတွက် အိပ်မက်လိုပင်။ သို့သော် မာနမှ တောင့်ခံထားသည်။ ကျွန်တော် အနေဖြင့် မည်သို့ပင်ဖြစ်စေ ထိုသို့ တောင်ခံ၍ နေလိုချင်သေးသည်။ တနေ့တွင် ကျွန်တော် အစွမ်းအစဖြင့် ဂုဏ်ယူစွာ ASCII Media Work တွင် တံခါးကိုဖွင့်၍ ဝင်ချင်မိသည်။ အခုမှ သတိထားမိသည်။ ကျွန်တော် အတော်လေး သတိလက်လွတ် ဖြစ်သွားသည်ပဲ။ ကျွန်တော် နာမည်က Natsuki Mamiya ဖြစ်ပြီး ကျွန်တော် ဝတ္ထုဖြစ်တဲ့ Gekkou ကို Dengeki Bunko မှာ ထုတ်ဝေခွင့်ရတဲ့ အတွက် ဂုဏ်ယူပါတယ်။

. . . အား အင်း ကြည့်ပါဦး မာနက ဗိုက်ဖြည့်ပေးလို့လား? မာနနဲ့ ကားအသစ်ဝယ်လို့ရလား? စာဖတ်သူဆိုရင်ကော ဘာလုပ်မတုံး?

အသုံးမဝင်တဲ့ မာနကို ရိုက်ချိုးပြီး အမှိုက်ပုံးထဲသာ ပစ်ထည့်လိုက်ပါတော့!

ကျေးဇူးတင်လွှာ

Yuzame-sama နဲ့ Kumeta-sama

ခင်ဗျားတို့နှစ်ယောက်ကြောင့် Gekkou ဖြစ်လာခဲ့တာပါ။ တကယ်ကို နှလုံးသားထဲကကို ကျေးဇူးတင်ပါတယ်။ စကားမစပ် ဘယ်သူကများ Stelliva Blu-ray Box ကျုပ်ကို ဝယ်ပေးမှာလဲ။ ထိုအပြင် Shrimiso နဲ့တခြားသူတွေကိုလည်း ပါဝင်တဲ့ လှပတဲ့ ရုပ်ပုံတွေ အတွက် ကျေးဇူးတင်ပါတယ်။

ထို့အပြင် ထပ်ပြီးတော့ ကျွန်တော် မိဘနှစ်ပါး ၊ ညီမလေး နှင့် သူငယ်ချင်း ၊ ကျွန်တော် သိတဲ့အခြားသူများနှင် အင်း ကျွန်တော် တွေးမိသည်က ဒီစာရေးပြီးတာနဲ့ သွားပြောတာက ပိုပြီး မြန်ဦးမယ် ။ သို့သော် နောက်ဆုံး အနေနဲ့ ဒီစာကို ဖတ်နေတဲ့သူကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်လွန်းလို့ မျက်ရည်တောင် ဝဲမိပါတယ်။ ကျွန်တော်တို့ ထပ်တွေ့မယ့်နေ့ကို မျှော်လင့်မိပါတယ်။ ကျွန်​တော် Natsuki Mamiya ပါ။