Gekkou:Volume 1 ဘိုင်-ဘိုင်

From Baka-Tsuki
Jump to navigation Jump to search

မည်သူမှ အနှောက်အယှက်မပြုနိုင်။ ရထားလမ်းမှာ မြေအောက်တွင်ဖြစ်၍ နေရောင်မထိ၊ ကွန်ကရစ်များ၏ အရောင်ပင် ပို၍ ရင့်ရော့်သလို သဘာဝမဆန်သလို ထင်မိသည်။ နေ့ခင်း ဖြစ်သော်လည်း တုန်ရီနေသည်။ ကွန်ကရစ်များမှ အပူကိုစုပ်ယူထားသ​ဖြင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။ အသက့်အောင့်လိုက်မိပြီး လူသူမရှိသည့် ကျွန်းတစ်ကျွန်း ပေါ် ရောက်ရှိနေသလို ခံစားရသည်။ ထိုကြောင့် သူအနားရောက်လာသည်ကိုပင် သတိမထားမိ။ အလင်းနှင့်အမှောင်တို့ နယ်နိမိတ်စည်းမျဉ်းတွင် ပိုင်းလုံး တစ်ယောက်၏ အသွင်သဏ္ဌန်မှာ ဆေးလိပ်ကိုခဲ ၊ အံကိုကြိတ်၍ ရောက်ရှိလာသည်။

“ယို့! ထူးထူးခြားခြား မင်းငါ့ကို ဖုန်းဆက်လို့ပါလား ဘာဖြစ်လို့?” သူ့အသံမှာ ကွန်ကရစ်နံရံများ အကြား ဟိန်းထွက်သွားသည်။

“ကြည့်ရတာ Youko-chan နဲ့ပတ်သတ်ပြီး ဘာများသိထားလို့လဲ?”

သူ ဆေးလိပ်ကို တောက်ထုတ်လိုက်၍ မြေကြီးပေါ်မကျမှီ မျဉ်းကွေးသဏ္ဌန် ပျံထွက်သွားသည်။ “ဒါနဲ့” သူ့ ဇက်ကိုချိုးပြီးနောက်

“မင်းရွေးတဲ့နေရာ က လူတော်တော်ပြတ်တာပဲ မသိရင် မင်းနဲ့ငါနဲ့ ယှဉ်ထိုးကြမှာ ကြနေတာပဲ?” အညိုရောင် ရှူးဖိနပ်မှ ဆေးလိပ်ကို နင်းချေလိုက်သည်။

“ကျွန်တော်လို အားနည်းတဲ့သူက ယှဉ်ချဖို့ဆိုတာကို မရွေးပါဘူး” ကျွန်တော်ခေါင်းကိုခါလိုက်ပြီး “ဒါပေမယ့် ကိစ္စလေးတွေတော့ ရှင်းချင်လို့”

ကျွန်တော် သက်တောင့်သက်သာ မတ်တပ်ထ၍ သူ့ကို စိုက်ကြည့်လိုက်သည်

“အဆုံးသတ်ကြတာပေါ့” ကျွန်တော်ပြုံးလိုက်သည်။

“ငါကပြောရမှာကွ!” သူ မျက်လုံးတစ်ဖက်မှိတ်ပြပြီး မျက်နာကတော့ ပြုံးဖြဲဖြဲ။

“မင်းက ငါ့ကိုခေါ်တာဆိုတော့ မင်းအရင်ပြော” Konan နံရံကိုမှီလိုက်ပြီး လက်ပိုက်လိုက်သည်။

“ကျွန်တော် မေးခွန်းတစ်ခုမေးချင်တယ်”

“အိုး ဟုတ်ပါပြီ မေးပါ မရှက်ပါနဲ့”

သူအေးအေးဆေးဆေးပင် ခေါင်းညိတ်လျှက်။

“ခင်ဗျားဘာလို့ စုံထောက်ဖြစ်လာတာလဲ?” မေးပြီးပြီးချင်း သူမေးကိုပွတ်သပ်နေစဉ် မျက်လုံးများမှာ စိတ်ဝင်စားမှု အရိပ်အယောင်များဖြင့် ကျဉ်းမြောင်းသွားသည်။

“စော်ကားတာ မဟုတ်ပေမယ့် ခင်ဗျားဟာ တရားမျှတမှု ဆိုတာကို အဲဒီလောက်ကြီး စိတ်ဝင်စားတဲ့ပုံမပေါ်ဘူး”

“ငါ့ကို အတော်လေးစော်ကားတာပဲကွ ဝိုး တကယ်တော့ ငါဒီလိုမေးခွန်းတွေ ဖြေဖို့ ပြုံးပြုံးလေးနဲ့စောင့်နေတာကွ”

ကျွန်တော် အံဩငြိမ်သက်နေပုံကိုကြည့်၍ သူခြောက်ကပ်ကပ်ရယ်လိုက်ပြီး “စုံထောက်ဖြစ်ဖို့သာ ငါနဲ့ကိုက်တာ!” ထိုနောက် ရုတ်တရက် သူ့မျက်နာတည်သွားသည်။

“တစ်နှစ်ပတ်လုံး တစ်ချိန်လုံး အလုပ်ချည်းပဲ လုပ်ရတဲ့အလုပ်ကို ငါရွေးခဲ့တယ် နည်းနည်းလေး မှားတာနဲ့ အသက်ပါပါသွားလိမ့်မယ် ငါက အစိုးရဝန်ထမ်း လူတွေကဝိုင်းပြီး ပုတ်ခတ် ကြတယ် ငါ့လစားနည်းပေမယ်လည်း လာဘ်စားတယ်လို့ စွပ်စွဲကြတယ် ဒါပေမယ့် ဒီလိုကျေးဇူးတောင် အတင်မခံရတဲ့ အလုပ်ကိုလုပ်သလဲ သိလား? ဒီလိုအချိန်မျိုးမှသာ လူတွေနဲ့ သူတို့ရဲ့ဆက်ဆံရေးတွေကို အစုံတွေ့နိုင်တာ သူတို့တွေပျော်နေသလား ဝမ်းနည်းပူဆွေးနေသလားဆိုတာပေါ့”

Konan အလင်းရောင်အောက်မှ မြူမှုန်များကို ကြည့်လျှက် ၊ ဘိန်းမှိန်းနေသလို။

“လူတွေရဲ့ မျက်နာဖုံးတွေ အက်ကွဲသွားတဲ့အခါ အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းတာပဲ။ လူတွေရဲ့ တကယ့် စိတ်ထားကို ချောင်းပြီးကြည့်နိုင်သလိုပဲ ဒီခံစားမှု သက်သက်က အမှန်တရားကို ဘယ်တရားစီရင်ရေး ထက်မဆို လှပစွာ ဖော်ပြနိုင်တယ်”

သူ စကားဆုံးသွားသည်နှင့် ကျွန်တော် မျက်နာမှာ ရှုံ့မဲ့နေလိုက်သည်။

“အိုး ဒီလိုတော့မကြည့်ပါနဲ့ Nonomiya-kun မင်းသေချာမေးလို့လည်း ငါအတည်ဖြေရသေးတယ်! ငါ့ကို အရူးတစ်ယောက်လို ထင်နေမှာ သေချာတယ် မဟုတ်ဘူးလား”

ကျွန်တော် ​ခေါင်းခါ၍ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“ဟင့်အင်း ဒီလို ယုတ္တိမရှိ ကြားရတာကိုက စိတ်ပိုပေါ့သွားတယ် ခင်ဗျားနဲ့ကိုက်တယ် သိလား?”

“အိုး တကယ်ကို မထင်ထားဘူးပဲ”

“ကျွန်တော်လည်းထင်ပါတယ် နောက်ဆုံးတော့ ကျုပ်လည်း ခင်ဗျားလို ဘာမှမကောင်းတဲ့ လူတစ်ယောက်ပဲ”

“ငါသိပါတယ်” ဒီတစ်ခေါက်တော့ သူမျက်နာမှာ ရှုံမဲ့၍။

“မင်းကို စတွေ့ကတည်းက”

ဒုတိယအကြိမ် သူမျက်နာမှ မထီမရီ ဖြစ်သွားသော်အခါ သတိထားမိသည်က Tsukimori ပြောသည့်အတိုင်း ကျွန်တော်တို့က ဆင်တူသည်။

“ဒီတော့ တခြားဘာများပြောချင်လို့လဲ?” သူလက်ပိုက်လိုက်သည်။

“ကျွန်တော် ပြောချင်တာ မရှိပါဘူး!”

“အိုး? မင်းဒီလို တုံပြန်တာလား? Youko-chan နဲ့ပတ်သတ်ပြီး ငါဘာပြောခဲ့သလဲ?”

သူမျက်မှောင်ကိုကြုတ်၍ သံသယဖြင့်။

“ခင်ဗျား အထင်လွဲနေတာ ကျုပ်အမြင်က အစကတည်းက မပြောင်းခဲ့ဘူး”

“ငါ အကုန်ပြောခဲ့တာတောင်?”

“အင်း ခင်ဗျား အကုန်ပြောခဲ့တာတောင်”

“အိုး မင်းတကယ်မလွယ်ဘူးပဲ နောက်နေတာမဟုတ်လား မင်းတချို့ဟာတွေ သဘောတူတယ်မဟုတ်လား?”

“ဟုတ်တယ် တချို့ဟာတွေတော့ လက်ခံပါတယ်။ ဒီလိုရှုထောင်မျိုးကတွေးရတာလည်း စိတ်ဝင်စားဖို့ကောင်းတယ်လေ ခင်ဗျားကြောင့် စုံထောက်တွေ ဘယ်လိုစဉ်းစား ကြသလဲ ဆိုတာ သဘောပေါက်လာတယ် ။ ဒါပေမယ့် ဒါပါပဲ။ ကျွန်တော် Tsukimori ကိုယုံတယ် ၊ ခင်ဗျား ထင်မြင်ယူဆချက်ကြောင့် ပြောင်းလဲသွားမှာမဟုတ်ဘူး”

ကျွန်တော် ပြုံးပြလိုက်စဉ် သူကျွန်တော်ကို တစ်ချက်စိုက်ကြည့်ကာ

“ဒါတွေက မင်းအထင်သက်သက်ပါကွာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက အခြေအမြစ်မရှိတဲ့ စိတ်ကူးယဉ်မှု သက်သက်ပဲ”

Konan ကျွန်တော်ကို အသက်မဲ့စွာ စိုက်ကြည့်နေသည်။

“ခင်ဗျားပဲ ပြောတယ်လေ ကျန်တဲ့ ရဲတွေက ဒါကို မတော်တဆမှုလို့ပဲ မြင်တယ်ဆို? ဒီတော့ ဒါက ခင်ဗျားတစ်ယောက်တည်းသူ့ကို သံသယဖြစ်နေတာ ဟုတ်လား? ကျွန်တော် ခင်ဗျားကို ရဲဌာနထဲမှာ ဘယ်လောက်တော်လဲ ဆိုတာ မသိပေမယ့် ကျွန်တော်တို့ ဒါက စိတ်အထင်သက်သက်နဲ့ လုပ်နေတာ မဟုတ်လား”

သူ မတုံပြန့် ၊ ထိုကြောင့် ကျွန်တော် ဆက်၍ ဖိအားပေးနိုင်သည်။

“အရင်တုံးက ခင်ဗျားပြောဖူးတယ်လေ ဒီမြို့လေးထဲမှာ နေတိုင်း အမှုအခင်းတွေ ဖြစ်နေတယ်ဆို ဒီတော့ ကျွန်တော်နဲ့ Tsukimori တို့ကိုပဲ အာရုံစိုက်ရအောင် အကြောင်း ထွေထွေထူးထူး ရှိလို့လား၊ ဒီလို ဆက်လုပ်နေရင် ခင်ဗျားအနေနဲ့ ငွေညှစ်ချင်လို့ လုပ်တယ်လို့ပဲ ယူဆရမှာပဲ”

ကျွန်တော်တွင် ထိုမျှ ထိခိုက်ပြောဆိုရသည့် အကြောင်းရှိသည်။

“ကျွန်တော်တို့နှစ်ယောက်လုံး အချိန်မဖြုန်းသင့်တော့ဘူး ခင်ဗျားလည်း ခင်ဗျားအလုပ်ပြန်လုပ် ၊ ကျွန်တော်လည်း ကိုယ့်ကျောင်းသားဘဝကိုပဲ ဖြတ်သန်းတော့မယ်”

သူတွင် သက်သေမရှိဟု ကျွန်တော် ယုံကြည်သည်။ တနည်းအားဖြင့် သူတွင် “လူသတ်နည်း” မရှိ။ ထိုအရာမရှိပဲ မည့်သို့မျှ Tsukimori ကို သံသယသားကောင် ဖြစ်မည်မဟုတ်။

“ခင်ဗျားလည်း အတက်နိုင်ဆုံး ကြိုးစားခဲ့တာပဲ ဒါပေမယ့် တခြားလုပ်စရာတွေရှိသေးတယ်မဟုတ်လား တော်ကြစို့”

နောက်တစ်ချက် ကျွန်တော် အားရှိသည့် အချက်ရှိသေးသည်။ မည်သူမျှ သူကို ထိုကိစ္စကို လက်လျော့၍ အပြစ်မတင်။ ရဲတွေကိုယ်တိုင်မှ ၎င်းကိစ္စကို မတော်တဆမှု အဖြစ်သာမှတ်ယူ ထားသည်။ ထိုကြောင့် Konan အနေဖြင့် လက်လွတ်ရမည် ဖြစ်သည်။ Konan အနေဖြင့် ဟိုးအစပိုင်းကလို နောက်ဆုတ်ပေးရမည်ဖြစ်သည်။ ၎င်းကိုတော့ မှန်းဆမိသည်။

“. . . မင်းက အပြတ်ပြောလိုက်တာပဲ မင်းပြောတာမှန်ပါတယ်။ ငါဘာမှပြန်ပြောလို့မရဘူး”

သူ ဆေးလိပ်တစ်လိပ်ကို အိတ်ကပ်မှထုတ်ပြီး လျော့ရဲရဲပြုံးလိုက်ပြီး ပါးစပ်ထဲသို့တေ့လိုက်သည်။

“တကယ်တော့ ဌာနမှုးနဲ့ စခန်းမှုးကလည်း ငါ့ကို နားပူနေတာ သူတို့က ငါ့အလုပ်ကို ပုံမှန်ပဲ လုပ်စေချင်တာကိုး ငါ့လုပ်ဖော်ကိုင်ဖက်တွေတောင် ဘာမှမဟုတ်သလို လက်လျော့လိုက်ပြီ ဟက်”

အလင်းရောင်ဖျော့ဖျော့လေး အမှောင်ထဲမှ ဝင်းကနဲလက်။ Konan အပြာရောင်မီးတောက်ဖြင့် ဆေးလိပ်ကို ထွန်းညှိလိုက်သည်။

“. . . ဘာလို့ သူတို့တားနေတာလဲ သိလား?”

ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လျှက်

“ငါလုပ်နိုင်လို့ကွ!” ယုံကြည့်မှု အပြည့်ဖြင့် “ဘာလို့ ငါလုပ်နိုင်တယ်လို့ထင်လဲ သိလား?”

သူနဖူးကို ထောက်ကာ

“ငါ့ရဲ့ညာဉ်ကြောင့်”

ထိုနောက် သူအသံမှာ လှိုဏ်ခေါင်းတစ်ခုလုံး ဟိန်းလျှက်။

“တိုတိုပြောရရင် အရမ်းတော်ပြီးထက်တဲ့ စုံထောက် Konan က ဒါကို သံသယဖြစ်စရာကောင်းတယ်ဆိုတာပဲ! မင်းလို ကျောင်းသားချာတိတ်က ဘာမှမပြောလည်း သဘောပေါက် နေရမယ်!”

သူအသံမှာ နံရံ၊ မျက်နာကျက်မှ ပဲ့တင်သံအဖြစ်အသွင်ပြောင်းသွားပြီး လူအုပ်ကြီးထဲရောက်သွားသလို ဖိအားပေးလိုက်သည်။

“ဒီတော့ ဘယ်သူတွေ ဘာပြောပြော သူကိုယ်တိုင် ဘယ်လောက်ငြင်းငြင်း ငါပြောရဲတယ် သူလူသတ်မှု ကျူလွန်တယ်ဆိုတာ ဒီတော့ Tsukimori Youko က သူ့အမေကိုသတ်လိုက်တာပဲ”

သူစကားစသတ်၍ အငွေ့များကို ရှိုက်သွင်းလျှက် ရှိုက်ထုတ်။

“အဓိပ္ပါယ်မရှိတာ.. .”

သူ့ဖိအားကြောင့် တွေဝေနေသော်လည်း ထိုစကားတော့ ပြောနိုင်ခဲ့သည်။

“အဓိပ္ပါယ်မရှိဘူး ဟုတ်တယ် ဒါပေမယ့် လောကကြီးက ဘယ်လိုများလဲ? မှန်လား မှားလား အရေးမကြီးဘူး အားကြီးတဲ့သူပဲ အနိုင်ရတာပဲလေ မဟုတ်လား”

ဆေးလိပ်ငွေ့များက သူ့ပါးစပ်ဖျားမှဖောက်ထွက်လာသည်။

“ငါကိုယ့်ငါနဲ့ ငါညာဉ်ကို ယုံတယ် ငါက အမြဲတမ်း ကိုယ့်ကိုယ်ကို မလိမ်ဘူး ဒါကြောင်လည်း ငါလိုချင်တဲ့ ရလဒ်တွေရခဲ့တာ ဒါကြောင့်လည်း ဘယ်သူမှ ငါ့ကို မတားနိုင်ဘူး”

သူ မထီမရီဖြင့် “ဒီတော့ စိတ်မကောင်းပါဘူး Nonomiya-kun ငါကြိုက်သလို ငါလုပ်မှာ”

သူ ထူးခြားလှသော မထီတရီပုံစံက တကယ်ပြောနေသလို။

“ဘာဖြစ်လို့လဲဆိုတော့ ငါ့ဘဝကို ငါကိုယ်တိုင် ဆုံးဖြတ်တာ”

သူမျက်နာကို ထပ်ကြည့်မိသောအခါ ထိုအပြုံးကိုက သူ့၏ သဘာဝပင်။ ရိုင်းရိုင်းပြောရရလျှင် Konan သည် လူရွင်တော်တစ်ယောက်ပုံ ဖမ်းထားသည့် ခွေးရူးတစ်ကောင်လို။ ခံစားမှုကို ထုတ်ဖော်ပြသရန်ပင်မလွယ်။ လောကကြီးတွင် ထိုကဲ့သို့ အချိန်ကုန်သည့် အလုပ်ကို လုပ်ရသည်ကို နှစ်သက်သည်ထင်သည်။ ထိုအပြုံးသည်ဖုံးကွယ်နိုင်စွမ်း မရှိသော ရူးသွပ်မှု သင်္ကေတ တစ်ရပ်။

“အိုကေ ဒီတစ်ခါ ငါ့အလှည့်” Konan ဆေးလိပ်ကို ဖနောင့်ဖြင့် နင်းချေလိုက်၍ လက်ကိုမူ ဘောင်းဘီအိတ်ထဲသို့နှိုက်ကာ

“ဘာလို့ Youko-chan ကို မင်းဒိလောက် ကာကွယ်ပေးချင်တာလဲ?”

အေးအေးဆေးဆေးပုံစံဖြင့် သူ့ခြေထောက်ကို ကြည့်ရင်း ပြောလိုက်သည်။ တစ်လှမ်ချင်းစီတိုင်း သူ့သားရေဖိနပ်မှ ပဲ့တင်သံများ မြည်ကာ တစ်လမ်းလုံး ပျံလွင့်သွားသည်။

“သူကို မသနားပဲနဲ့ ဒီလောက်ထိ ယုံဖို့မလွယ်ဘူးဆိုတာ မင်းငြင်းချင်သေးလား?”

သူ တဖြည်းဖြည်းတိုးကပ်လာသောကြောင့် ရင်ထဲတွင် တဖြည်းဖြည်းမွန်းကျပ်လာသည်။

“ကျွန်တော် သူ့ကို တမင်တကာ ကာကွယ်တာ မဟုတ်ပါဘူး တကယ်ပါ! အတန်းဖော်တစ်ယောက်က လူသတ်သမား ဆိုတာ ရူးကြောင်ကြောင်နိုင်တယ် ထင်မိတာပဲရှိတာ ဒါက ပုံမှန်ပဲလေ ခင်ဗျားပြောတာတွေ ကျုပ်ဘယ်လိုလုပ် ယုံလို့ရပါ့မလဲ”

“အင်း ဒါကတော့ဟုတ်ပါတယ်” သူပုံမှန်ပင် လက်ခံလိုက်သည်။

သို့သော် ထိုသည်က အစပျိုးသာ။

“ဒါနဲ့နေစမ်းပါဦး ငါက စုံထောက်ဖြစ်နေလို့ သူ့ကို သံသယဝင်ရင် ရူးကြောင်ကြောင် မဖြစ်တော့ဘူးလေ ငါပြောတာ ဟေ့ ရဲတွေက သူ့ကို သံသယဝင်နေပြီ ဆိုရင် ဒါဆိုတစ်ခုခုလုပ်ရမယ်လေ မင်းငါနဲ့ပူးပေါင်းလို့ ဘာမှ အကျိုးမယုတ်ပါဘူး ငါသူ့ကို သံသယရှိတယ်လို့ ပြောတာနဲ့ မင်းဒီလောက်ထိ တုံပြန်စရာမလိုပါဘူး။ အတွေ့အကြုံရှိတဲ့ စုံထောက်တစ်ယောက်ရဲ့ အမြင်ပဲလေ ဟုတ်လား ဘာပဲဖြစ်ဖြစ် မင်းဘာပြောမှာလဲ?”

Konan တစ်ယောက် အတွေ့အကြုံဖြင့်ယှဉ်သော စကားလုံးများစွာဖြင့် ဖိထောင်းလိုက်ကာ သူ့အသားစီးမှ မိုးပြောလိုက်သည်။

ကျွန်တော်က စိတ်နှစ်ခွ ဖြစ်တက်တဲ့လူ တစ်ယောက် ကျွန်တော် ကိုယ်တိုင်ကိုက ဒါကို စိတ်ထဲမှာ နည်းနည်းတော့ ထင့်နေတယ်။ ဒါပေမယ့် ဒါကြောင်းပဲ ယုတ္တိမရှိတာကို လက်ခံလို့ မရဘူးလေ”

ပုံမှန်တုံပြန်မှုအနေနဲ့ လက်ဖျားများမှ ချွေးစေးများကျလာကာ အသံမှာလည်း အက်ကွဲလာသည်။

“အော် မင်းကို ဒီလိုလူလို့ အစောကတည်းက ငါလည်း ထင်ထားတာပဲ”

သူ့အပြုံးက သူ့ကိုယ်တိုင် သဘောကျနှစ်သက်နေသည် ဟု မှတ်ချက်ချမိသည်။

“မင်းက စိတ်နှစ်ခွဖြစ်တဲ့ ချာတိတ် ဒါပေမယ့် Nonomiya-kun မင်းက အရူးမဟုတ်ပါဘူး နောက်ပြီးတော့ အခြေအနေကို မသုံးသပ်တဲ့လူလည်း မဟုတ်ဘူး ဒီတော့ ဘာလို့ သူ့ကို နားလည်ပေးတာလည်းဆိုတာ ငါနားမလည်းနိုင်ဘူး မင်းပုံစံနဲ့သာဆိုရင် Youko-chan ရဲ့အားနည်းချက်တွေကို သူမ ဟာကွက်မရှိလေ မင်းက ပိုရှာလေ ဖြစ်မှာပဲလေ။ အနည်းဆုံးတော့ ငါသိတဲ့ Nonomiya ဟာ မျက်လုံးနဲ့ မမြင်ရမချင်း ဘာကိုမှ ယုံတက်တဲ့လူမဟုတ်ဘူး”

တဖက်လူမှ မိမိကို စိတ်ဝင်စား၍ နားလည်သည် ဆိုသည်မှာ လက်ခံနိုင်ဖွယ်ရာ ရှိသည်။ တကယ်၍ Konan ကဲ့သို့ သူမျိုးက စိတ်ဝင်စားသည် ဆိုပါက စိတ်ထဲတွင် ဆိုးဝါးသည်ဟု မခံစားရ။ သို့သော် ယခုတွင်မူ စိတ်ထဲ မအီမသာ ဖြစ်မိပြီး သူ့အမြင်မှာ တိကျလွန်းသည်။ ထိုခံစားမှုမှာ ခန္ဒာကိုယ်တစ်ခုလုံး ခေါင်းမှခြေဖျားထိ ပျံနှံသွားပြီး ကြက်သီးထမိသည်။ သတိမထားမိသည့် အချိန်အတွင်း Konan ကျွန်တော်ရှိရာ လျှောက်လာသည်။

“တိုတိုပြောရရင် မင်း Youko-chan အပေါ် ခံစားမှုတစ်ခုခုကြောင့် ငါ့ကို ကူညီနိုင်မှာ မဟုတ်ဘူးလို့ ကြိုတွက်ပြီးသား ဘာဖြစ်လို့လဲ ဆိုတော့ သူအပြစ်ရှိရှိမရှိရှိ မင်းက သိပ်ချစ်နေတာကိုး ဒီတော့ ဂရုဘယ်စိုက်တော့မလဲ ဒီတော့ မင်းစိတ်ထဲမှာတော့ တကမ္ဘာလုံးနဲ့ ဆန့်ကျင်ရပါစေ သူ့အနားမှာတော့ ရှိချင်မှာပေါ့ အိုး အချစ်ရဲ့ အစွမ်းက အံ့မခန်းပဲနော် ဝိုး ငါ့ကို ဒီလိုမကြည့်ပါနဲ့ မင်းကို စနေတာ မဟုတ်ဘူး တကယ်တော့ မင်းအတွေးအခေါ်ကို သဘောကျတယ် ဟင့်အင်း ကြိုက်တယ်လို့တောင် ပြောလို့ရသေး”

ဘယ်လောက်တောင် စကားများလိုက်တဲ့လူ။ ကျွန်တော် အံအားသင့်သည် မဟုတ်သော်လည်း လေးစားဦးညွတ်မိသည်။ Konan ၏ပစ်မှတ်များထဲတွင် မည်သူများ စကားပြန်ပြော နိုင်ကြလေမည်နည်း စဉ်းစားမိသည်။

“ခင်ဗျား အတွေးတွေကတော့ အတော်လေး ကောင်းတာပဲ”

“အင်း အလုပ်က ကလိုတာကိုး”

သူပြုံးလိုက်ခြင်းကို စိတ်ထဲ သ​ဘောကျမိသည်။

“ဒါပေမယ့် Youko-chan ကို ကာကွယ်ရတဲ့ဖြစ်နိုင်ချေ နောက်ထပ် တစ်ခုကတော့ ”

သူအပြုံးပျောက်ကွယ်သွားသည်။

“ဥပမာ မင်းမှာ Tsukimori Youko ဘယ်သူမှ မသတ်ပါဖူးဆိုတဲ့ သက်သေရှိနေတယ်ဆိုပါစို့”

ကျွန်တော်အသိတရားများ လူသတ်နည်းသို့ ချက်ချင်းရောက်သွားသည်။

“ဒီတော့….ဟုတ်လား”

“ဟင့်အင်း လုံးဝ”

“စိတ်မကောင်းစရာပဲ” သူဖြေလိုက်သော်လည်း စိတ်မကောင်းဖြစ်သည့်ပုံ လုံးဝမပေါ်။

ကျွန်တော် ခန္ဒာကိုယ်တစ်ခုလုံး တင်းကျပ်နေချိန် သူဆက်၍ ပုံမှန်လေသံဖြင့်ပင်

“စကားမစပ် ငါအံဩနေတာ မင်းဘယ်ဘက်အိတ်ကပ်ထဲမှာ ဘာလဲ?”

ညာလက်မှာ အလိုအလျောက် အိတ်ကပ်ကို ဆုပ်မိလျှက်သား။ Konan သတိထားမိသွားပြီ။ သူလက်ကို အိတ်ကပ်ထဲမှ ထုတ်လိုက်ပြီး ရင်ဘတ်ကို ချက်ချင်းလှမ်းဆွဲ လိုက်သည်။ကျွန်တော် အမြင်မှာ ပြောင်းပြန်ဖြစ်သွားပြီး ထိုနောက်တွင်တော့ ကျောတွင်မက ခန္ဒာကိုယ်တစ်ခုလုံး နာကျင်မှုပျံနှံ့။ အတော်လေး ပြင်းထန်သဖြင့် ကျယ်လောင်စွာ အော်မိသည်။ ခေါင်းတစ်ခုလုံး ချာချာလည်၊ ခန္ဒာကိုယ်မှာ မလှုပ်နိုင်တော့။ တကိုယ်လုံးနာနေသော်လည်း အသက်ကို မနည်းရှုနေရပြီး ဆက်၍ မအော်နိုင်တော့။ နောက်ဆုံး သုံးသပ်ရသည်က Judo တွင်အသုံးပြုသော Haraigoshi ဟု အကွက်ဖြင့် ကတ္တရာကြမ်းပြင်သို့ ကိုင်ပေါက်လိုက်ခြင်း။

“ငါက မိန်းကလေးတွေဆို ညှာတယ်ကွ သူတို့ဆိုရင် ကြမ်းကြမ်းတမ်းတမ်း မကိုင်တွယ်ချင်ဘူး ဒါပေမယ့် ယောက်ျားလေးဆိုလို့ကတော့ ဘယ်တော့မှ မညှာဘူး!”

ပုံမှန်အတိုင်းပင် ပြော၍ ကျွန်တော်အပေါ်တွင် ခွထိုင်လိုက်သည်။

“. . . အား ခင်ဗျားတော့ ဒုက္ခရောက်တော့မှာပဲ” ကျွန်တော် Konan အော်ဟစ်ပြီး ပြောဆိုလိုက်သည်။

“မပူပါနဲ့ မပူပါနဲ့ ငါသာဘာမှမဖြစ်ရင် အားလုံးအေးဆေး!” သူနဂိုကတည်း ဂရုမစိုက်။

“ကဲကဲ ဒီတော့ အိတ်ကပ်ထဲမှာ ဘာရှိလဲဆိုတာ ကြည့်တာပေါ့?” ကျွန်တော် အိတ်ကပ်နှစ်ခုလုံးထဲ လက်ထည့်ကာ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

“အိုး? မင်းဒီလောက်တောင် ငြင်းဆန်နေရရင် Youko-chan နဲ့ဆိုင်တာ တခုခုများရှိလို့လား?”

ကျွန်တော် အနေဖြင့် သူမျက်လုံးများကို ရင်မဆိုင်နိုင်တော့။

“ဟ! ကွက်တိပဲ? ငါ့စိတ်ထဲထင်နေတာက တကယ်ပဲကွ! ပျော်စရာကြီး!”

သူ့မျက်လုံးထဲတွင် တောက်ပနေသည်အထိ သူရယ်သည်။ သူ့အောက်တွင် ရှိသော ကျွန်တော်ကို ဖမ်းချုပ်ရန်ကြိုးစားနေပြီး ကျွန်တော်မှာလည်း အားကုန်ရုန်းကန်နေသည်။

“ဝိုး ဝိုး မင်းက ဘယ်အချိန် လက်လျော့ရမလဲ မသိတဲ့ကောင်ပဲ”

Konan ခေါင်းကိုကုတ်လိုက်ပြီး “ဟ ဒီတော့ တခြားနည်းမရှိတော့ဘူး”

ဟု တိုးတိုး ပြောကာ

“ယုံချင်ယုံ မယုံချင်နေ ငါအထက်တန်းကျောင်းတုံးက တော်တော်ဆိုးတဲ့ကျောင်းသားတစ်ယောက် မင်းသိလား?” သူ့အတိတ်ကို ရုတ်တရက်ပြန်ပြောလိုက်သည်။

“ဒီတော့ ငါတို့လို ခပ်ဆိုးဆိုး ကျောင်းသားတွေက လက်သီးနဲ့ယှဉ်ထိုးရင်းနဲ့ပဲ သူငယ်ချင်း ဖြစ်လာကြတာ ဒီတော့ ဒီလို လူပြတ်တဲ့နေရာရွေးတယ် ဆိုတော့ မင်းကများငါနဲ့ ထိုးချင်သလား သိချင်နေတာ ဒါကြောင့် စစလာချင်းမေးတာ”

ကျွန်တော် သူဘာတွေပြောနေသည်ကိုပင် နားမလည်တော့။

“ငါတို့ဘာလို့ ဒီလိုရထားလမ်းအောက် ရွေးရတာလဲ သိလား?”

ထိုအချိန်တွင်တော့ မြေကြီးမှာတုန်ခါလာသည်။ ကျွန်တော် ကျောမှ သတိထားမိလိုက်သည်က ရထားတစင်းလာနေသလိုပင်။

“အကြောင်းက ရထားဖြတ်တဲ့ အသံကြောင့် အော်သံတွေဆိုသတိမထားမိနိုင်တော့ဘူးကွ”

သူ ထိုအချက်ကို ထောက်ပြလိုက်ချိန် မိုးခြိမ်းသံလို အသံနက်ကြီးမှာ ကျန်အသံများကို စုပ်ယူဝါးမြိုသွားသည်။

“. . . ခင်ဗျားနောက်နေတာ . . . မဟုတ်လား”

ကျွန်တော် စကားများပင် ကယောင်ကယင်။ ရထားအပေါ်မှ ဖြတ်သွားသဖြင့် ခန္ဒာကိုယ်မှာ တုန်ခါသွားသည်။ ဟင့်အင်း ကျွန်တော် တုန်လှုပ်နေခြင်း။ အလွန်အမင်းစိတ်ရှုပ်ထွေးနေစဉ်မှာပင် Konan လက်မောင်းကို ဆန့်ထုတ်၊ အနက်ရောင်အရာတစ်ခု ကိုလှမ်းကိုင်လိုက်သည်။ အနက်ရောင် မာကျောလှသည့် ထိုအရာ ဖြင့် ကျွန်တော်နဖူးကို ထောက်ထားသည်။ ဆူညံသံများ ပျောက်ကွယ်သွားသော်အခါ သူမှ အသက်မပါသလိုဖြင့်

“အချိန်ကိုက်ပြီးသာဆိုရင် သေနတ်သံတောင် ပျောက်သွားနိုင်တယ်”

ဘာကြောင့်မှန်းမသိ တံတွေးကိုမျိုချလိုက်သည်။


. . . မဖြစ်နိုင်တာ သူရူးနေလျှင်ပင် မောင်းခလုတ်ကိုတော့ နှိပ်မည်မဟုတ်။ ဒါက ကျွန်တော်ကို ခြိမ်းခြောက်ရန် ရူးကြောင်ကြောင် ကြံစည်မှုပေတည်း။ စိတ်ထဲမှထိုသို့ပြောနေမိသည်။ သို့သော် ဆံဖျားများမှာ နဖူးပေါ်သို့ ပျံဝဲလျက်။ နှလုံးမှာ အလွန်ပင် ခုန်နေပြီး အသက်ရူသံများပင် ရိုင်းစိုင်းသွားသလို။ ဆင်ခြင်တုံတရား နှင့် ဆန့်ကျင်စွာ ခန္ဒာကိုယ်မှာ တောင့်တင်းပြီး မျက်တောင်ပင် မခတ်နိုင်။

“လွတ်လိုက်စမ်း” ဟုအော်၍ လက်ချောင်းများတွင် အားကုန်ထည့်လိုက်သည်။

“သတ္တိခဲလေးပဲကွ ကောင်လေးရ”

ကျွန်တော်လက်မောင်းမှာမူ အလွယ်တကူပင် ခါချခံလိုက်ရသည်။ ကံဆိုးစွာဖြင့် သူ့ကို ဆန့်ကျင်နိုင်သည့် အင်အားမရှိ။ Konan ကျွမ်းကျင်စွာပင် လက်တစ်ဖက်ထဲဖြင့် ကြယ်သီးနှစ်လုံး ဖြုတ်ကာ အိတ်ကပ်ထဲသို့ လက်လျှိုသွင်းလိုက်သည်။ ထုတ်လိုက်သည့်အခါတွင်တော့ လက်ထဲတွင် စာရွက်ခေါက်လေး။

“. . . စာရွက်ခေါက်လေးပါလား ဘာများရေးထားပါလိမ့်?”

သူ ဖာသာပြောရင်း ကျွန်တော်မှာတော့ စိတ်ကိုလျော့လိုက်သည်။ ထိုနောက် သေနတ်ကို နဖူးမှ ဖယ်လိုက်ကာ စာရွက်ခေါက်လေးကို ဖြန့်လိုက်ပြီး အသေအချာပင် ဖတ်ကြည့်နေသည်။ ကျွန်တော် အပေါ် ခွထိုင်ထားသော်လည်း သူစာဖတ်နေစဉ် ကျွန်တော်မှာ လှုပ်၍မရ။ စိတ်ပျက်စရာ ကောင်းလှသည်။

“အိုး အချိန်တွေ! ကုန်ပါတော့!” ဟု တိတ်ဆိတ်စွာ ဆုတောင်းမိသည်။

“နေပါဦး ဒီစာထဲက ‘နည်း’ ဆိုတာ ဘယ်သူရေးတာတုံး?” သူစာရွက်မှ မျက်လုံးကို ခွာ၍ ကျွန်တော်ကို ကြည့်လိုက်သည်။

“မသိဘူး” ဟု ခပ်ချဉ်ချဉ်လေသံဖြင့် ပြောလိုက်သည်။

“. . . ငါထင်တာ မလွဲဘူးပဲ” ဟု သူကျေနပ်သွားပုံဖြင့်

“. . . ပုံစံကြည့်ရတာ ဒါမင်းရေးတာ ဖြစ်မယ်ထင်တယ် ဟမ်” ကျွန်တော် တိတ်ဆိတ်နေလိုက်သည်။

“အစပိုင်းကတည်းက ငါထင်တာ ဒီစာက အရမ်းကို ယောကျာ်းလေး ဆန်တယ် သလိုပဲ ဒီတော့ ငါထင်တော့ထင်သား! ဒါပေမယ့် ဒီမှာရေးထားတာနဲ့ မင်းပုံစံနဲ့တော့ မကိုက်ဘူးကွာ ဟုတ်လား? မင်းဒီစာရေးတုံးက ဘယ်လိုနေလဲ? ရုပ်တည်ကြီးနဲ့ပဲ ရေးတာပဲလား!”

မှုန်ကုပ်ကုပ် ကျွန်တော်ကိုကြည့်ရင်း သူ့ဗိုက်ကို ကိုင်ကာ မျက်ရည်များပင်ကျ၍ ခန္ဒာကိုယ်မှာ မထိန်းနိုင်မသိမ်းနိုင် တုန်လှုပ်နေပြီး ထိုနောက်တွင်တော့

“ဟားဟားဟားဟားဟားဟားဟားဟာဟားဟားဟားဟားဟား!”

အသေရယ်ပါတော့သည်။ ကျွန်တော် ထိုသို့ လှောင်ပြောင်ခံရမည့် အဖြစ်မှာလည်း ကျွန်တော်အတွက် မထူးဆန်းပေ။

“. . .အား နေပါဦး အား ရယ်ရလို့ သေတော့မှာပဲ ! အား ငါဒီလို မရယ်ရတာတောင် ကြာပြီ ဒါကို ပြန်စဉ်းစားမိရင်း ရယ်ကို ရယ်ချင်မိနေတာ”

ရယ်သံများမှကြားမှ သူပြောလိုက်သေးသည်။

“အား မင်းကတော်တော်ထူးခြားတာပဲ။ ဒါလုံးဝ အသစ်ပဲ။ Nonomiya-kun လို မှုန်တေတေ ကောင်က ဘာမှမသိနားမလည်တဲ့ ကောင်မလေးတောင် ကြွေလောက်တဲ့ ရည်းစားစာမျိုး ရေးတယ်ဆိုတာ ငါလုံးဝ မထင်ထားဘူး . .”

ထပ်၍ သူထိန်းမထားနိုင်ပဲ အကျယ်ကြီး အော်ရယ်လေသည်။ စာရွက်ပေါ်မှာ ခေါင်းစဉ်သည်ကား

—“ဖွန်ကြောင်နည်း”

ဖွန်ကြောင်နည်း တွင် မိန်းကလေးများ၏ နှလုံးသားကို အရချူနိုင်မည့် ဖွန်ကြောင်ပုံ ကြောင်နည်း အဌာရသ ၁၈ ရပ်လုံးပါဝင်သည်။ စကားလုံးများမှ အလွန်ပင် ချိုသာ နူးညံလှသဖြင့် ပျားသကာဆမ်းထားသည့် သကြားရည်နှယ်။ ၎င်းမှာ အလွန်ပင်ထူးခြားဆန်းကြယ်လှသည့် အရာပင်ဖြစ်ပြီး စကားလုံးတစ်လုံးချင်ဆီကပင် ကျွန်တော်ကဲ့သို့ စကားလှလှများဒဏ်ကို မခံနိုင်သည့် ယောကျာ်လေးများပင် ပျို့အန်၍ အံဩမိမည် ဖြစ်သည်။ မိန်းကလေးများ ဆိုပါက ဆိုဖွယ်ရန်မရှိ။ ထိုမှ အန္တရာယ်များသည့် စာသားများကို ကိုယ်ဖာသာကိုယ်ရေးပါက တညလုံးအချိန်ကုန်သည့်တိုင်အောင် စိတ်တိုင်းကျမည်မဟုတ်။ အကယ်၍ ရေး၍ရသည် ဆိုသည့်တိုင်အောင် တသက်လုံး အမှားအယွင်း နောင်တတရားများဖြင့် အဆုံးသတ်နိုင်သည်။ ထိုကြောင့် တိုက်ပွဲဝင်စစ်သည်တော်များအတွက် ရည်ရွယ်ပြီး ထိုစာကိုဖတ်၍ မိနစ်အနည်းငယ်တွင်ပင် အလိုရှိရာ ရည်းစားစာ ရေးနိုင်မည်ဖြစ်သည်။

နောက်ဆုံးတွင်တော့ ကျေနပ်သည့် အပြုံးဖြင့် Konan ကျွန်တော်ကို အားနာသွားဟန်ဖြင့် “ဒီတော့? မင်းငါ့ကို ဒါကြောင့် ရပ်စေချင်တာလား?”

“ဒါဆိုရင် ကျေးဇူးပါပဲ”

သူကျွန်တော်ခေါင်းကို လက်ဖြင့် လှမ်းကိုင်ကာ မှီလိုက်သည်။ ကျွန်တော် အမြင်မှာ တဖြည်းဖြည်းမှောင်လာသည်။

“ဒီလို တဝက်တပျက်နဲ့ လက်လျော့ရိုးလားကွ!” ဟု၍ ခပ်ပြတ်ပြတ်ပင် ကြေညာလိုက်သည်။

“ဒါပေမယ့် ဒါက” ဟုစကာ ယုံကြည့်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။

“ဒါက ခင်ဗျားရဲ့ စုံထောက်အမြင်ပဲလေ မဟုတ်ဘူးလား?”

“. . . ဘာကိုပြောချင်တာလဲ?”

သူသိချင်လာသည်။ ထိုကြောင့် သူအမေးကို ဖြေရင်း သွားကိုဖြဲလျက်။

“အခု ခင်ဗျား အတော်လေးကို ကျေနပ်သွားတယ်လေ!”

ပြောချင်တာ သူပြောလိမ့်မည်။ သို့သော် သူ၏ ပန်းခြံကို ပထမဆုံး အကြိမ် ရောက်ဖူးသည့် ကလေးငယ်တစ်ယောက်လို့ မျက်လုံးများမှာ တောက်ပနေသည်။ ကျွန်တော် အမြင်မှာတော့ Konan သည် ကျေနပ်မှုများဖြင့် ပြည့်စုံနေသည်။

“ခင်ဗျာ ပျော်လို့မဝသေးဘူးလား?”

Konan သူ့မေးကို သူပွတ်လျှက် ခေါင်းတညိတ်ညိတ်။ သူ့ကို တရားမျှတမှုကို လိုလားခြင်း မရှိဟု ပြောစဉ်က ငြင်းပယ်ခြင်း မရှိ။ သူလိုချင်သည်က လူတွေ၏ ဆက်နွယ်ပတ်သတ်မှုပင်။ ထိုကြောင့် Konan အနေဖြင့် Tsukimori သတ်သည် ဖြစ်စေ ၊ မသတ်သည် ဖြစ်စေ ဂရုစိုက်လှသည် မဟုတ်။ သို့သော် အမှန်တရားကို ရှာဖွေခြင်းသည်က သူဝါသနာ သက်သက် ပင်ဖြစ်သော်လည်း ရည်ရွယ်ချက်တော့ မဟုတ်။ ထိုကြောင့် သူ့ရည်ရွယ်ချက်ကို တွေးမိသည်။ နောက်ဆုံးတွင် ကျွန်တော်တို့ နှစ်ယောက် ဆင်တူသည် ဟုယူဆသော်ကြောင့် ထိုအဆုံးသတ်ဖြင့်သာ ကြုံတွေ့မည်ဟု ထင်မြင်မိသည်။

“. . . အိုး မင်းအသာရသွားပြီ!”

Konan သေနတ်ကို ကျွမ်းကျင်စွာလှည့်လိုက်ပြီး အကျီအတွင်းရှိ သေနတ်အိတ်ထဲသို့ ထည့်လိုက်သည်။

“ရယ်လိုက်တဲ့ အချိန်ကစပြီး ငါရှုံးသွားတာပဲ။ အခုလို အကြီးအကျယ်ရယ်လိုက်တော့ ငါအားမရဘူးလို့ ပြောလို့ မရဘူးလေ”

သူမတ်တပ်ရပ်ပြီး လက်ကမ်းပေးသဖြင့် ကျွန်တော် လက်လှမ်းလိုက်သည်။

“အင်း ဒီအမှုကို လျှော်လိုက်ပါမယ်” ထိုနောက် မတ်တပ်ထနိုင်အောင် ထူပေးသည်။

“. . .ကျေးဇူး”

ကျေးဇူးတင်စကားမှာ အလိုလို ပြောထွက်မိသည်။ ကြည့်ရသည်မှာ ကျွန်တော် စိတ်သက်သာသွားပုံ။ ကျွန်တော်တို့ နှစ်ယောက် ဆင်တူသည် ဟု ယူဆခြင်းဖြင့် သူ့လုပ်ရပ်ကို နားလည်၍ မရ ဟု ပြော၍မရပေ။ သို့သော် ကျွန်တော် အနေဖြင့် သူ့ကဲ့သို့ စကားပြောကောင်းသည့်သူကို စကားဖြင့် အနိုင်ရရန် အလားအလာမရှိ။ ထိုကြောင့် သူ၏ ဖိအားဖြင့် တမင်တကာပင် အတွန်းလှဲခံလိုက်သည်။ ထို့သို့ ထူးခြားသည့်အခြေအနေများအတွက်ကျွန်တော် ဖွန်ကြောင်နည်း စာရွက်ကို ဝှက်ဖဲ အနေဖြင့် ပြင်ဆင်ခဲ့သည်။

ကျွန်တော် ရေးသည့်အကြောင်းမှာ လုံးဝထင်မထားနိုင်သောကြောင့်ဖြစ်သည်။ Konan ကို တစ်ခုခု အံဩရန်ဆိုလျှင် သူလုံးဝ မထင်ထားသော အရာဖြစ်ရမည်။ ထိုနောက် နောက်ဆုံးတွင် သူ့ကို လုံးဝထင်မထားသော အရာဖြင့်ပင် ရွက်လွင့်စေလိုက်သည်။ တမင်တကာပင် သူ့ကို ထိထိရောက်ရောက် မခုခံခဲ့။ ဝှက်ဖဲကို နောက်ဆုံးအထိ ကိုင်ထားချင်မိသည်။ ထိုအချက်ကို လုံးဝ လျှိုဝှက်ထားလိုသည်။ ထိုသို့စွန့်စွန့်စားစားမလုပ်ပါကလည်း အောင်မြင်ဖွယ်ရာ မရှိ။

“အိုး အချိန်တော့ကျပြီ ” ဟု Konan သူ့အဝတ်အစားများကို လက်ဖြင့်ခါလျှက် လှမ်းပြောလိုက်သည်။

“မင်းသိထားရမှာကတော့ ဒီကိစ္စက သတင်းထဲမှာတောင် မပါလှတဲ့ သိပ်ပြီးအရေးမပါတဲ့ကိစ္စ ၊ ရဲလို အဖွဲ့အစည်းတွေကတောင် ဒီလို ကိစ္စမျိုးတွေအတွက် အချိန်ကုန် ငွေကုန်၊ လူပင်ပန်းခံပြီး လုပ်ရမှာကို ရှောင်ရှားတယ်ကွ။ မင်းသိပါတယ် ဒါကို ဖြေရှင်းလို့လည်း ဘယ်လောက်မှ ထူးလာတာမှမဟုတ်တာ”

“အင်း စီးပွားရေးလုပ်သလိုပဲနော်”

ကျွန်တော်လည်း သူ့အတိုင်းပင် ယူနီဖောင်းကအကျီကို လက်နှစ်ဖက်ဖြင့် ဖုန်ခါလိုက်သည်။

“ဟုတ်ပ ဒီလိုမျိုးတွေးမိလိုက်တာနဲ့ ကိုယ်ကိုယ်ကို ရုံးအလုပ်လုပ် လုပ်နေရသလိုပဲ”

သူ ထောက်ခံသဖြင့် ခေါင်းညိတ်လိုက်သည်။

“အင်း ပြောချင်တာက ငါလည်း ကိစ္စသေးသေးလေးနဲ့ အမြဲတမ်း အချိန်ကုန် မခံနိုင်ဘူး။ အားလုံးက ဒါကြီးကို လက်ခံရင်လည်း ငါ ပြောချင်တာ ငါလုပ်တယ်နိုင်ကွ ဟုတ်တယ်မဟုတ်လား ဒါကြောင့် အမှုအကြီးကြီးတွေကို ငါ့ကို လိုက်စေချင်တာ!”

ထိုနောက် စာရွက်ကို ခေါက်လိုက်ပြီး မသိမသာဖြင့် သူ့အင်္ကျီထဲသို့ ထည့်လိုက်သည်။

“ဟေ့ ခင်ဗျားအင်္ကျီထဲ မထည့်လိုက်နဲ့လေ!” အလောတကြီးတားလိုက်သည်။

“ဟမ်? ဘာလဲ? ဒါငါ့ဟာလေ မဟုတ်ဘူးလား?”

“ဘယ်ကလာ ကျွန်တော်ဟာဗျ ပြန်ပေး”

“လုံးဝပဲ”

“ခင်ဗျားယူရအောင် ဘာမှလည်းဟုတ်တာမဟုတ်ဘူး ဟုတ်လား?”

“ဒါက ငါ့အချိန်ကုန်ခံရှာတွေ့ခဲ့တဲ့ အဖိုးထိုက်ရတနာပဲလေ။ မင်းနဲ့ပတ်သတ်ပြီး အမှတ်တရပေါ့။ ဒီစာရွက်ကို အချိန်ရတိုင်း ဖတ်ကြည့်ရင်း မင်းနဲ့ ငါတို့ အတူပျော်ခဲ့တဲ့ ရက်တွေ ပြန်တွေးလို့ရတာပေါ့”

“ဒါလိမ်တာ ကျုပ်ကို သောက်ခွက်ပြောင်မလို့ပဲ ဖြစ်ရမယ်!”

“အိုး လူမိသွားပြီ”

သူအမြဲတမ်း ခြောက်လှန့်၍ မရသဖြင့် သက်ပြင်းမချပဲ မနေနိုင်။

“ထားလိုက်စမ်းပါကွာ! ဒါလည်း ကောင်းတာပဲ မဟုတ်လား? စာရွက်တစ်ရွက်နဲ့ပဲ ငါနောက်ဆုတ်သွားတယ်ဆိုတာ! ဒီလောက်ကောင်းတယ် ဘယ်ရှိဦးမလဲ!”

“စာရွက်ကြောင့်မဟုတ်ဘူးဗျ။ စိတ်ထဲပြန်တွေးပြီး လန့်မိလို့”

“ယောကျာ်လေးပီပီ ဒါမျိုးလေးတွေလည်း ရှိဦးမှပေါ့ကွာ”

Konan ခပ်ပျော့ပျော့ပြုံးလိုက်ပြီး ဆေးလိပ်မီးညှိလိုက်သည်။

” . . . ငါ တခါတွေးဖူးတယ် ငါများ လူတွေကို အနှောင့်အယှက် ဖြစ်နေမလား ဆိုပြီးပေါ့ ဒါပေမယ့် ဒါကြောင့်ပဲ ကိုယ့်ရဲ့တန်ဖိုးတွေ ဝါသနာတွေကိုမပြောင်းပစ်သင့်ဘူးလေ မဟုတ်ဘူးလား?”

ထိုတစ်ခေါက်တွင်တော့ ကျွန်တော် Konan နှင့် သဘောတူညီမိသည်။

“လူတွေက ဘဝမှာ တစုံတခုကို ရွေးရမယ် ဆိုပြီးပြောတာ ငါအထင် ဒါလိမ်တာပဲ အနည်းဆုံး ငါ နောက်တစ်ခုကို ရွေးလို့မရတော့ဘူးပေါ့။ တခုခုကိုရွေးချယ်လိုက်တယ် ဆိုတာက မင်းလုပ်သမျှ အားလုံးကို ပစ်ပြီး ကိုယ်ကိုယ်ကိုပြောင်းလဲဖို့ ကြိုးစားရ​တော့မယ်။ မဟုတ်ဘူးလား? ငါလက်ရှိငါကိုပဲ သဘောကျတယ် ဒါကြောင့် ငါ လက်ရှိအတိုင်းပဲ နေမှာပဲ ”

ထိုနောက် သူနှင့်လိုက်ဖက်လှသော မထီတရီအပြုံးဖြင့်

“ကျွန်တော် အသိတစ်ယောက်လည်း ဒီလိုပြောဖူးတယ် လောကကြီးက သောက်တလွဲဖြစ်နေတော့ ဒီသောက်တလွဲစည်းကမ်းတွေကို မလိုက်နာသင့်ဘူးဆိုတာ”

“အိုးဟိုး ငါတို့ သဘောထားချင်းတူလိုက်တာ”

“အင်း ဟုတ်ပ အဲဒီအစ်မကို ကျွန်တော် သေချာမသိပေမယ့် ခင်ဗျားဆိုရင်တော့ သဘောကျလိမ့်မယ်”

“မိန်းကလေးလား”

“အင်း”

“ဝိုးဟိုး ငါကို့ တနေ့တော့ သေချာပေါက် မိတ်ဆက်ပေးဦး”

“အချိန်ရခဲ့ရင်ပေါ့”

“စကားမစပ်”

“ဟုတ်?”

“__ ဘာလဲကွ? ဘာငါ့ကို ဖုံးကွယ်ထားတာလဲ?”

သူ့ကို မဖြေနိုင်။ Konan ကိုယ်တိုင် ဒီကိစ္စကို လက်လျော့လိုက်ပြီပဲ။ သူ ကတိကို ချိုးဖောက်မည်တော့မဟုတ် သော်လည်း ကျွန်တော် ထိုလူသတ်နည်းနှင့် ပတ်သတ်၍ မည်သူကိုမှ အသိမပေးချင်။ သို့သော် Konan ကျွန်တော် ဆံပင်ကို လှမ်းဖွလိုက်သည်။

“ဆောရီး ထားလိုက်တော့ ခုနက ဘာရယ်မဟုတ်ဘူး မေးလိုက်တာပါ”

သူဆေးလိပ်ငွေ့များမှာ ကတ္တရာလမ်းမပေါ်သို့ ထိုးဆင်းသွားသည်။ ရထားလမ်းမှ အသံတဖြည်းဖြည်းမြည်လာပြီး လှိုဏ်ခေါင်းတစ်ခုလုံး တုန်လှုန်လျှက် ကျန်သော အသံများကို ရုတ်သိမ်းလိုက်သည်။ ထိုအချိန်တွင် တခြားအသံများ မကြား၊ Konan မှာတော့ ဆေးလိပ်ကို မှိန်းသောက်နေပြီး ကျွန်တော် အကြည့်မှာလည်း အဝေးတနေရာဆီသို့။ နောက်ဆုံးတွင် သိမ့်သိမ့်တုန်လှုပ်သည့် အသံကို ပေး၍ ရထားမှာ ဖြတ်သန်းသွားသည်။

“ကံကောင်းပါစေ Nonomiya-kun မင်းနဲ့ အချိန်တိုလေးသာ သိရပေမယ့် တကယ်ပျော်ဖို့ကောင်းတယ်!”

ထိုသည်က ပထမဆုံးကြားရသည့် စကား။

“ကျွန်တော်လည်း. … .ဒီနေ့တွေမှာ အတော်လေးပျော်ရပါတယ်”

“တကယ်?! အိုးချာတိတ်. . . ” ဟုပြော၍ ထွက်ပေါက်ဆီသို့ အေးအေးဆေးဆေး လျှောက်သွားသည်။ သူ့နောက်ကျောကို တိတ်ဆိတ်စွာကြည့်နေစဉ် လက်လှမ်းပြလေသည်။

“. . .အား တခုတော့ ပြောပါရစေ ” အပေါက်ဝအနီးတွင် ခြေလှမ်းများကို ရုတ်တရက် ရပ်လိုက်သည်။

“ကျေနပ်တယ် ဟုတ်လား သောက်တလွဲ ငါမကျေနပ်ဘူး! ဒီထက်ပိုပြီး မင်းနဲ့ Youko-chan နဲ့ကို ကစားချင်သေးတာ!”

သူပုံစံမှာ နွေရာသီကျောင်းပိတ်ရက် မပြီးဆုံးချင်သေးသည့် ကျောင်းသားတစ်ယောက်လို။ ထိုကြောင် ကျွန်တော် ပင် ရယ်မိသည်။

“အိုး ချာတိတ်. . .!”

“ဂွတ်ဘိုင်”

“ဟုတ်!”

တသက်လုံး ခွဲခွာရမည် မဟုတ်သော်လည်း အချိန်အတော်ကြာတော့ တွေ့ရမည်တော့ မဟုတ်။ တမြို့ထဲတွင်နေသော်လည်း သူနှင့်တွေ့ဖို့ အခွင့်အလမ်း များလှသည် မဟုတ်။ ကျွန်တော်တို့ သည် ကံအကြောင်းပါ၍သာ ခဏတွေ့ဆုံခြင်းဖြစ်သည်။ ထိုသည်က အသက်အရွယ်၊ အနေအထား ကွာခြားလှသည့် Konan နှင့် ကျွန်တော်တို့၏ ဆက်ဆံရေး။

“အား! ငါမေ့တော့မလို့__”

သူ ရုတ်တရက် လှည့်လိုက်ကာ ရှုတည်တည်ဖြင့်ကြည့်လိုက်သည်။

“တကယ်တော့ ငါက ယောကျာ်လေးရော မိန်းကလေးရော သဘာကျတယ်ကွ”

“. . . . . . အမ်?”

သူလက်လှမ်းပြကာ “ဘိုင့်!” ဟုနှုတ်ဆက်ပြီး အလင်းရောင်ထဲတွင် တိုးဝင်ပျောက်ကွယ်သွားသည်။

“. . .နှစ်ဖက်ချွန်? သောက်ခွက်လာပြောင်မနေနဲ့ဗျာ!”

သေချာသည်က သူတမင်တကာ မျက်ခွက်ပြောင်နေခြင်းပင် ဖြစ်ရမည်။

“တကယ် သောက်တလွဲ” ကျွန်တော် ခေါင်းကို ခါမိသည်။

မိမိကိုယ်ကိုယ် ဒါ နောက်နေတာ ဖြစ်ရမည့်ဟု ယုံကြည်ချင်သော်လည်း အကယ်၍ တကယ်ဖြစ်ပါက မည်သို့လုပ်ရမည် မသိ။ Konan တစ်ယောက်တော့ တလွဲတချော်နိုင်စွာ အဆုံးသတ်သွားသည်။ ဘဝတသက်တာတွင် ထိုကဲ့သို့ လူမျိုးကို မတွေ့ဖူး။ ကမ္ဘာပေါ်တွင် ထိုလူမျိုး ခပ်များများ ရှိမည် မဟုတ်။ ထိုကြောင့် ထိုလူမျိုးနှင့် နောက်ထပ်တွေ့မည်မဟုတ် ဟု ယူဆမိသည်။ ထို​ကြောင့် နှုတ်ဆက်ရသည်ကို အနည်းငယ်ပင် စိတ်မကောင်းဖြစ်မိသည်။ လက်လှမ်းပြပြီးနောက် နောက်ပြန်လှည့်ကာ ဆန့်ကျင်ဘက်အရပ်တွင်ရှိသည့် ထွက်ပေါက်သို့ လျှောက်လာခဲ့သည်။ အပြင်ထွက်လိုက်သည်နှင့် တပြိုင်နက် ကျွန်တော် စိတ်ထဲတွင် သူမ မှတပါး အခြားမတွေးမိ။